လွတ်ကြသွားတဲ့
သိက္ခာတရားတွေ အတွက်
နေရောင်ခြည်ရဲ့ အနမ်းကို
အပြစ်ပုံချမနေချင်ဘူး
လေနုအေး တစ်ချက် အဝေ့မှာ
အေးအေးလေးပဲ ပြုံးနေချင်တာပါ
သဘာဝရဲ့ သဘောတရားလို့ပဲပြောပြော
အချစ်နဲ့ အမုန်းကြားမှာတော့
ကျတော် ဗျာများမနေချင်ဘူးလေ
အလွမ်းလို့ဆိုချင်ဆို
အဲဒီကြားထဲ ခဏဖြစ်ဖြစ်ပေါ့
ထိုင်ပြီး ကောင်ကင်ကို မော့ ကြည့်နေချင်တယ်
ကျတော်ကို လူကောင်းတစ်ယောက်လို့ပဲပြောရမလား
လူဆိုးတစ်ယောက်လို့လဲ စာရင်းသွင်းမရခဲ့ဘူး
လူတော်လားဆိုတော့လဲ မတော်တဲ့နေရာတွေမှာ ညံခဲ့တာပါပဲ
ဒီလိုနဲ့
စက္ကန့်တွေကို ကျတော်အရာသာရှိရှိ ၀ါးမျိုနေခဲ့တာ
မှတ်မှတ်ရရ ကောင်မလေး တစ်ယောက်က
ခပ်စပ်စပ်လေး ကျောကို ရိုက်တော့မှ
လန့်နိုးသွားတဲ့ အဖြစ်
မယုံလဲ မတတ်နိုင်ဘူး လေ
အနမ်းလေး တစ်ပွင့်နဲ့ နေ့ရက်တွေကို ကျော်ဖြတ်လာလိုက်တာ
အခုဆို (1)နှစ်တင်းတင်း ပြည့်ခဲ့ပေါ့
ဒါပေမယ့် လေ
အဲဒီအနမ်း တစ်ပွင့်က
မနေ့ကလိုလို
အခုတွေး အခု ခံစားလို့ ရနေတယ်လေ.....။
စောနေသွေး
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment