۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ပျက်စီးစပြုနေတဲ့အိမ်

ပျက်စီးစပြုနေတဲ့အိမ်
______________
[၁]

သွေးတွေစီးကျနေတဲ့တိုင်းပြည်ပေါ်
မျက်ရည်တွေ မိုးနဲ့အတူရွချနေလေပြီ။
ကပ်ဆိုးတွေ ခဏခဏဖျက်စီးနေခံကမ္ဘာဟာ
လုံလောက်မှုနည်းပါးလွန်းတဲ့စိတ်တွေကြောင့်
ကမ္ဘာမြေဟာ အိုမင်းယိုးယွင်းနေလေပြီ။
သူတမင်းငါတဖုံ တူတူခြုံလွှာကိုပိုင်းဖြတ်ပြီး
နှိုင်းတတ်တဲ့ ရိုင်းတတ်တဲ့ ဖောက်ပြန်မှုတွေဟာ
ပျော်ရွှင်ခြင်းကို အားနည်းစေလာတယ်။
အဟာရတွေ ရှားပါးနေတဲ့ခေတ်ဟာ
အဟာရအတွက်နဲ့ ညီမျှခြင်းတွေချိုးဖျက်ပြီးမှ စားသုံးလာတတ်ကြတယ်။
ပျက်စီးစပြုနေသောအိမ်မှာ
ညီအကိုမောင်နှမတွေ ထိမ်းသိမ်းစောင့်ရှောက်ပါ။
[၂]
မိမဲ့ဘမဲ့တိုင်းပြည်ဟာ မေတ္တာတရားကို သေနပ်တစ်လက်ထဲထည့်ပစ်
မိမဲ့ဘမဲ့တိုင်းပြည်မှာ လက်နက်မျိုးစုံထဲ ပန်းတွေပွင့်မလာတော့အချိန်
*ကွမ်းသီးကို မေတ္တာသုတ်ရွတ်ပြီး ခွဲစိတ်လို့မရ
ကွမ်းညှပ်နဲ့သာခွဲစိတ်ပစ်ပါ*
စကားစုအချိုလဲဖတ်ရ
အတ္တတွေပြည့်နက်လာတဲ့ ကိုယ်ခန္ဓာတွေက
လက်နက်ကို စိတ်လွတ်ကိုယ်လွတ်သုံးစွဲနေလေပြီ။
ဆုတောင်းသံတွေကြား ထုထောင်းခံဘဝတွေ
ဘာတွေကြောင့်ကံဆိုးခံရသလဲ
ရင်ဘတ်တွေအောင့်သက်သက်
သွေးသံစက်လက်နဲ့ပုံရိပ်တွေ ဟာ
ပျက်စီးစပြုနေတဲ့အိမ်မှာ အလှပဆုံးပန်းချီကားမဟုတ်ဘူး။
[၃]
ငါတို့ နိုးထလာလို့ ရေသောက်နေချိန်
သူတို့တတွေ
ငါတို့ ထမင်းဟင်းတွေကောင်းကောင်းစားနေချိန်
သူတို့တတွေ
ငါတို့ ကောင်းကောင်းအိပ်စက်နေချိန်
သူတို့တတွေ
ငါတို့ စကားတွေအကျယ်ကြီးပြောနေမယ်
ငါတို့ ကဗျာတွေအများကြီးရေးနေတယ်
ငါတို့မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး နေနေတယ်
သူတို့တတွေ
သူတို့တတွေ
ငါတို့ဘာတွေ တည်ဆောက်ပေးနိုင်မလဲ
ပျက်စီးစပြုနေ ပျက်စီးစထက် ဖျက်စီးခံအိမ်တွေအတွက်
ဆုတောင်းသံလောက်ဖြင့်သာလား။
စောနေသွေး
AUG 26-2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခေတ်(၁/၁၀)

ခေတ်(၁)
_____
တခစ်ခစ်ရယ်မောဖို့
ဟန်ပြ စံပြနေတဲ့နေရာတွေ
မာန်ပြခြင်းတခုခုနဲ့
သုံးစွဲထားတဲ့စကားလုံးတွေ
မင်းကိုချစ်တဲ့အကြောင်း
မင်းမိတ်ဆွေတွေခေါ်ပြီး
ကော်ဖီနဲ့ဘီယာကို ကြမ်းခင်းပေးလိုက်တယ်
ပါးစပ်ကမတိတ်သေးဘူး
ခရုပြုတ်တွေစားပါ လိပ်သဲခြေလေးစားပါ
အမြည်းဆိုတာ ပါယုံတမြည်ပေါ့
ရော့သောက်
မေတ္တာတရားတွေကိုထန်းလှီးဓါးနဲ့ပါးပါးလှီးပြီး
အရည်တွေထွက်စေထားတယ်
တကယ်တော့
ဒါဟာ ချွေးစတွေ
ဒါဟာသွေးစတွေ
မြန်မာနိုင်ငံတော်နေကောင်းဖို့
အမလေးတော် အာမေဋိတ်က အမေသုံးလေးဆက်လောက်ဘဝကူးသွားတယ်
သားကြီးရေ ထမင်းစားလို့ရပြီတဲ့
လက်ဆေးစားရုံလောက်ချမ်းသာပြီးသားပဲဆိုတော့
သာယာတာပေါ့
အင်တာနက်မှာ နာမည်ကြီးနေတာ သားလား
အာအမေကလဲ ဟုတ်စရာလား
ဖောလိုး တသိန်းကျော်မှ နာမည်ကြီးတာအမေရ
ဖောလိုးကဘာလဲဟဲ့
ပြောတတ်ပါဘူးအမေရာ
ထမင်းမစားခင် ထမင်းကိုဂုဏ်ပြုတေးဆိုဖြစ်ကြ
ခေတ်နဲ့ စားသုံးထားတဲစကားလုံးတွေကိုတလုံးချင်း
ကူးခတ်လိုက်တော့
ဘက ဆိုတဲ့နေရာများများကို တရားရုံးပို့လိုပို့
၂၂၇ဆိုတာလေးလွယ်လွယ်ကော်ပီယူပြီဒါလားဆိုပြီး
ပြောလိုပြော
ခေတ်ပေါ့
ပေါ့နေတဲ့ခေတ်
ခေတ်ကို သေချာပြန်ဆန်းစစ်ပေါ့
ကွဲပြားစွာ
ခြားနားစွာ
ကုသိုလ် အကုသိုလ်ပဲ။
______________
စောနေသွေး
မေ၂၃၂၀၁၇
_________
ခေတ် (၂)
____
အမေကမနက်စောစောထစေတော့
ဘုရားရှိခိုး ကြေးစည်ထုပေါ့
မေတ္တာတော်အနန္တ မမျှတမျှ အမျှဝေပေးလိုက်ရတယ်
လူကတော့ အိပ်ချင်မူးတူး
ဆွမ်းခံကြွလာတယ်ဟဲ့
ဟုတ်ဆိုပြီး သပိတ်ထဲ ဆွမ်းပြေးထည့်လိုက်တယ်
ကိုယ်တော်ကပြုံးနေရှာတယ်
လူကတော့ အိပ်ချင်မူးတူး
ညနေ ပန်းတခုခုနဲ့
အမေပြန်လာတော့
ရော့သား ကျောင်းတက်ပြီး ဘုရားပန်းလဲခဲ့
လဲဖြစ်ပါတယ်
လူကတော့ အိပ် ချင်မူးတူး
သီလယူမိတဲ့ဥပုသ်နေ့မှာ
ဆရာတော်ရဲ့
စကားကြားရသည်မှာ
ခေတ်ဆိုသည်မလား
ခေတ်သစ် ပျိုမေတို့
ခေတ်သစ် လူတန်းစားလေးတွေအကြောင်း
ခေတ်က ဘုရားမျက်နှာပေါ် ဖိနပ်စီးလာတဲ့အကြောင်း
ဖာသိဖာသာက ဘာသာကိုထိချက်တွေလှိုင်းပြင်းလာနေတယ်
အဲဒါခေတ်ပဲ။
စောနေသွေး
မေ၂၃၂၀၁၇
______
ခေတ် (၃)
_______
ကြွားဝါခြင်းနဲ့တည်ဆောက်တတ်တာဟာ
လောကမှာ အထင်ကရလိုလို
တထေရာထဲလို့ စကားကို သုံးစွဲသွားရင်
ညှာတာ ညာတာ မျက်နှာလို မျက်နှာရ ဖားမပေးတတ်တာလဲ
မိန်းမဆန်တဲ့အပြုအမူတွေကိုရှက်လို့
ရှက်ဖူးလားကြောက်ဖူးလားဆိုတဲ့လောကဓံက
သတ်ပုံသိပ်မှားနေတယ်
ကဗျာစာသားကို အဓမ္မကျင့်ပြီးမွေးလာတဲ့အက္ခရာတွေတဖွားဖွားပွင့်နေတာ
ပင်လယ်ကို ကြောက်
ကျင်လည်မှာကြောက်
အကုသိုလ်တပိုင်းတစလောက် ဘွဲ့မရခဲ့တာများ
ခေတ်ကို ခေတ်တတ်နေသေး
မိတ်ဆွေ
မျက်နှာမငဲ့တတ်တဲ့ မျက်နှာများများဟာ
ကဗျာကိုလေးစားတတ်သူပဲလို့
ခင်ဗျားသူငယ်ချင်းကထုတ်ဖေါ်ပြောကြားလေတယ်
ကျုပ်တို့ကဆရာ့ဆရာတွေပဲ
လာမယှဉ်နဲ့
ဘွဲ့က ကမ္ဘာဦးကစရခဲ့တာ
ကဗျာဆို ကဗျာနဲ့ ကဗျာကိုကမော်ဒယ်
အက္ခရာသီချတိုင်းကဗျာမဟုတ်သလို
ကဗျာတိုင်း အက္ခရာမဟုတ်တာ ခေတ်ကလေးတွေသိစေ။
__________
စောနေသွေး
မေ၂၄၂၀၁၇၁း၄၇
_____________________
ခေတ်(၄)
____
ငါးနှစ်ကြာမှပြန်တွေ့ရတဲ့ရည်းစားမှာ
ကလေးတယောက်မှမရှိသေးပါဘူး
လှတုန်း ပတုန်း နုပျိုတုန်း
ပဉ္စလက်မြန်မာနိုင်ငံကို မြန်မာစကားပြောဖို့
မြန်မာအဘိဓာန်တွေ မြန် မြန် သိုသိတ်နေမိသူ
ဝတ်ထားတဲ့ အဝတ်က ခေါင်းမကျပန်းမကျ
လိမ်းထားတဲ့သနပ်ခါးက မြန်မာ့ဟန်ကို ပျက်ရည်ပြုနေသလို
ငါပြောလိုက်တယ်နင့်ဟာကလဲ
နိုင်ငံခြားသူဆိုလဲ သူလိုက်ပေါ့ကွယ်ပေါ့
ပြုံပြလာတာကတော့မြန်မာစစ်စစ်ပဲမေတ္တာစေတနာပါတဲ့အပြုံး
ခေတ်ကိုဆက်စို့
ခေတ်ဆိုတာ ခေတ္တလားလို့မေးတော့
ဆရာတော် ဘုရားတို့စီ အပြေးနှင်ရ
ကြားကာလမှမွေးတဲ့ကလေးနဲ့မိဘ
စာတိုပတ်တိုပုံစ ဘယ်မှာရှာရပ
ပြောပြလိုက်တာ ငါးရာ့ငါးဆယ်နိပါတ်တော်နဲ့ လောကနီတိကိုကြေစေ
ဒါဆိုခေတ်လို့ရပြီ။
_________
စောနေသွေး
မေ၂၄၂၀၁၇
_______________
ခေတ်( ၅)
_________
တွေ့ခဲ့တဲ့အရာတိုင်း
သြကာသ ကန်တော့ကျိုးဖြင့်ရှိခိုးနေရတဲ့ကာလမှာ
ကာလဒေသ ကြည့်ပြီး
သူငါသတ္တဝါ တစ်ခုတစ်ကောင်တစ်ယောက်နဲ့
လောင်မြိုက်နေတဲ့ကျုပ်တို့နိုင်ငံတော်မှာ
ဘာသာရေးအားနည်းနေတာမဟုတ်
ဘာသာရေးအားက လွန်ကိုနေတာ
ဘွဲ့ရပညာတတ်တယောက်အတွက် လုပ်ငန်းတခုခုအကျိုးပြုစေတယ်
သာသနာ့ဝန်ထမ်းတွေအတွက် အကျိုး လောကီ လောကုတ်
အထုပ်ပိုက် အိပ်ငိုက်နေတဲ့ကလေးသားလေးတွေ
လူကြီးနဲ့ လူထဲကိုကြီးပြနေတဲ့ အရိပ်သုံးပါးမသိတွေ
နားနဲ့ဆတ်ဆတ်ကြားရတဲ့ မိရယ်ဘရယ် သားသမီးတွေရယ်
ပြောရဲဆိုရဲ ကာလတခုက ပြောရဲလုပ်ရဲကိုင်ရဲ ဇာတ်ကို နာကျင်ခဲ့ကုန်ပြီ
အားလုံးစာဖတ်နည်းသွားတာလဲ အားလုံးစာဖတ်နည်းသွားလို့ပဲ
အပစ်ကတော့အပစ်ပဲ ပစ်သတ်နေတဲ့ ကျည်ဆံတွေကပန်းလိုပွင့်နေတယ်
ကလေးမိဘတွေက ဆရာကိုတိုင်
ဆရာဒကာတွေက ကျောင်းထိုင်ကိုတိုင်
တိုင်ခြင်းတောခြင်းကိစ္စဆိုတာ ရှက်စရာပဲ
ငယ်ငယ်ကကျောက်သင်ပုန်းပေါ်က ဆုံးမစာတွေ သူတို့အိပ်မက်ထဲနေ့တိုင်းထည့်မက်ခိုင်းချင်တယ်
အန္ဓိ ဘူတော အယံလောကော။
___________
စောနေသွေး
မေ၂၄၂၀၁၇ ၁၀း၂၀pm
ခေတ် ( ၆)
___________
မအေးသောင်းနဲ့စကးစမြည်
မအေးသောင်းဟာ ဘာသာသာသနာနဲ့
ယုံ့ကြည်မှုအပြည့်
ပရဟိတ တခုခုကိုအတ္တဟိတလိုသဘောထားသူ
မအေးသောင်း လုပ်ဆောင်သမျှ ကောင်းရာသုဂတိလားစေကြ
ဘုရားအရှင်လတ်လတ်က ငါ့တို့နဲ့ဆုံခဲ့ရင်
ငါတို့ဒီလောက်ပါရမီဖြည့်စရာမလို
မအေးသောင်းရဲ့ညွှတ်ကွင်းနဲ့
ပုထုဇဉ်တွေအောက် ခဏခဏခိုအောင်းနေရတာ
မအေးသောင်းကိုအပစ်မဆိုပါ
ကဗျာဆရာတွေပေါတဲ့ခေတ်
ကဗျာ ဆရာမတွေပေါတဲ့ခေတ်မှာ
သက်သတ်လွတ်စားနိုင်တာ ကဗျာဆရာကြီး
ငါပဲရှိတာ ဟဟ ဒါပဲဆိုတာ သူပဲပြောမှာ
စကားလုံးတွေတအားပွင့်နေတယ်
ဘုရားပွင့်ဖို့ ငါတို့ဆုအဖြစ်ကုသိုလ်လုပ်ရအောင်မအေးသောင်း
သုခချမ်းသာကျန်းမာပါစေ မအေးသောင်း။
စောနေသွေး
မေ၂၄၂၀၁၇ ၁၁း၄၆
ခေတ်(၇)
_______
ကဗျာ
ဆရာ
ဆရာ
ကဗျာ
သီသန့်လေးနေပေးပါလား
နှုတ်ခမ်းတစုံကြောင့် ကဗျာဆရာမဖြစ်ပါနဲ့
ဗိုက်သားချပ်ချပ်လေးကြောင့် ကဗျာဆရာမဖြစ်ပါနဲ့
လေးစားမှုလေး နာခံလိုက်ပါ
ကဗျာဆိုတာ ထပ်လေ့လာဖို့လိုသေးတယ်
ကိုယ်ဟာကိုယ်ပြောတာ
ခံစားတတ်စမ်းပါ
သီးခံတတ်စမ်းပါ
မိန်းမရှိနေတဲ့ကဗျာမှာ ကဗျာမခေါ်ဘူးလို့ပြောနိုင်တယ်
________
စောနေသွေး
မေ၂၅၂၀၁၇ ၁၃း၃၀ am
________
ခေတ် (၈)
________
အန္ဓိ ဘူတော အယံ လောကော။
ခေတ်ဟာ ဒီလောက်နဲ့လုံလောက်တယ်။
__
စောနေသွေး
မေ၂၅၂၀၁၇ ၁၂း၄၇Am
____
ခေတ်( ၉)
______
တွဲလက်ညီ
ဆွဲလက်ညီ
စာပေကိုပေတေ ချစ်မြတ်နိုးသူ
ကဗျာစသည် စာပေ
ပေတေပြီးချစ်မြတ်နိုးသူသည်
ခေတ်အရ ခေတ်ကို ချစ်မြတ်နိုးသူ ဖြစ် သည်
ခါးသီးတာထဲက ချိုမြိန်ချင်းက ခါးသီးတယ်
ကြိုက်လို့ ခါးသီးစွာပဲ။
'_________
စောနေသွေး
မေ၂၅၂၀၁၇ ၁ ၀၅အေအမ်
___
ခေတ်(၁၀)
___________
အနိစ္စာဝတသင်္ခါရာ
ပြိုကျကုန်ကြ
ရုပ်ကလပ်အစုတွေနဲ့
ရုပ်နာမ် ယုတ်နံနေတာများကိုသတိသံဝေဂထားကြည့်မိတော့
ဆေးရုံနဲ့ သင်္ချိုင်းမှာစီကားသိုက်မြိုက်နေတယ်။
ငါသည်၎င်း သူသည်၎င်း
အခေါင်းထဲမီးနဲ့စွဲသွားအောင် ခဏခဏရှို့မိနေတာဟာလဲ
ငါသည်လည်း
သူသည်လည်းပါပဲ။
ပစ္စုပ္ပန်တခုနဲ့ အနာဂတ်ကိုပုံဖေါ်ရင်း
အနာတရစိတ်နဲ့ ဇောကပ်လောက်တဲ့ ချွေးတွေ
သွေးတွေ နေနားထားစမ်းပါ
ငါသူတစ်ပါးယောကျာ်းမိန်းမနဲ့
ခုခေတ်ခံ ဆုအဖြစ် မေတ္တာဘာဝနာပွားပါ
သွားပါ ကျောင်းတော်ကို
သွားပါ ဘုရားစေတီကို
ဘာမှမဟုတ်ဘူးလို့တွေးရင်တောင်စိတ်အေးချမ်းပါလိမ့်မယ်
ယုံကြည်မှုများများနဲ့ သွန်း လောင်းထားတဲ့နေရာမှာရွှေချပါ
ညှာတာမှုများနဲ့ထုဆစ်ထားသည့်နေရာမှာ စွန့် ကြဲပါ
သဒ္ဓါပေါ်ပေါက်သည့်နေရာမှာ လှူဒါန်းပါ
မိရိုးဖလာ မိရိုး ဗလာမဟုတ်စေနဲ့
ခေတ်နဲ့ ခေတ်က ကောင်းခန်းနဲနေတယ်။
_______
စောနေသွေး
မေ၂၅၂၀၁၇

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စီးကရက်မလေးကိုမုန်းမိချင်တယ်

စီးကရက်မလေးကိုမုန်းမိချင်တယ်
______________________
စီးကရက်မလေးရေ
အရွယ်စုံလူတန်းစားကြား
ကျော့ကျော့လေးကော့ထားရတဲ့
နင့်ဘဝလေးရဲ့နေရာမှာ
ငါဟာ သနားစွာ နမ်းရှိုက်မိပါသေးတယ်။

စီးကရက်မလေးရေ
လမ်းမ/လမ်းသွယ်ကြားမှာ
ဘီယာဆိုင်ထဲမှာ
လဘက်ရည်ဆိုင်တွေထဲမှာ
ကွမ်းယာဆိုင်တွေနားမှာ
နင့်ကိုတစိုက်မတ်မတ်ပွေ့ဖက်နမ်းရှိုက်နေလိုက်တာများ
နင့်ခံစားမှုလေးကိုကြင်နာမိပါသေးတယ်။
စီးကရက်မလေးရေ
ဆိုဖာပေါ်မှာ ခပ်ဆွဆွလေး
ကြမ်းပြင်ပေါ်မှာလဲ ပရမ်းပတာ
နင့်ဘဝတိုတောင်းသွားချိန်လေးတောင်
နင်ဘဝ ကို ချိုးနှိမ် ချေမွလိုက်ကြသေးတယ်။
စီးကရက်မလေးရေ
နင်ရဲ့ဈေးကွက်က မြင့်သထက်မြင့်လာတာ
လူတွေရဲ့အကြိုက် လူတွေရဲ့စရိုက်ထဲ
နင့်ကိုယ်လေးကို ပွေ့ဖက်နမ်းရှိုက်ခြင်းကိုစွဲနေဖို့
ဆွဲဆောင်မှုတခုခုများ ပါလေရော့သလားဟင်။
စီးကရက်မလေးရေ
ထမင်းစားပြီးလဲနင်နဲ့အတူတူ
ရေသောက်ပြီးလဲနင်နဲ့အတူတူ
ကော်ဖီသောက်တိုင်းလဲနင်နဲ့အတူတူ
အတူ
တူ
နမ်းရှိုက်ခဲ့မိတယ် စီးကရက်မလေးရယ်။
စီးကရက်မလေးရေ
ငါ့အိပ်ယာခင်းတွေ
ငါ့ခေါင်းအုံးတွေ မင်းရနံ့တွေစွန်းထင်နေတယ်
ငါ့အခန်းတခုလုံးလဲမင်း အခိုးအငွေ့တွေလွင့်ပျံဆဲ
စီးကရက်မလေးရယ်။
စီးကရက်မလေးရေ
အခါအားလျော်စွာနင်လဲလမ်းခွဲဖို့
ဆုံးဖြတ်ခဲ့တဲ့ညမှာ
နေမသိထိုင်မသာ ဘာသိဘာသာမနေတတ်မထိုင်တတ်
နင့်ကိုချစ်ပေမယ့်
နင့်စရိုက်နင့်အမိုက်တွေကိုမုန်းမိချင်တယ်
နင့်ကိုမုန်းမယ်
နင့်ကိုမုန်းတယ်
လမ်းခွဲခွင့်ပြုပါ စီးကရက်မလေးရယ်။



စောနေသွေး
JUNE14-2017 10:56PM

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ညဟုခေါ်သည်

ညဟုခေါ်သည်
___________

(၀၁)

ရွှေအိုရောင်ကောင်းကင်တခုလုံးကို
မဟူရာခြုံလွှာပါးပါး ဖုံးလွှမ်းချလိုက်တော့
ညဆိုတဲ့နိဒါန်းလေးမှာ
ကြယ်ရောင်လေးတွေ တဖိတ်ဖိတ်
တိတ်ဆိတ်မှုအောက်မှာ အရိပ်လေးတွေ တမှိတ်မှိတ်နဲ့
ညရဲ့အလှဟာ
သဘာဝတရားနဲ့ထုဆစ်ထားတာတွေ့ရတယ်။

(၀၂)
တွေးလက်စ အတွေးကို ခပ်ရေးရေးလေး
ခြယ်သမိတဲ့ ပန်းချီကားတချပ်ရဲ့နောက်မှာ
အဆက်စပ်မဲ့ ဆေးသားပြယ်တချို့တဝက်
အိပ်စက်ခြင်းက တချို့တဝက်
နိုးထခြင်းက တချို့တဝက်
ခါးသီးခြင်းကတချို့တဝက်
မှောင်မိုက်ခြင်းကတချို့တဝက်
တချို့ နဲ့တဝက်ပေါင်းစပ်မှုသည်လဲ
ညဟု ခေါ်တွင်သည့်အမျိုးအစားဟူသော်
ရင်ဘတ်ပေါ်ကျူးကျော်ဝင်ရောက်ခြင်း
ကတိကဝတ်တွေအား
ကိုယ့်ဝတ္တရားတခုခုနဲ့ ဆွဲလေ့ဆွဲထနံရံပေါ်
အက္ခရာတွေကို ရေးခြစ်မိနေလိုက်တယ်။

(၀၃)
နံရံထက်က အက္ခရာတွေ တခုခြင်းကြွေကျနေလိုက်တာ
နှင်းဆီနက်တွေပွင့်ဖတ်ကို တံတွေမျိုချမိသကဲ့သို့
ညတခုထဲလင်းလက်ဆဲ
ညတခုထဲ မှောင်မဲဆဲ
နံနက်ခင်းရဲ့အလင်းကို ချိုမြစေဖို့
နေ့သစ်တခုကို အားပြည့်စေဖို့
ညကိုချေမွပြီး နိုင်ငံကျော် အက္ခရာတခုအတွက်စတေးမယ်
ညကို အလင်းပေးပြီး ကမ္ဘာတခုအဖြစ်ဖန်တီးမယ်
ညကို ချစ်သူအဖြစ် အနမ်းတွေပေးမယ်
ညဟာ ချစ်စရာတိကျတယ်
ညမှာ ငါတို့ငါဖို့ ညသည် ညဖြစ်သည်။



စောနေသွေး
JUNE 27 -2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူမသည်သာ


သူမသည်သာ
_____________
၁။
လေပြေတွေထဲမှ သူမရနံ့တွေကို
အစိမ်းလိုက် ရှူရှိုက်လိုက်ရမှ
တောင်စွယ်ကို နေကွယ်ခွင့်ပြုမယ်။

ရပ်ခြားက ပါးစပ်ဖြားလေးနဲ့
သတိရပါတယ်ဆိုမှ
ဆည်းဆာလို့ နာမည်တပ်ခွင့်ရမယ့် ညနေခင်းဖြစ်မယ်။
ဂွတ်နိုက်ပါလို့ အာခံတွင်းညစ်ပြောတဲ့
အသံလေးကြားရမှ
အနက်ရောင်လွမ်းတဲ့ညကို ညဟုခေါ်မယ်။
၂။
ဖုန်း မက်ခ်ျဆေ့ဘောက်လေးမှာ
'သတိရတယ်'ဆိုယုံလေးနဲ့
နေမသိထိုင်မသာဖြစ်လေမလားတွေးနေမိတယ်။
ဖုန်း မစ်စ်ကောလေးမှ အနီရောင်လေးတွေ
သုံးခုလောက်မြင်မိတာနဲ့
စိတ်ကောက်/ဆိုးသွားလေမလားစိုးထိတ်နေမိတယ်။
ဖုန်း မှန်ပြင်ပေါ်မှာ ထားပေးပါဆိုတဲ့ပုံလေးတွေ
ဖုန်းရင်းတုန်းမှာ ထားပေးပါဆိုတဲ့ သီချင်းတွေ
ဖုန်း အစုတ်လေးမို့ ခဏခဏပျက်သွားတိုင်းပါသွားလို့
မပြောဖြစ်ခဲ့တာ မေးရင်ရှိတယ်ပြောထားရတယ်။
အင်တာနက်သုံးရင် အကောင့်ကို ခိုးခိုးဖွင့်တတ်တာကို
တခါတခါ မသိယောင်ဆောင်ခဲ့တာလေး အားနာတယ်။
၃။
နံနက်ခင်းပြူတင်းတံခါးမှာ
သူမ ရနံ့တွေသင်းနေတယ်
သောက်ဖြစ်တဲ့ကော်ဖီခွက်လေးမှာ
သူမ နုတ်ခမ်းစလေးတွေ သဲလွန်စနဲ့
နေ့ဟာ ကြည်လင်စွာ
ပြတ်သားစွာနဲ့
နေ့တွေအိုသည်အထိ ဆည်းဆာကိုလက်ကမ်းတယ်
ညကို လက်ကမ်းတယ် လကို လင်းစေတယ်
ပြက္ခဒိန်တွေခဏခဏ ပြိုကျနေတာက
သူမကို ပို၍ ပို၍
နာကြင်သည်လော
သတိရသည်လော
သို့လောသို့လောနဲ့
သိုးဟောင်းနေတဲ့ပုံပြင်တွေထဲ ဖုန်းနံပါတ်တွေတစစီတစစီဖြဲရှာမိတော့
သူမဓာတ်ပုံဘေးမှာ သူမအတွက်
စည်းချက်ညီ အက္ခရာသီထားတဲ့ ဒဏ္ဍာရီအပိုင်းအစကိုမြင်တယ်။
၎။
သူမချစ်တတ်သော
သူမသည်ချစ်တတ်သော
အချစ်ကိုတပ်၍ ချစ်တတ်သောနဲ့
တောင်ကိုကျော်ခဲ့တယ်
ပင်လယ်ကိုဖြတ်ခဲ့တယ်
မိသားစုကထွက်ခဲ့တယ်
သူမသည်
သူမသည်သာနဲ့
သူမစီသို့ထဲ။
၅။
သူမသည်သာ။



စောနေသွေး
j u l y 1 9 2 0 1 7

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပြီးပြည့်စုံသော စာမျက်နှာ

ပြီးပြည့်စုံသော စာမျက်နှာ
_______________
အဆိုတခုထဲက အစို အခြောက်အရွေးခြယ်ဘူး

မြန်မာစကားက မြန်မာစကားပဲ
ကိုင်းရှိုင်းတာကိုသမိုင်းမှာအက္ခရာပြန်ကြည့်
မသိရင်ကျုပ်ဆီမှာ စာအုပ်ရှိတယ်
လွတ်လပ်တိုင်း ဖေါ်ပြနေတာဟာလဲ
လူမှုရေး စီပွားရေးအတွက်အသုံးဝင်သလား
တခုပဲပြောမယ်
ဖုန်းခေါ်နေရင်မအားသေးတဲ့အတွက်
နားလည်မှုပေးခဲ့တယ်
မီးနစ်ပိုင်းအလျောက်ပြန်ခေါ်တော့ ပိတ်ထားတယ်
လာရှင်းပေးပါ ညို
ခဏခဏအရေးတကြီးကို
အရေးမပါအရာမဝင်သည်ထား
ခဗျားတို့လူမှုဝတ္တရားဟာကောင်းကြသေးရဲ့လားမေးချင်တယ်
ကဲထားလောကီသားမို့
ခွင့်လွှတ်ခြင်းနဲ့
ဒါကို ပဋိစ္စသမုပ္ပာတ်က ပြချင်သေးတယ်
စိတ်ဆိုးတယ်ဗျ
စိတ်ကုန်တယ်ရောင်းနေတာမဟုတ်ဘူး
ရောင်နေတာ
ယူရာမဟုတ် ရူးနေတာကိုကဆိုးတာ
ကျုပ်လဲပဲရူးပါ
အသင့်တင့်ပေါ့။
ခူးခတ်ခြင်းလွယ်တိုင်း ကူးခတ်ဖို့ခက်တာဟာ
လောကသဘာဝတရားမို့
အယ်လ်ကိုဟောတွေဝင်လာတဲ့ညဟာ
ညကို လငပုတ်ဖမ်းတယ်
ရမ်းပြီး မျှော်မိတာဟာလဲ ကုသိုလ်တမျိုးပါပဲညို။
________
စောနေသွေး
August8.2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မန္တလေးမှာ

မန္တလေးမှာ
_________
သွေးဆုံးနေတဲ့မန္တလေးကို
မြင့်မြင့်ခင် ထိုးမုန့်ကြွေးလိုက်တော့
သူမသည် ထမိန်မနိုင် ပဝါမနိုင်နဲ့ ဘူတာပေါ်မှာ ဇီးပြားတွေထရောင်းနေတယ်။


ကိုင်းတန်းဈေးထဲ ကြက်သွန်နီတပိဿာကို ဈေးစစ်မိတာက
ဈေးချိုဂုန်းကျော်တံတားကိုဖျက်လိုက်ရတဲ့အထိ
ရင်ဘတ်ကို စုတ်ပြတ်စေမိတယ်
မြေညီထပ်ကဈေးကောင်းပေမယ့်
နာရီစဉ်က အချိန်မမှန်တာကို ထည့်မတွက်တာဟာ
စော်ကားခြင်းတမျိုးပဲ
စီးကရက်တွေသောက်ခြင်းကို မပြောပြတတ်တဲ့
၂၆ဘီလမ်းဘေးက မြို့ပတ်သံလမ်းကို
ငါတို့အရည်ဖျော်သောက်မိတာဟာလဲ
ဘူတာကြီးတခုလုံးကို ဖျက်စီးတာပါပဲ။

တရုတ်တန်း ကုလားတန်းနဲ့
ဗမာတန်းဆိုတာမရှိတာလဲ မန္တလေးရဲ့အသုံးချခံနယ်ရုပ်တွေပါပဲ။

ဂေါဝိန်ဆိပ်ကို စာလုံးပေါင်းမှန်အောင်
သမိုင်းကိုလေ့လာမိတာဟာလဲ
လေ့လာခြင်းပါပဲနဲ့
ကျုပ်တို့မန္တလေးဟာ
သမိုင်းနဲ့ သမိုင်းကို စွမ်းဆောင်ခြင်းတွေဆိုတာ။


စောနေသွေး
AUGUST 8 2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စိတ်လွှင့်အက္ခရာများနှင့် ရောနှော၍

စိတ်လွှင့်အက္ခရာများနှင့် ရောနှော၍
______________________
ဒုက္ခရဲ့ပါးနပ်မှုအောက်မှာ
သုမခခင်သေဆုံးသွားသူများအတွက်

ဆန်းပြားခြင်းမရှိ
ခမ်းနားခြင်းနတ္ထိ
လိုအပ်မှုတစုံတရာမျှသာ ပေးနိုင်ပါရစေ။
အစစ်လို အတုများ
အတုလိုအစစ်များ
အစစ်ဖြစ်သောအတု
အတုစစ်စစ် စကားလုံးတွေ မာယာဖုံးအုပ်ထားနေကြ
သဝေထိုးနငယ်ရေးခြာငသတ် တဝမ်းဘူ
ခဏတိုင်း ခဏခဏသုံးစွဲမိနေတာများ
နောင်တရစေမိတယ်။
ပြက္ခဒိန် ဖြိုချဖျက်စီးခဲ့မိတဲ့အတွက်
အသက်ကိုပိုပြီး ရှိုက်သွင်းနေရ
ချွေးစတွေပိုပြီးညစ်ထုတ်နေရ။
သူအို
သူနာ
သူသေ
ရဟန်း
နိမိတ်ကနည်းနေသေးတယ်
ပါရမီရင့်သန်ဖို့ ခေတ်ထဲ
ကိုယ်တိုင်စွပ်ကြိုးတွေတိုင်းရထွာရ
ချစ်တဲ့အကြောင်း
သတိရပါတယ်ဆိုတဲ့အကြောင်း
လူကြီးမတန်
လူလတ်မဆန်
လူငယ့်မာန်နဲ့ ရိုက်သွင်းခံသက်သက်
ရေကိုကျိုချက်သောက်နေခဲ့ရ။
ပတ်ဝန်းကျင်မှာရေဆိုး ညင်ဆိုးနဲ့
သွေးစုတ်ခြင်းတခုမဟုတ် နာကြည်းမှုတွေကိုလဲ
အထုပ်အထည်နဲ့
မိန်းမဆန်လွန်းတဲ့ မာယာနဲ့
မာယာတွေကြိတ်ကြိတ်တိုး သုံးစွဲတတ်တဲ့ ကမ္ဘာဟာ
မီးရေလေနဲ့
လောင်ကျွမ်း
နစ်မြုတ် ပျက်စီးသင့်တယ်ထင်တယ်။
မျက်ရည်ကို ထည်လဲသုံးစွဲနေတဲ့
အသက်၂၀ အရွယ်ပြည့်တန်ဆာစိတ်နဲ့
ယူလို့ရသွားသော အချိန်တွေ ရာသီဥတုတွေ
ခမ်းနားမှုတွေ
သိပ်သဘာကျသွားပါသလား။


စောနေသွေး
JUNE20-2017 12:20 AM

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS


________
ညတခုလုံးရဲ့အမှောင်ကို
အံတုလို့မရပေမယ့်
အိပ်စက်ခြင်းမပြုတော့တဲ့ ကြယ်လေးတွေကိုသနားတယ်။
အလင်းတွေတောက်ပနေပေးတဲ့ လမင်းကြီးကိုအားနာတယ်
သိသိမသိသိ တိုက်ခတ်ပေးနေတဲ့ လေပြေလေးတွေကို တအားချစ်တယ်။

ဒါဆို ညဟာ သိပ်လှနေလိမ့်မယ်ညို။

မဟူရာလွှမ်းထားတဲ့အနက်ပေါ်မှာ
အမဲရောင်တွေစွန်းထင်တာ
လူမသိ သူမသိဆိုပေမယ့်
ညိုမေတ္တာတရားတွေကြောင့်
အလင်းအားက အမှောင်ကိုခွင်းဖြစ်နေတတ်နေတယ်
ကလေးငယ်တယောက်လိုပူဆာတတ်တဲ့ညိုဟာ
အပစ်ကင်းစင်ကြောင်း
ချစ်စရာကောင်းကြောင်း
ထုထောင်းပြီး လောကကို တိုင်တည်ပြီးတဲ့နောက်
ညဟာ ပို၍မှောင်လာတယ်လို့ ညိုနှင်းဆီဖူးနှုတ်ခမ်းလေးက
ဖွင့်ဟလာတယ်။

တောင်ပံတွေခဏငှားလိုက်တယ်
လေပြေတွေကိုခဏငှားစီးတယ်
ညို အတွက် အဝါရောင်နှင်းဆီကို
ဘုရားမှာ ခဏခဏ လှူဖြစ်တယ်
တကယ်တော့ ညိုရယ်
ညဆိုတဲ့နေရာလေးမှာ ကြယ်စင်တခုအဖြစ်
ညိုကို အသိမှတ်ပြုထားပါတယ်။

လမ်းတွေပေါ်ဖြတ်လျောက်လာတဲ့ အရာဝတ္ထုတွေကိုငေးနေရင်း
ကြွေကျနေတဲ့ ဝတ်မှုံမဲ့ ပွင့်ဖတ်တွေကို သနားနေမိတယ်
ပြောင်းလဲလာတဲ့ ခေတ်စနစ်ထဲ
ပျံ့ကျဲနေတဲ့အောက်စီဂျင်တပိုင်းတစမှာ
ညိုနာမည်လေးပါလေမလားနဲ့
ညတွေမှာ လတွေနဲ့ ညှိပြီး ငြိခဲ့ဖူးတယ်။

နာရီအသေတွေနဲ့ အခန်းတခုလုံးကို ပိုင်စိုးပိုင်နင်း
ဝပ်ကျင်းတခုလုံးသုံးစွဲထားတဲ့
ညိုမျက်နှာလေး ရှက်သွေးဖြာနေမလား
သ တိ ရ တ ယ် လို့ တလုံးခြင်း ပြောတာလေးကိုက
ရင်ဘတ်ကို ထင်ဟတ်နေတာ
ညို
ပြိုလာတဲ့တိမ်တွေက လမင်းနဲ့ဝေးနေပါတယ်
ပျိုလာတဲ့ပန်းပွင့်တွေက ညိုနဲ့အနီးနားဖြစ်ပါတယ်ဆိုတဲ့အကြောင်း
ရွှေနားတော်ဆင့်ချင်မိရဲ့
ညတိုင်း အိပ်စက်ပါအနားယူပါ
ညိုနဲ့ည
ညနဲ့ညို အိုသွားမယ့်သက္ကရာဇ်ကိုဖြိုလို့ ပျိုထားပါ့မယ့် ညို။



စောနေသွေး
AUGUST 11-2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မဂ္ဂ

မဂ္ဂ
_____________

တဖြေးဖြေး ကျဉ်းမြောင်းခံခဲ့ရတဲ့ နေရာဟာ
တဖြေးဖြေး ကျယ်ဝန်းပြီး အဆုံးမဲ့နေရာတခုလဲဖြစ်တယ်ဆိုတဲ့အကြောင်း။

ခမ်းနားထည်ဝါမှုတွေဖြတ်လျောက်တိုက်စားသွားသွား
စုတ်ပြတ် အိုဟောင်းတွေ တိုက်စားသွားသွား
မျက်နှာပြင်တစ်ချက်မှ တွန့်မသွားတတ်တဲ့အကြောင်း။
အကြောင်းအကျိုးတွေခိုင်မာစွာနဲ့
ပေါင်းကူးတံတာအဖြစ်ခံနေရတဲ့နေရာတခုဖြစ်ကြောင်း။
ထင်ယောင်ထင်မှားအရိပ်တွေ
သို့လောသို့လောအတွေးတွေ
ထိရှတဲ့တိကျမှုနဲ့အတူ မြူကင်း/ ငြူကင်းစွာထုတ်ပြတတ်တယ်ဆိုတဲ့အကြောင်း။
သပ်ရပ် ဖြတ်လတ်နေတဲ့ အနာဂတ်အတွက်
အတိတ်ကိုလက်ထိုးအန်ဖို့မလိုအပ်သလို
ပစ္စုပ္ပန်ကို တည့်တည့်ကြည့်တတ်ဖို့သာလိုအပ်ကြောင်း။
ကိုယ့်စိတ်ကို ကိုယ်တိုင်စဖြူပြီးမှ
ပတ်ဝန်းကျင်တခုလုံးရဲ့စိတ်ကို အဖြူ အမဲ ခွဲခြားပါ
တွဲသွားသင့်ရင် တွဲ
ဆွဲသွားသင့်ရင်ဆွဲ
အားလုံးဟာ အဖြူရောင် လေးတွေဝတ်ဆင်ထားပါဆိုတဲ့အကြောင်း။
အကောင်းအဆိုး
အဆိုးအကောင်း ထပ်ခါပေါင်းသင်းနေပေမယ့်
သက်ရောက်မှုတိုင်းကိုနောင်တမပေးဘူး ဆိုတဲ့အကြောင်း။
ခဏနေ ဘဝတွေဟာနာရီစက်သွားတွေလိုမို့
သံသယ တွေနဲ့ သံသရာကိုမလည်ပတ်ဖို့လိုအပ်ကြောင်း။
အပ်ကြောင်းတွေထပ်ရင်း
ရင်းနှီးနေတဲ့ဆွေမျိုးမိတ်သဟာအပေါင်းအတွက် လမ်းလျောက်ထွက်မယ်။


စောနေသွေး
AUGUST 12-17

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဖြူ ရောင် စာမျက်နှာများ ။ ၁/၂၀။

အဖြူ ရောင် စာမျက်နှာများ ။ ၁/၂၀။
_________________စောနေသွေး

။ ၁ ။

အမှောင်နည်းနည်း
အလင်းနည်းနည်း
အစုလိုက်အပြုံလိုက်ထဲက
တွေးမိတွေးရာ
ထွေးထုတ်ကြည့်မိသည့်အခါ

အိပ်မပျော်ပါပဲ အိမ်မက်အခန်းများများ
ခွေခေါက်ထားတဲ့ ကြင်နာမှုများများ
ဝယ်ပို့ပေးလိုက်တဲ့ မေတ္တာတရားများများ
လမ်းပေါ်က ခြေထောက်
ခြေထောက်ပေါ်က ကိုယ်အပိုင်းများများ
ဦးခေါင်းက လေးလံတဲ့ အဆိုင်အခဲများများ
မမှတ်မိတော့တဲ့ အက္ခရာအမည်နာမများ
မှတ်မိဟန်ဆောင်ထားတဲ့ မရှိတော့သည့်လူများ
ဖြစ်သင့်ဖြစ်ထိုက်သလိုနဲ့
မဖြစ်သင့်မဖြစ်ထိုက်တာဟာလဲ ဒုက္ခဟူလိုငြား
သုခသည်လည်း ခံစားနိုင်သည်။

။ ၂ ။

စနစ်တကျ ယဉ်ကျေးမှုအပိုင်းအစများကို
နံနက်ခင်းတခုနဲ့ ဖွင့်လှစ်လိုက်တယ်
မွေးနေ့ရှင်အားလုံးမင်္ဂလာပါ
ဆုံးပါးသွားတဲ့သူများအတွက်လဲ အမျှပေးထားတယ်။
ဘဝတွေကို လမ်းပေါ်တင်ထားတဲ့
ယောက်ျားအရင့်မာကြီးတယောက်နဲ့
နေညိုချိန်တိုင်း မျက်ရည်ဝဲတတ်သော
ဆည်းဆာအိုမလေးရဲ့ ချစ်ပုံပြင်လေးတွေရော
အဆင်ပြေ ပြေ စိုပြေပါစေ။
အတွေးနဲ့ မောဟိုက်မှုပေါင်း ရယ်
ရယ်သံတချို့ရဲ့ လှောင်ပြောင်ခြင်းရယ်
ဘဝရဲ့ဆေးအဖြစ် တေးအဖြစ်
ရွေးခြစ်မိမှာပါ။
ယဉ်ကျေးသော အပြုမူ
ပျူငှာသော စိတ်နဲ့
လှပချင်သေးတယ် ချင်ရဲပြေလေးပါ့။

။ ၃ ။

နွေရောင်ပေါက်ခြင်း လေပြင်းဆော့တော့
ဆူးရှလာသော အတိတ်အကြောင်းလေးနဲ့
စကားစမြည်
ကိုယ်မရွေ့ပဲ စိတ်ကိုရွှေ့လေတိုင်း
မုန်းတိုင်းနဲ့အတူတူ ပျံသန်းသွားခဲ့လေသော
မေ့မရ ပုံရိပ်ဟောင်းများစွာ
ဆိုးလိုက်တာကြမ္မာရယ်
ထိုးနှက်ချက် ပြင်းပြင်းရှရှပါပဲ
ကဲညဥ့်နက်နေပြီ
ခူးခတ်စားသုံးထားတဲ့အက္ခရာကို အစားထိုးပေး
ခက်ဆစ်ခက်ကြောင်းမတွေးပဲယူထားတဲ့နေရာဒေသများ
နွေကို နေမရှိရင်
ဆောင်းကို နှင်းမရှိရင်
မိုးမှာ မိုးစက်မရှိရင်
သာယာပျော်ပါ့မလား
အားလုံးဖြည့်ပြီးဆုံထားတယ်
ပြည့်စုံသလောက်ပါပဲ။

။ ၄ ။

စိတ်တည်ရာတစုံတခုနဲ့
ဖွဲ့တည်ထားတဲ့ကဗျာ
ကျုပ်လဲထမင်းစားတာပဲ
အများသုံးပေါ့
လက်ဆယ်ဖြာနဲ့
ဦးညွှတ်ခဲ့တဲ့နေရာမှာ
ဆယ်ဖီဆွဲရုံလောက်နဲ့ မလောက်ငှဘူး
စားစရိတ် သွားစရိတ်
ကြိတ်မှိတ်စုခဲ့ရတာချည်းပဲ
သေချာနေရာ မြေမှာ ဖြေရှာ
ခုလုပ်ရိုးလုပ်စဉ်လို့မပြောနဲ့
ခုခံအားနည်းတဲ့ရပ်ဝန်းမှာ
ခွဲခွာတဲ့အကြောင်းပြောသူက
လူမှုရေးနားမလည်ခြင်းပဲ။

။ ၅ ။

အဖြူ ရောင်
အနက်မသွင်းထားဘူး
အပြာမရောထားဘူး
ဘာမှမရောထားတဲ့
အဖြူ ရောင်သက်သက်သာ။

။ ၆ ။

ထွေးထားတဲ့စထွေး (တံထွေး)မှာ
အနှစ်သာရများပါမယ်ဆို
သင်ပြန်မျိုနိုင်ပါ့မလား။
ကရုဏာသက်မနေပါနဲ့
ခက်ခဲတယ် မောပန်းတယ်
ဆက်လျှောက်ပါ
မဲမှောင်နေသူအဖို့
မိုက်မှောင်နေတာမဆန်းတော့ပါဘူး။
ရင်ဘတ်တည့်တည့်မှာ
အက္ခရာတွေမှည့်နေတယ်။

။ ၇ ။

အတူတွေးတဲ့ အတွေးတူပေမယ့်
မတူခြားးနားခြင်းများ များ များ
ခါးလှတဲ့ဘဝတွေ
စားလှတဲ့ဘဝတွေ
ဘဝတွေ
တွေဝေနေတဲ့ ဘဝတွေ
တထွေထွေစီးမျောခြင်းနဲ့ခက်ဆစ်မလိုခြင်းများ
အိပ်မက်တခုက အရာမဝင်ပေမယ့်
အရာအားလုံးကို
အိပ်မက်တခုမဖြစ်စေပါ
ပြန်လည်ကာတည်ဆောက်ကြပါစို့။

။ ၈ ။

ချစ်သူ
မင်းပုံရိပ်နဲ့
အက္ခရာတွေကို ဒေါင်းလော့ချပေးထားတယ်။
ငါအပ်ပ်လော့တင်တဲ့
အလွမ်းတခုခုများ
လိုက်ခ် ကောမန့်ပေးဖို့ရှိလား
အဆင်မပြေရင်ပြန်ပြောနော်
ငါ့ပို့စ်က အီးဒင့် လုပ်ရတာလွယ်ပေမယ့်
နှလုံးသားကတော့ မလွယ်ဘူး။

။ ၉ ။

အိပ်မပျော်တဲ့ညမှာ
အဆိပ်ပဲ ဖြစ်ဖြစ် အတိတ်ပဲဖြစ်ဖြစ်
တဒင်္ဂပ္ပဟာန်လေးနဲ့
စွန့်ခွါထားလိုက်ပါလား
ပြုစု ယုယ
အကြင်နာ
နာကျင်ခြင်းတစုံတရာအဖို့
သိသားထင်ရှားနိုင်ခြင်းက ဖုန်းသုံးဖို့လိုတယ်ကွယ့်။
ဥပေက္ခာ အစိမ်းသက်သက်အောက်မှာ
သူတောင်းစားယောင်ဆောင်ခဲ့တာမဟုတ်ဘူး
သူတောင်းစားဖြစ်နေတာ။

။ ၁၀။

နာကျင်ခြင်းက မဆန်းပြားတဲ့နေရာဒေသက
နာလေ ကျင်လေ ကြင်လေနာလေပါပဲ
ကိုယ့်အကြိုက်စီးကရက်ကိုစွန့်နိုင်ဖို့ မင်းအရည်အချင်းတွေလိုမယ်ထင့်
ငါ့စရိုက်ငါ့အနေအနားမှာ
မင်းအသက်ရှူသံတွေပတ်သက်နေတယ်
သတိရပါတယ်
သတိရပေးရင်ပေါ့။

။ ၁၁ ။

ခွဲခွါခြင်းနဲ့
ကွဲကွာခြင်း မတူညီခြင်းများထဲက
သစ္စာတစုံတရာကို ခူးခတ်ကျွေးမိတဲ့အရာမှာ
နောင်မတစေတဲ့ နောင်တလေးတစွန်းတစ
မင်းရင်ဘတ်ကို သုတ်လိမ်းပေးထားတယ်။
အဖြူရောင် စာမျက်နှာများရဲ့
ဒေါင့်စွန်းမှာ
မင်းနာမည်လေး
တိုးတိုးလေးထိုးထည့်ထားတယ်။

။ ၁၂ ။

လတ်တလော လောကက
အခြေနေသိပ်မဟန်တော့
ချစ်တယ်ဆိုတဲ့စကားကို
ရေငုံနှုတ်ပိတ် သိပ်ထားခဲ့တဲ့ အချိန်ပေါင်း။
တကယ်တော့
အချစ်ဆိုတာ အ ချစ် တဲ့
အ သွားတဲ့ယောက်ျား အ သွားတဲ့ မိန်းမ
ထိန်းသိမ်းထားတတ်တဲ့ မာနလေးတွေ ဖြေလျော့လိုက်တာပဲ။
အတွေးဆန်းတဲ့မိန်းမများကိုမချစ်နဲ့တဲ့
အဖိုးပြောတယ်
ဆန်းကြယ်စွာပြောတတ်တဲ့ ယောက်ျားတွေကိုမနှစ်သက်နဲ့
အဖွားပြောတာ
နားထောင်နေတုန်းပဲ။

။ ၁၃ ။

ခွင့်လွှတ်ဖို့ထက် ခွင့်လွတ်ခဲ့တာများ
အိပ်မက်တခုလုံးတောင်အပိုင်စားပေးခဲ့တာ
သိတတ်နားလည်မှုတပိုင်းတစနဲ့ပျော်ရွှင်ခဲ့တာ
မိုက်မဲမှုတခုတလေလောက်ကို
ပေါ့ပေါ့တန်တန်ထားခဲ့ခြင်းဖြစ်ရပ်
လိုအပ်ချိန် လွဲသွားတဲ့ ကာလတခုလိုပဲ။
ခွဲခွါသွားတာ
ကွဲကွါသွားတာထက်နာကျင်တယ်။

။ ၁၄။

ကဲ
သောက်လက်စစီးကရက်ကိုလဲမလွှင့်ပစ်နဲ့
အတွေးတွေ
တသီကြီးပါသွားမှာကြောက်စရာ။
မီးမညှိရသေးတဲ့စီးကရက်မှာလဲ
ထပ်တူတော့မကျနိုင်တာ
ရက် လ နှစ် အချိန် အဟာရ
မတူညီဘူးထဲကတူညီရာကိုရှာကြသူများ
ကဲဘာမ မဆိုင်ဘူး သတိရရင် ဖုန်းဆက်ပါ။

။ ၁၅ ။

ဖြူစင်ခြင်းရဲ့ မှတ်တိုင်
မျက်ရည်မပါတဲ့လမ်း
ကြမ်းတမ်းပါစေ
စမ်းခမ်းပါစေ
ငါတို့တတွေ ဖြတ်လျှောက်ရမယ်။
ရဲရင့်ပြတ်သားဖို့
သွက်လက် စွန့်စားစို့
မြက်ရိုင်းတွေအလွန်မှာ
ငါတို့ကမ္ဘာလေးရှိလိမ့်မယ်။

။ ၁၆။

ငိုမချတော့တဲ့ တိမ်တွေကို အပစ်မတင်ရဲ
မဝံ့မရဲ စကားလေးတွေနဲ့ ဆက်စပ်ကြည့်ခဲ့တယ်။
အနေအထားအရ နေသားတကျတော့ဟုတ်ပါရဲ့
မြေရေသဘာဝက ဥတုဆန်ဆန် မိုးမမှန် လေမမှန် နေမမှန်
မြန်ဆန်လှတဲ့ဘဝကိုပဲ ခဏခဏ လက်ညှိုးထိုးပစ်မှာလား။
ဥတုသုံးပါးလုံးညီညွှတ်ဖို့ ငါသူတပါးယောကျာ်းမိန်းမမလုပ်နိုင်ဘူး။

။ ၁၇ ။

နေ့သစ်တွေအားလုံးကို
စိတ်သစ်အနေသစ်နဲ့ နေတော့မယ်။

။ ၁၈ ။

သံယောဇဉ်ပေါ် သံသယတွေ
လမ်းလျှောက်ပြတတ်လာသောအခါ
ကောက်ပြီးသားပန်းမလန်းတော့ဘူး
သောက်ပြီးသားစမ်းလဲ မအေးတော့ဘူး
ရောက်ပြီးသားလမ်းလဲ မလှမ်းနိုင်တော့ဘူးကွယ်။

။ ၁၉ ။

သူမနှလုံးသားပေါ်မှာ မာယာတွေမစီးဆင်းခဲ့လျှင်
သူမ၏အလှတရားများ လှသည်ထက်လှပမည်ဟု
အိပ်မက်တခုထဲ ခပ်ကျဲကျဲလေးပြောမိသည်။

။ ၂၀ ။

အဖြူရောင်ကဲ့သို့ ဖြူစင်သန့်ရှင်းသောသူ(တွင်)
ရောင်စုံအရာ ဆိုးပေနိုင်သော်လည်း
အဖြူရောင်လေးဖြင့် ဖြူစင်စွာ။

စောနေသွေး
june 13.2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မင်းမသိတော့ပေမယ့် ငါ့အိပ်မက်မှာမင်းရှိနေတယ်

မင်းမသိတော့ပေမယ့် ငါ့အိပ်မက်မှာမင်းရှိနေတယ်
____________________________________
အတ္တထဲထိုးထည့်မိတဲ့ စိတ်ဧည့်ခန်းမှာ
ကော်ဖီလိုလို ဘီယာလိုလိုနဲ့
အနောက်တိုင်းဆန်ဆန် နန်းဆန်သွားတတ်တာများ
အိပ်မက်တသင်းလုံး အရောင်ပြောင်းသွားတယ်။
တကယ်ဆို အပိုလိုမရှိ ယဉ်ကျေးခဲ့ဖူးပါရဲ့
တကယ်ဆို အပိုလိုမရှိ ရိုးသားခဲ့ဖူးပါရဲ့
အပေါ်ယံမျက်နှာကျောတင်းမှာမှုရဲ့နောက်ကွယ်က
အဆင်မပြေခြင်းများ အစီငေါ်မတည့်ခြင်းများ
အိပ်ယာပေါ်ဖိတ်ကျလာတဲ့ မျက်ရည်များ
သောက်လက်စ စီးကရက်အပေါ်က အခိုးအငွေ့များ
အထားအသိုမတတ်တဲ့ ပစ်စလက်ခတ် ရင်ဘောင်တန်းခြင်းများ
များ
များ
ခပ်များများကို မျှားနေဖြစ်နေတဲ့ ရေကန်ထဲက လမင်းတခုတလေများ။
အတ္တဆန်တဲ့ နေရာဒေသတခုမှာ
ကိုယ်ပိုင်စိုက်ပျိုးမိနေတဲ့ တသီးစား အကြီးစားအပင်များအောက်
ခါးထောက်ပြီး လက်ပစ်ကူးမိနေမိတဲ့ ညနက်နက်နဲ့
နေရောင်မပါတဲ့နေ့သစ်တခုဟာ
ဗလာစာအုပ်ထဲက လက်ရေးမူတခုကိုဆွဲထုတ်မိနေလိုများလားနဲ့
လွန်ခဲ့တဲ့ နှစ်ကာလက မင်းပြန်ပေးတဲ့ရည်းစားစာမှာ
ရက်လနှစ်တွေ တည့်တည့်ပြန်ဖတ်မိတော့
ငါ့မျက်ရည်တွေလျံကျတဲ့အကြောင်း
မင်းမှမသိတော့တာ။
စိတ်စနှုတ်ဖြစ်တိုင်း
စာရွက်ထဲစွဲထည့်တတ်တဲ့အကျင့်နဲ့
အကုသိုလ်မလေးကိုသတိရနေတတ်တဲ့အကျင့်က
ရင်ဘတ်တခုလုံးထဲတက်တူးထိုးထားလိုဖြစ်နေတယ်။
စီးကရက်တွေမရှိတဲ့မြို့
အရက်ဘီယာတွေမရှိတဲ့မြို့မှာ
မင်းကိုလက်ထပ်ပေါင်းသင်းမည်ဖြစ်ကြောင်း
ဝိုင်ကောင်းကောင်းနဲ့ဧည့်ခံမည်ဟု မင်းပြောခဲ့တာမှတ်မိလား။

အတိတ်ဆိုတာဟာလဲ
တိတ်ဆိတ်စွာခံစားသုံးဆောင်လို့ကောင်းတဲ့အရာတော့မဟုတ်
ဘာပဲဖြစ်ဖြစ်တော့
ဘာပဲဖြစ်ဖြစ်ပါ အကုသိုလ်မလေးရယ်။
အကုသိုလ်မလေးရဲ့အပြုံးကနှစ်လိုဖွယ်ရာ
ခမ်းနားလွန်းတဲ့အကြောင်း
သူမမဟုတ်တဲ့သူမကိုပြောပြတော့
သူမဟာ ငြူစွစွနဲ့ မျက်လုံးတွေအဝေးကိုပြေးတယ်
ဖုန်းမစ်စ်ကောလေးတွေမှာ မင်းနာမည်မပါတာ
မက်စင်ဂျာက နို့တီတက်တဲ့စာမှာ မင်းမဟုတ်တာ
ရင်းတုန်းသံကို မင်းဆိုပြတဲ့သီချင်းသံထည့်တာကိုတော့ မင်းသိမှာမဟုတ်။

အကုသိုလ်မလေးနဲ့တွေ့ဖြစ်ဆုံဖြစ်တဲ့ညလည်တွေမှာ
စိတ္တဇဆန်ဆန် ဝရံတာမှာ စီးကရက်ပြာတွေခြွေမချမိခဲ့ဘူး
အကုသိုလ်မလေးနဲ့ သောက်ဖြစ်တဲ့ကော်ဖီတွေမှာ
သကြားမထည့်ပဲသိပ်ချိုတဲ့အရသာလို့ပြောတာဟာလဲ
ဟန်ဆောင်ခြင်းကင်းမယ်ထင်တာပဲ
မတော်တစနိဗ္ဗာန်ရောက်ခဲ့ရင်
အကုသိုလ်မလေးကို ခေါ်သွားပမယ်။

အကုသိုလ်မလေးနဲ့ တိတ်ဆိတ်စွာလမ်းခွဲလိုက်တာ
အကုသိုလ်မလေးမှာ ကုသိုလ်တွေဖြစ်လို့
တကယ်တော့ကွယ်လို့
အစချီပြီး မေတ္တာထားသင့်ကြောင်း
သစ္စာထားသင့်ကြောင်း
တရံတခါ ဥပေက္ခာထားသင့်တဲ့အကြောင်းနဲ့
ကဗျာဆရာကြီးဖြစ်နေတယ်ထင်တဲ့သူမရင်ဘတ်ပေါ်
နွေးနွေးလေး အက္ခရာတွေတင်ထားမိတယ်။
အရောဝင်အရာပေးနေတဲ့စိတ်ဓာတ်က
ဘဝကို တွန့်တိုနေတယ်
အကုသိုလ်မလေးရေ
တိမ်တွေငိုလို့ သွန်းချခံမိုးစက်တွေမှာမင်းပုံရိပ်တွေပါမလာသည့်အကြောင်း
မင်းဖတ်ဖို့ ကဗျာစာအုပ် ထုတ်ဖြစ်မယ့်အကြောင်း
ဆုတောင်းသံတွေထဲမှာ စုဆောင်းနေတဲ့အကြောင်း
ဘုရားအဆူတိုင်းဆီမှာ ငါ့မေတ္တာတရားတွေအပ်ခဲ့တယ်။

ငါ့အက္ခရာအပိုင်းအစတွေကို
ခင်မင်ရာမိတ်ဆွေတွေဆီ တက်ဂ်ျ လုပ်မယ်
သူများကြိုက်သော စကားလုံးကို ရွေးသုံးမယ်
ခေတ်ကိုမှီမှာ ခေတ်မှီမှာဆိုတာဟာလဲ အတ္တဆန်တယ်လေ
သာပေါင်းညာစားဘဝနဲ့မင်းပျော်မနေပါနဲ့ထဲ
မင်းအတွက် ကုသိုလ်တမျိုးလုပ်မိပါရဲ့
အကုသိုလ်မလေးရေ
နာရီတွေတချက်ချက်နဲ့ ရာသီစက်ကို မပျက်မကွက်တာဝန်ကြေနေတဲ့
သဘာဝတရားကြီးမှာ အို နာ သေနဲ့ ဆိုတာ
အကုသိုလ်မလေးသိသင့်တယ်။
အကုသိုလ်မလေးနဲ့တရင်းတနီးပြောဖြစ်တဲ့ည
ညလို့ပြောတာပါ ညဟာ ညမဆန်ပဲလမင်းကြီးက မညှာတာဘူး
ပုဇင်းရင်ကွဲသံတွေထဲက သူမလည်တိုင်လေးကိုထွေးပွေ့ရင်း
ထုဆစ်တဲ့ကာရံတပိုင်းတစဟာ
သူမနဲ့နောက်ဆုံး နောက်အကျဆုံးသောရယ်သံတွေပေါ့။

မိုးချိန်းသံကြောက်တတ်တဲ့ကလေးရေ
မန္တလေးမှာမိုးမရွာဘူး
မင်းရင်ဘတ်မှာမိုးတွေသိပ်မဆဲပါနဲ့လား။

၆၂ လမ်းပေါ်မှာ လသာတယ်ဆိုတာ
လက ၆၂လမ်းပေါ်ကိုတည့်တည့်လို့သူများဆိုနေပေမယ့်
မင်းရင်တွင်း ကိုယ့်လမင်းတွေ သာခဲ့ပေးပါသေးတယ်
မန္တလေးတောင်ကြီးနဲ့ကုသိုလ်တော်
ကိုဖန်ဆင်းထားတာလားတဲ့
ဟုတ်တယ်လို့ အဟုတ်ပြောခဲ့တာ တကယ်တော့ခဲ့တာ
ညှင်သာစွားနဲ့ပါ အကုသိုလ်မလေးရယ်။
ညနက်ထဲ တယောကထဲ အိပ်မက်ကို အကောင်ထည်ဖေါ်ပြီး
ဖျစ်ညစ်ငိုမိတဲ့အတွက် အကုသိုလ်မလေးကိုအားနာတယ်
တကယ်တော့ကြယ်တွေမလင်းဖြစ်တော့တဲ့အကြောင်း
လမင်းကြီးအလင်းမဲ့နေရခြင်းအကြောင်း
လူတွေတိတ်ဆိတ်ရခြင်းအကြောင်း
အကုသိုလ်မလေးသိသင့်သလို ကျုပ်လဲသိသင့်တယ်
အကုသိုလ်မလေးရယ်
အိပ်စက်ချိန်တွေနှမျှောတယ်
တကယ်ဆို အချိန်တွေကို ရပ်တန့်ထားပြီး အကုသိုလ်မလေးကိုပြန်ခေါ်မိမယ်
အကုသိုလ်မလေးက ချစ်စရာကောင်းကြောင်း
အနွံတာခံတဲ့အကြောင်း
သူများတွေသိအောင်ပြောပြမယ်နော်
ညဉ့်နက်နေပြီကွယ်
တစိုက်မတ်မတ်လွမ်းရတာလဲ အကုသိုလ်ဖြစ်မိပါရဲ့
ဒါပေမယ့်ကွယ် ဒါပေမယ့်ပေါ့
မင်းမသိတော့ပေမယ့် အိပ်မက်မှာမင်းရှိနေတယ်ဆိုတာ။
___________
စောနေသွေး
AUGUST 15-17 2:20 AM

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အရိပ်အထိုးမခံတဲ့ကဗျာသားကောင်

အရိပ်အထိုးမခံတဲ့ကဗျာသားကောင်
______

ကျုပ်တို့လို့ပြောရင်းမျက်ရည်သိပ်ဝဲတယ်
သိပ်ဝဲတဲ့မျက်ရည်မှာ ကျုပ်ဆိုတာ

ကြောက်စရာကောင်းတဲ့လူတန်းစားတွေဟာ
လူအတန်းစားထဲကလားလို့မေးထူးခေါ်ပြောနဲ့ မေးဖို့အထူးမရှိခဲ့တာအမှန်
ဖား ငါး ငါးဖားနဲ့ ရေသတ္တဝါတွေကျင်လည်ရာမှာ
ဖွတ်လုံးလုံးဖြစ်နေတဲ့ လောကဝတ်မှာ
ငါ့ကိုယ်ငါ ပန်းချီဆွဲမိနေတယ်
လူ အတန်းစားနဲ့ သတ်မှတ်ထားတာဟာ
အတန်းစားခွဲခြားထားတယ်ဆိုတဲ့သူတွေကြား
ငါ့တို့အိပ်မက်ဟာ အဖြူရောင်နဲ့။


စောနေသွေး
AUGUST 16.2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေ့သစ်တစ်ခု၏ ပျော်ရွှင်ခြင်း

နေ့သစ်တစ်ခု၏ ပျော်ရွှင်ခြင်း
___________________
နံနက်ခင်းတခုရဲ့ စိတ်နံရံမှာ
ရောင်ခြည်ရနံ့တွေနဲ့အတူ
ကောင်းကင်ကြီးတခုလုံး လှပနေခဲ့လေပြီ။


နာရီတွေပေါ်လမ်းလျောက်ရင်း
နေ့တခုလုံးကိုရုပ်လုံးကြွစွာနဲ့
ညီမျှတဲ့ အလှကို ဖေါ်ပြနေခဲ့လေပြီ။

ထူးခြားသော
ဆန်းပြားသော အက္ခရာတခုခုအတွက်
ပွင့်ဖတ်လေးတွေပေါ်မှာ
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ လို့
မေတ္တာစေတနာမုဒိတာ တွေရောပြီး ရေးထားလိုက်တယ်။

နောင်နှစ်ပေါင်းရာထောင်ထက် မနက်ဖန်ပေါင်းများစွာမှာ
ကိုယ်ရော စိတ်ရော ကောင်းခြင်းသုခပါစေဖြင့်
နေရာတခုခုဆီ ခမ်းနားစွာပေးပို့ပါရစေ။

နံနက်ခင်း
နေ့လည်ခင်း
ညနေခင်း
နေ့တွေကုန်လွန်သွားသော်လည်း
ပြန်ပြောလို့ရမယ့် ပျော်ရွှင်မှုဆိုတဲ့အမှတ်တရပေါင်းများစွာ
ခင်မင်ရင်းနှိးခြင်းပေါင်းများစွာ
အပြုံးတွေပေါင်းများစွာ
သူမကမ္ဘာမှာ ခမ်းနားပါစေ။

သူမအတွက်
လေပြေတွေတိုက်ခတ်လာတိုင်း မွှေးရနံ့တွေသင်းပါစေ
သူမအတွက်
မိုးစက်တွေပြိုကျလာတိုင်း အေးချမ်းပါစေ
သူမအတွက်
နှင်းစက်တွေ ယိုကျလာတိုင်း ချမ်းမြေ့ပါစေ။

တောင်းဆုတိုင်း ပြည့်ဝပျော်ရွှင်ပါစေ။


စောနေသွေး
AUGUST 19-2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရေ

ရေ
____
သောက်ရေ သုံးရေနဲ့
အခြား သီးခြားလေးတွေ
ငါတို့တတွေ တစ်ဝက်သောက်ပြီး တစ်ခွက်ဖျောက်ပစ်နေမိတယ်။
ကမ္ဘာကြီးရဲ့ ဒေသအချို့ မှာရေကြီးမိုးများနေတယ်
ကမ္ဘာကြီးရဲ့ ဒေသအချို့မှာ ရေရှား ခေါင်းပါးနေတယ်
နားလည်လော့
နားလည်လော့
အိုလူသားအပေါင်းတို့။
______
စောနေသွေး
AUGUST 19-2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူသိပါစေ

သူသိပါစေ
_______
အိပ်စက်ခါနီးတိုင်း
အိပ်မက်မှာ သူနဲ့ နီးစပ်ပါရစေ

နိုးထလာတိုင်းလဲ
နိုးတဝက်မှာသူနဲ့ ဆုံဆည်းပါရစေ

ခဏခဏတောင်းဆုများတော့ သူကျန်းမာရဲ့လားတောင်တွေးမိတယ်။
ခဏလေးဘဝမှာ
သူသာ ဘဝကိုပိုင်စိုးနေတယ်။

မိုးဆိုမိုးမို့ မိုးစက်တွေထိခိုက်သွားစိုးရိမ်တယ်
ဆောင်းဆိုဆောင်းမို့ နှင်းစက်လေးတွေ ထိမှန်မှာစိုးထိပ်တယ်
နွေဆိုနွေမို့ လေပြေလေးတွေဖြတ်တိုက်သွားမှာစိုးတယ်

တကယ်တော့သူရယ်
တစ်ဖက်သတ်နဲ့
တစ်ဖက်ကိုသပ်သပ်ရပ်ထားခဲ့တယ်ဆိုတာ
သိနှင့်နေခဲ့တယ်။
_____
စောနေသွေး
AUGUST 21-2017 10:36 PM

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သစ်ခက်ဟစ်သံ



ရွက်အို မြေခ

ကြွေကျ ပျက်စီး

အဆုံးကစ အစကဆုံး

အားလုံးက ကျော်မရတဲ့ စာမျက်နှာတွေလေ

ဆောင်းပြီးရင်နွေဆိုသလို

ဟောင်းပြီးရင် ကြွေရမယ်မလား

အသစ်ထွက် သစ်ခက်တချို့

အားအင်ထုတ် ထင်ရှားစေဖို့မဟုတ်

သဘာဝရဲ့သဘောတရားများ

ဘာများငါတို့ပြောနိုင်မှာလဲ

မငိုပါနဲ့ သစ်ပင်ငယ်ရယ်။

နှစ်အရွယ်ရဲ့ ပြိုလဲခြင်းက

နုပျိုခြင်းနဲ့ တည်ဖွဲ့တာပါ

သူရိန်ဖုံးလို့ပဲ ကြွေကြွေ

ပူရှိန် ရှုံးလို့ပဲ ကြွေကြွေ

ငါတို့တွေ ပျက်သုဉ်းနေပါစေ

ပြုံးပြုံးလေးပဲ နေရမယ်လေ

ငိုမနေပါတော့နဲ့ 

သစ်ပင်ငယ်ရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြေကွဲ+လွယ်သူ


ကဗျာမရေးပဲ 
စိတ်ကိုဖြေးဖြေးပဲပြေးကြည့်ခဲ့တယ်

ကြေကွဲခြင်းနဲ့ ကြည်နူး
ကမ ၻာဦးအခ်စ္ဦးဆုိတာ 
ခေါင်းစဉ်တစ်ခုပဲ ရှိပါလား ။

ဆွဲဆန့်လို့မရတဲ့ သံယောဇဉ်နဲ့
ငါ့နှလုံးသားကိုချည်နှောင်
ဒီမောင်ကို ဒီအမှောင်ထဲ ရောက်စေခဲ့သူ

မ-ပေးတဲ့ အမုန်း 
အရှုံးရတယ်လို့ မသတ်မှတ်ပါဘူး 
အဆုံးသတ်ကို ဆုံးဖြတ်ချင်လို့

လွန်ခဲ့သော လွဲမှားခြင်းနဲ့ လစ်ဟာမှုမှာ
မ-ပျိုးချခဲ့တဲ့နှုတ်ခမ်းတွေ
မ-အစိုးရခဲ့တဲ့ အတိတ်တွေ 
မိန်းမဆန်လွန်းတယ်

မ-မိန်းမဆန်လွန်းတဲ့ မာယာကြောင့်
မြေခခဲ့တဲ့ မျက်ရည်တွေက 
မ-ဘဝ ရှင်သန်နိုင်ရဲ့လား 
စိုးထိတ်မှု စိုက်အားနဲ့ 
ဆောင်မခြင်း ဆက်နွယ်မှုကို 
စွဲလမ်းစွာ လမ်းခွဲစေတယ်နော် ။

ဆုံစည်းခဲ့ ဆည်းဆာတွေ 
ယုံမိခဲ့ သည်းအထာတွေ
တရင်းတနှီး ပြုံးမိခဲ့လို့ -လို့
မုန်းတ်ီးမှုများမပါတဲ့ 
မ--သုံးတဲ့ မာယာနဲ့ 
ကမ္ဘာတွေ အဆက်ဆက်ထိ
အရမ်းမုန်းတယ် 
အရမ်းကို မုန်းပါတယ်။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်နာခြင်း ရက်စွဲ



ရင်နာခြင်း ရက်စွဲ
.......
ကမ္ဘာတစ်ခုထဲက 

ကဗျာတစ်စုကိုဆွဲထုတ် 

အက္ခရာအပိုင်းစတွေနဲ့ ဖုံးအုပ်

ဖြစ်ညှစ်ဆုတ်ကိုင်ကြည့်မိတဲ့ 

လေပြေရိုင်းလေးရေ.......


လစ်ဟာခြင်းလိုအပ်မှုကို

လှိုက်စား ဆားပက်

ဆက်လက်ရက်စက်


မပျက်ကွက်တဲ့

နှောင်ကြိုးတွေကြောင့်

နစ်၍နာသောအနာနဲ့

အရာရာမနာကျင်ခဲ့ဘူး


နောင်းအိုကေ

နေအကောင်း

ငါဆုတောင်းမိသပ


ပစ်စလက်ခတ်

ပစ်ခတ်ပြီးခဲ့ပြီး

ပြီးသွားမယ်ထင်တဲ့

ပြိုလဲမှုထဲမှာ

အပြုံးလေးနဲ့

ပျောက်ကွယ်သွားစေခဲ့သူပါ


ရင်နာခြင်းရက်စွဲဆိုပေမယ့်

ကြင်နာခြင်းနဲ့ ထုံးဖွဲ့ ထားတယ်


ချစ်သူလိုချစ်သူရေ

ပြုံးနေတဲ့ ပျော်ရွှင်မှုနဲ့

လိုရာကိုသာ ပျံသန်းလိုက်ပါ

လေပြေရိုင်းလေးရေ...........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မေ့ဖို့ခက်ခြင်း



မေ့ဖို့ခက်ခြင်း
..............
မေ့ဖိုကြိုးစားတိုင်း

သတိရမှုက တအုံ့တခဲ

တိုက်လိုမဆိုင်တောင်

တိုက်ဆိုင်ချင်ခဲ့တာ

အဲဒါ

သတိရခြင်းလား ဟင်ll


မလာမှန်းသိတဲ့လမ်း

ငါမျှော်မှန်းမိတာ

သူမမကြားပေမယ့်

ငါပြောနေမိတယ်လေ


သူမရနံ့ဟောင်းတွေ

သူမ ပုံရိပ်ဟောင်းတွေ

အရာရာသစ်လွင်တောက်ပနေတာ

ငါရင်ဘတ်တစ်ခုထဲပါ


မချိအောင်နာပေမယ့်

မသိယောင်ဆောင်ခဲ့တာပါ

အခုတော့ဟာ


ပင်လယ်ရေက မြစ်ထဲပြန်စီးလို့

အကြောင်းကံက ပြောင်းပြန်တွေပဲ


ငါသတိရခြင်းတသိုက်ကို

မှားမိုက်လိုပဲဖြစ်ဖြစ်

မှာလိုက်ပါရစေ

ချစ်သူပျော်စေကွယ်

♡♡♡♡♡♡

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS