မိုးသုံးခု....
နွေသုံးခု..
သက္ကရာဇ် အတော်များများ
ရင်ဘတ်တစ်ခုလုံးနဲ့
တောနင်းပြီးရှာဖွေခဲ့တာတောင်
ရေမှတ်တဲ့သမင်ရဲ့တံလျှပ်လို
အချစ်က လိုက်လေ ဝေးလေ
ရင်ဘတ်နာတာကလွဲလို့
ဘာသဲလွန်စမှ မရခဲ့
ကြာပြီ
သိင်္ဂါရခါးခါးများ
တရှိုက်မတ်မတ် ရူရှိုက်နေတာ ။
ဒီလိုနဲ့
အရွယ်တော တစိတ်ဟိုင်းတဲ့
နှစ်ဆယ်ကျော် အစိတ်ပိုင်းထဲ
အချစ်သစ်ဆိုတာကလာည်း
ကိုယ်နှင့် မဆိုင်သလို
ဘာသိဘာသာ
ဘ၀ကို စိတ်တိုင်းမကျလိုက်တာများ
တနှစ်ကုန်တိုင်း
ကိုယ့်ကိုကိုယ် တခါမုန်းတယ်။။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment