ရှိုက်သံသဲ့သဲ့ရင်တစ်ခွင်
သူမမြင်အောင် မြတ်နိုးတယ်
တမ်းလို့တလို့
မျက်လုံးပေါ် စင်္ကြန်လျှေက်
တဒေါက်ဒေါက် ခေါက်တဲ့
နှလုံးသားဝက ပုံရိပ်လွှာတွေ
ထင်ယောင်ထင်မှား
သူများဖြစ်လေမလားပေါ့
အဆုံးမသတ်တဲ့
တခန်းရပ် ပြဇာတ်တစ်ပုဒ်
ရေးထုတ်တဲ့သူရယ်
သတိရလေ တိတ်ဆိတ်လေ
တိတ်ဆိတ်လေ သတိရလေ ထဲက
အမှတ်တရ ည
ပြာလဲ့လဲ့ကောင်းကင်
ရင်တဒေါင့် မှာ လမင်းအိပ်စက်
မှေးစက်ခဲ့တဲ့ အိမ်မက်မှာ
တိတ်ဆိတ်တဲ့ အရာတွေ တိတ်ဆိတ်
ဆူညံတဲ့အရာတွေ ဆူညံ
အဲဒီလို အမှတ်မဲ့ခဲ့တာတွေ
အမှတ် ရနေမိတယ်
ဘ၀တွေရင်း အချစ်တွေ လုပ်
အချစ်တွေခင်း ဘ၀တွေ ထုတ်ကြတာလေ
အဆုံးဖြတ်မပေးပဲ
အဆုံးသတ် စတေးခဲ့တဲ့ည
ပုံရိပ်တွေဖျော်တဲ့ ၀ိုင်တစ်ခွက်
အေးစက်စက် သောက်ခဲ့ရတာပေါ့
ဆက်လက် ဆက်လက်၍လဲ
အေးစက်စက်သာ သောက်ရတော့မယ်လေ။။
.......
ပုံပြင်တွေပြောတဲ့ကောင်မလေးတယာက်အတွက်
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment