۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ရင်နွမ်းဆာ(၂)

ငတ်မွတ်ခေါင်းပါး

ရှားပါးလွန်းတဲ့ အချစ်

အသစ်တွေ အပြစ်တွေ

မခွဲနိုင် မခြားနိုင်

ရင်တစ်ဘက်လုံးမွဲလွန်းတယ်

ဆာလောင်ဖူးတယ်

မတောင့်တခဲ့ဘူး

တောင့်တဖူးတယ်

မဆာလောင်ခဲ့ဘူး

တိုက်ဆိုင်မှုဆိုတာ

လုပ်ယူလိုရတာမဟုတ်ဘူး

လုပ်ယူလိုရတာလဲ

တိုက်ဆိုင်မှုမဟုတ်ဘူး

ငါ့ရှိသလောက်နင်သိစေပေမယ့်

နင်သိသလောက်ထက်

ငါ့မှာပိုရှိတယ်

ပြောတာကိုယုံတတ်တဲ့ငါ့ကို

ယုံလွယ်အောင်နင်ပြောတယ်

ပတ်သက်မှုက

ထပ်ဆက်လို့မရတော့ဘူး

အမြတ်ထွက်တဲ့ရလာဒ်

ဝေဒနာတွေက ဒရစပ်

အားမနာတမ်း ခမ်းနားလွန်းတယ်

မှောင်လွန်းတဲ့ည

ကြောင်လွန်းတဲ့လနဲ့

ရောသွန်းထားတဲ့ လ

ငါခဏခဏမော့ကြည်မိတယ်

သတိရတဲ့အခါတိုင်းပေါ့

အခါတိုင်းလဲ သတိရလွန်းတော့ခက်တယ်

သူအလိုလိုနေတဲ့လ

ထထဟောင်တတ်တဲခွေး

အရင်ပြေးစေခဲ့ပေမယ့်

ပြိုလဲသွားတဲ့ ပျိုးပင်တွေ

ပင်ပျိုမဖြစ်နိုင်တာ

ပျိုမဒီရေ

ရော်ကြေးကိုထည့်မတွက်နဲ့

မှန်ကာထိ ဒဏ်ရာရှိ

ပြန်ကာကြည့်ရင်ကျေနပ်ပြီ

အသေသတ်ပြီး မြေစပ်မှာချလဲ

မနေတတ်တဲသူမို့မှားမိတာပါ

မျှားခဲ့တဲ့အရာကို

ဝါးခဲ့မိတာကိုလေ

ဖြစ်သမျှ အပြစ်ချကာ

မျက်ရည်နဲ့ပဲ

ဆေးကြော ဖြေချတတ်နေပြီနော်။

နေတစ်သောင်းခတဲ့ ရင်တစ်ဝပ်စာမှ
ပျံထွက်သွားသော မြစ်တစ်စင်းသို့
တမ်းချင်း

admin@sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်နွမ်းဆာ(သို့မဟုတ်) ၁၂-ကြီုးကိုင်ကဝေမ

ခမ်းခြောက်ခဲ့တဲ့နွေ

စမ်းပြောက်ခဲ့တဲ့ မြေ

ပန်းခြောက်တွေကိုပွေ့ခဲ့လို့

အတုအစစ်

အဖုအထစ်

အခုခောတ်မှာရောရှိသေးလား

သိပ်ချစ်တယ်ဆိုတဲ့စကား

စိတ်ညစ်ယုံပဲဖြစ်စေတာလား

၁၂-ကြိုးကိုင်ကဝေမ

ဖြေမရ

နေမရ

ဝေမရတဲ့ ဝေဒနာတွေနဲ့

နွေတစ်ညကိုဖန်ဆင်း

ရင်တစ်ခုလုံးကိုစားတယ်

ဘ၀င်တစ်ခုလုံးကိုမျှားတယ်

ကမ္ဘာကြီးပျက်ပါစေ

နာကြည်းချက်ဆိုတဲ့ခေါင်းစဉ်

ငါနှလုံးသားမှာတပ်ဆင်မယ်

အစထားကတည်းက

ဘ၀တစ်ပါးကိုရောက်နေပြီ

ငါအမှားတွေချည်းပါ

သစ်ခြောက်ပင်ကို

အပြစ်ရှောက်တင်သလို

အစိမ်းရောင်ဆင်မိတာကိုက

ငါဘက်ကမှားတာပါ

၁၂-ကြိုးကိုင်ကဝေမ

နင်လုပ်ချလိုက်တာ

ကဗျာမရေးနိုင်အောင် ငါလက်ကိုချိုးတယ်

ကမ္ဘာမငေးနိုင်အောင် ငါ့မျက်စိကိုထိုးတယ်

ရက်စက်ဖို့ အကွက်ချ

ကကွက်လှလှတွေပြ

မရမက ဘ၀စခဲ့တာကို

ခြွေချမယောင်

ကြွေကျမယောင်နဲ့

မြေခအောင်လုပ်ရက်တယ်


၁၂-ကြိုးကိုင်ကဝေမ

ကကြိုးတွေနဲ့ချုပ်

အမြဲအရုပ်ဖြစ်ပြီဆိုမှ

ဆွဲကြိုးချသေစေတယ်

အဲလောက် ရက်စက်တာတောင်

ရက်ဆက်လို့လွမ်း

ကျွမ်းလောင်မှုကြောင့်

စွမ်းဆောင်မှုတွေမဲ့ခဲ့ရတယ်


ကဝေမကြီးရေ

ဒီကဗျာဟာ

ဒီကမ္ဘာမှာရှိနေတဲ့

နင်လိုမိန်းမသား မအားဘူးဆိုတဲသူရဲ့

ခါးသက်မှုကိုချိုမြိန်စွာ

သောက်ခဲ့မိလို့ပါ

နင်သိပါတယ်

ရင်ချိစွာပဲ ဆု-တောင်းပါတယ်

ပျော်အောင်နေပါနော်

................................

အမှာ//
ကဗျာဖတ်သူ သူငယ်ချင်းအပေါင်းတို့ခင်ဗျား
ကျုပ်တပ်ထားတဲ့ ရင်နွမ်းဆာဆိုတဲ့ခေါင်းစဉ်မှာ မမြင်မကန်းနဲ့ ရင်တစ်ခြမ်းကို
တိုက်ခိုက် အလိုက်တသိ နေခဲ့တဲပဘ၀ကို မြှိုက်လောင်တဲ့ မီးတစ်စကြောင့်
ဆိုက်ကပ်လာတဲ့ ဆာလောင်မှုကို အဆာသွတ်ခြင်းဖြစ်ပါတယ် သို့ကြောင့်
ရင်နွမ်းဆာ ဆိုတဲ့ခေါင်းစဉ်ကိုသက်ဆိုင်တဲ့သူသိနေပါလိမ့်မယ်

နောက်တစ်ခုက အဲဒီသက်ဆိုင်သူဆိုတာ စာဖတ်သူများ ကဗျာကို သေချာဖတ်ရင်တွေ့နိုင်ပါတယ် ပဟေဠိလေးပါထားပါတယ်
သိသူများ ကို ကျတော်က ကဗျာတစ်ပုဒ်လက်ဆောင်ပေးပါမယ်
admin@sawnaythwe.com
ကိုဆက်သွယ်ပါ



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပိတောက်ပန်း

ပိတောက်ပန်း
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။
တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း ။ ။
-
(ဦးကြော့)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိပ်မက်မှ နိုးထခြင်း



အိပ်မက်တွေရိပ်သိမ်းပြီး

 


အဖြေမပါတဲ့ ပုစ္ဆာကို 

 


နွေတစ်ရာမှာဖွေရှာကြည့်တယ်

 


ကဗျာကိုချစ်တဲ့ကျနော်

 


ကမ္ဘာကိုချစ်တဲ့ကျနော်

 


အလိုက်တသိ မိုက်ကြည့်တယ်



ခါးသီးမှုကို ခက်ဆစ်ထုတ်



ရက်လုပ်ခဲ့တဲ့ ရိုးသားမှုနဲ့



တစ်ရာသီစာ ၀တ်ဆင်လို့



အဆိပ်များတဲ့ အရိပ်ပါးမှာ



နားခိုမိတယ်



သူ့အရိပ်မှာ သူ့စိတ်တွေများ



ရွေ့လျှားဖို့ ထွေဖြားလို့



တိတ်ဆိတ် ငြိမ်သက် သာယာ



မက်လုံးပေးတဲ့ မျက်လုံးလေးနဲ့


ညိတွယ်အောင် ညှိုယူလို့


မျိုးမတူတဲ့ ဘာသာစကား


ခပ်ပါးပါးလေး  ဖွင့်ချကြည့်တယ်


"ချစ်တယ်မရယ်''


ခေါင်းမညိမ့် လက်မခါ


မျက်လွှာကိုပဲ ဆွဲချ


ငြင်းဆန်မှုကို ငြင်းဆန်တာလား


ပျော်ရတော့မလား


အော်ရတော့မလား


ချစ်တယ်လဲမပြော


ပြောတော့လဲမချစ်


မ..ရယ်


အရင်လို အရင်တိုင်းပဲနော်


မရယ်...


admin@sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS