အိပ်မက်တွေရိပ်သိမ်းပြီး
အဖြေမပါတဲ့ ပုစ္ဆာကို
နွေတစ်ရာမှာဖွေရှာကြည့်တယ်
ကဗျာကိုချစ်တဲ့ကျနော်
ကမ္ဘာကိုချစ်တဲ့ကျနော်
အလိုက်တသိ မိုက်ကြည့်တယ်
ခါးသီးမှုကို ခက်ဆစ်ထုတ်
ရက်လုပ်ခဲ့တဲ့ ရိုးသားမှုနဲ့
တစ်ရာသီစာ ၀တ်ဆင်လို့
အဆိပ်များတဲ့ အရိပ်ပါးမှာ
နားခိုမိတယ်
သူ့အရိပ်မှာ သူ့စိတ်တွေများ
ရွေ့လျှားဖို့ ထွေဖြားလို့
တိတ်ဆိတ် ငြိမ်သက် သာယာ
မက်လုံးပေးတဲ့ မျက်လုံးလေးနဲ့
ညိတွယ်အောင် ညှိုယူလို့
မျိုးမတူတဲ့ ဘာသာစကား
ခပ်ပါးပါးလေး ဖွင့်ချကြည့်တယ်
"ချစ်တယ်မရယ်''
ခေါင်းမညိမ့် လက်မခါ
မျက်လွှာကိုပဲ ဆွဲချ
ငြင်းဆန်မှုကို ငြင်းဆန်တာလား
ပျော်ရတော့မလား
အော်ရတော့မလား
ချစ်တယ်လဲမပြော
ပြောတော့လဲမချစ်
မ..ရယ်
အရင်လို အရင်တိုင်းပဲနော်
မရယ်...
admin@sawnaythwe.com
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment