ပင်လယ်ငိုသံတဲ့လား
သစ်ရွက်တို့ ရိုက်ခတ်သံကို
လေညှင်းက ဆိုသံတဲ့လေ
မိုးဖွဲလေးတွေကိုတော့
လောကကြီးရဲ့ ကြေကွဲဖွယ်
တိတ်တခိုးမျက်ရည်တွေလို့
စာဖွဲ့ကြဦးမှာလား
ဒီလိုဆို
ငါရင်ခုန်သံတွေဟာ
မင်းကို ပိုင်ဆိုင်ဖို့
တေးသွားတွေပဲဖြစ်မှာပါ
ပြိုင်ပွဲမ၀င်ပဲ
ဒုတိယ ရလိုက်တဲ့
ငါ့ကိုတော့
မင်းတယောက်
အသိမှတ်ပြုပါရဲ့လား
ငါ့ရင်ခွင်ဟာ
မင်းတမ်းတ လွမ်းဆွေးဖို့
နားခိုရာ နေရာလေး တစ်ခု အဖြစ်
အဆုံးမပြုလိုက်ပါနဲ့
အရှုံးနဲ့ပဲ
သ၀န်တိုရတဲ့
ငါအချစ်တွေ
ကောင်မလေးရေ
လူမြင်မခဲနိုင်တဲ့
ငါမျက်ရည်တွေ ဟာ
လောင်ကျွမ်းသွားနိုင်ကြောင်း
ငါသိလိုက်ရတဲ့ အချိန်မှာ
နှလုံးသားထဲမှာ
ပဲ့တင်ထပ်နေပြီ
မင်းငါ့ကို
မရက်စက်ပါနဲ့
မထားခဲ့ပါနဲ့
ခွဲမသွားပါနဲ့
လိမ်ညာမှုတွေနဲ့
ငါ့နှလုံးသားကို အဆုံးမစီရင်ပါနဲ့
မင်းမရှိရင် ငါမနေချင်ဘူး
မင်းလိမ်ညာခဲ့တယ် ဆိုရင်လဲ
ငါ့အတွက်
ဆက်လိမ်ပေးပါ ........နော်
.......................
................
ဆက်လိမ်ပေးပါ....ကောင်မလေးရယ်..။။
1 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
ပြိုင်ပွဲမ၀င်ပဲ
ဒုတိယ ရလိုက်တဲ့------ကဗျာလေးကိုခံစားခဲ့ပါတယ်
Post a Comment