အတွေးတွေနဲ့ ဆွေးကြည့်ရင်
မျက်ဝန်းတွေစိုလို့စက်
ဆွေးတဲ့ ရက်
ရွေးခဲ့လို့လား မရယ်
ဘယ်ရေစက်က
အဖြေထွက်ထွက်
မမေ့ရက်ဘူးနော်။
မ အတွက်
ရှောင်ခဲ့ ဆောင်ခဲ့ တယ်
မှောင်မဲတာတောင် လင်းလက်တယ်
စွန့်ခဲ့ တယ် မတွန့်ခဲ့ဘူး နော်
အတူလျှောက်ခဲ့တဲ့ လမ်း
အတူကောက်ခဲ့တဲ့ ပန်း
အတူသောက်ခဲ့တဲ့ စမ်း
မအတွက် မဆန်းပြားပေမယ့်
ကျတော်အတွက် ခမ်းနားတယ်လေ ။
ပုံလို့ အပ်တဲ့
ပုံပြောကောင်းတဲ့ မ က
ပုံပြင်ထဲက ယုံငယ်လို
ယုံလွယ်အောင် ပြောတယ်
မပြန်သန်းဘူးတဲ့ကောင်းကင်
မခံစားဖူးတဲ့ လေညှင်း တွေက
ကျတော်ရင် ၀မှာ
မရမက စိုးမိုးထားတယ် မ။
အချစ်မှန်းမသိ
အပြစ်မှန်းမသိ
မသိမသာ ထိကာ သွားတာ
အချစ်လား
အပြစ်လား ဟင်
ဇဝေဇ၀ါ ကို မျက်မှန်တပ်
မှုန်ဝါးဝါး နဲ့စပ်ခဲ့တဲ့တေး
ဝေးဖို့မပါဘူး မ
ဆွေးဖို့မပါဘူး မ
ကျတော် ဘဝ
တစ်စစီ ချပြရင်တောင်
မအရိပ်နဲ့
မစိတ်တွေနဲ့
ထုဆစ်ထားတယ် ဆိုတာ
ကျတော်ကမ္ဘာ
ကျတော်ကဗျာ က
ရက်ရှည်တွေထဲ
ရွက်ကြွေတွေနဲ့
သက်သေ ပြပါတယ် မ
သက်သေပြပါတယ် ။
...................
....................
။
2 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
ကိုစောရေ... ပြန်သန်းမဟုတ်ဘူးနော်... ပျံသန်းဗျ... ကဗျာကကောင်းပြီး စာလုံးပေါင်းကြောင့် ရသပျက်သွားမှာစိုးတယ်.. ကဗျာလေးက အရမ်းကောင်းတယ်ဗျာ...။
ကိုစောရေ... ပြန်သန်းမဟုတ်ဘူး.. ပျံသန်းနော်.. ကဗျာက ကောင်းပြီး စာလုံးပေါင်းကြောင့် ရသပျက်သွားမှာစိုးလို့ပါဗျာ.. ကဗျာကအရမ်းကောင်းတယ်ဗျာ...။
Post a Comment