۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အမှာမဟုတ်သော အမှာစာ




အမှာစာ မဟုတ်တဲ့ အမှာစာ 




ကျုပ်ရင်ဘတ်က ဖိတ်ကျလာတာ

ကာရန်မပါဘူး

ကဗျာဆန်တာမပါဘူး 

မြန်မာဆန်ဆန် 

ရိုးသားခြင်း စာမျက်နှာသစ်တွေပဲ


သိုသိပ်ခဲရတဲ့နှစ်

ယိုစိမ့်ကျရတဲ့ အဖြစ်

နှစ်ပေါင်း နှစ်ဆယ် ရင်မှလွယ်ခဲ့တယ်

အတွေးတွေနဲ့မိတ်ဆက်

အဆွေးတွေနဲ့ ချိတ်ဆက်

ကျုပ်ချစ်တဲ့ ကျုပ်ကဗျာ

ဝေဒနာနဲ့ ဝါသနာတွေ့လို့

ကခုန်ကြည့်တာပါ

ဆင်ဆာမရှိရင်နေပါစေ

ရင်မှာထိရင်ကြေနပ်ပါတယ်

အများတွေးထားတာပါ

အတွေးများများမပါပါဘူး

ရေလိုက် ငါးလိုက် 

စီးမျှောခြင်း စကားစုအချို့ကို

သီကုံးပြတာပါ

စကားစုထဲက စာတစ်လုံးကို 

ရွေးပစ်လို့ရတယ် 

တွေးဆစ်လို့ရတယ်

လျှောက်ဖူးတဲ့ လမ်း

ရောက်ဖူးတဲ့ စခမ်း


သောက်ဖူးတဲ့ စမ်း



ဘယ်လောက်ဘယ်လိုဘာဆိုတာ

လျှောက်ဖူးသူ   လျှောက်ချင်သူ

ရောက်ဘူးသူ   ရောက်ချင်သူ

သောက်ဖူးသူ   သောက်ချင်သူသာ

သိခွင့်ရမှာပါ။




မျက်နှာမသစ်တတ်ပေမယ့်
မျက်နှာများကိုချစ်တတ်ပါတယ် 

۩۞۩ စောနေသွေး ۩۞۩



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်ခုန်သံကောက်ကြောင်း



ကောက်ကြောင်းတွေကို 

ကောက်ချက်ချလို့

အာရုံတွေ မလောက်မငှဖြစ်တယ်


အားနာခြင်း 
ကြောက်ရွံ့ခြင်းတွေ

ပြက္ခဒိန်ပေါ် ဆွဲဆွဲတင်

သစ်ပင်တွေ အနှစ်ရမှ

ဟောဒီ 

ပါးစပ်က ပန်းတွေပွင်ဖြစ်တယ်။


နောက်ကြောင်းမကြည့်တတ်တဲ့ငါ

ကောက်ကြောင်းတွေ ထိတဲ့ငါ

ဆိုးသွမ်းခြင်း

ရူးမိုက်ခြင်း

ဝတ်ရုံတွေ ရက်ခြုတ်ဝတ်ဆင်တယ် ။

ခါးခါးသီးသီး စကားစုတချို့

နားညီးအောင်ပြောကြတယ် 

''ပေးဆပ်မှုက အချစ် ''တဲ့

ခဏခဏ ပြုတ်ထွက်မယ့်

နှလုံးသားတွေကို  

ခင်မင်မှုသံယောဇဉ်က ချည်နှောင်တယ်


ဘ၀မှာ ခဏတာ 

တဖ၀ါးစာ သူ့အရိပ် သူ့နိမိတ် ကို  စိတ်မှာထားတယ် 

အကြောင်း အကျိုး 

အကောင်း အဆိုး ထဲက

ကောက်ကြောင်း တစ်ခုကို ကောက်ရလို့

ကောက်ကွေ့  လိမ်ညာ ရက်စက်
စိတ်တစ်ခုက စေခိုင်းရာမှာ

ကောက်ကောက်ပါခဲ့ဘူးတယ်။

အရှိနဲ့ အသိမှာ

ရွေးဖို့ ချယ်ဖို့ ဆိုတာ

ငါမှာ မရှိဘူး ငါ့မှာ မသိဘူး 

ငါသိတဲ့အလှ

ငါ့မှာရှိတဲ့ ဘ၀နဲ့ တင့်တယ်စေမယ်

ငါ့မှာ ခမ်းနားတဲ့  ရင်ခွင်(တွေ)

ဆန်းပြားတဲ့ အချစ်တွေ ဆုဆောင်းထားတယ် 

ပျံသန်းခဲ့ပါ

ပြေးထွက်ခဲ့ပါ

အရင်းနှီးများတဲ့  ရင်းနှီးမှုကြားက 

အထပ်ထပ်ပေးဆပ်ရင်းဖြင့်

အားနာခြင်း 

ကြောက်ရွံခြင်းတွေ

ပြက္ခဒိန်ပေါ် ဆွဲဆွဲတင်

သစ်ပင်တွေ အနှစ်ရမှ
ဟောဒီ 

ပါးစပ်က ပန်းတွေပွင့်တယ်

မလောက်မငှ အာရုံတွေထဲက 
ရင်ခုန်မိတဲ့ ကောက်ကြောင်းတစ်စုံ

အထားအသိုတတ်စွာ 

သိုသိပ်မျိုချ

ဟောဒီ 

ရင်မှာတော့ ပန်းတွေ ပွင့်ဆဲပါ ကောင်မလေးရယ်။






  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်မိနေပြီ



ဒီလိုဆောင်းတွေ

ခဏခဏ ပြုတ်ကျဘူးတယ်

ငါ့ဘဝနဲ့ ငါ

ငါ့ညနဲ့ ငါ 


ဘာမှမဖြစ်ခဲ့ဖူးဘူး

ညီမျှတဲ့ ဂီတ 

ပီပီသသ ကြားတော့မှ

ဒီလိုဆောင်းည

သဇင်ပန်းတွေလှနေတယ်

လမင်းရဲ့ အရောင်တွေ

 နှမြှောလိုက်တာ

မသိလို့ မလိုချင်ခဲ့တာလေ

အခုတော့

ငါအာရုံတွေ မလုံလောက်တော့ဘူး


နှင်းစက်ဆွတ်ဖြန်းတဲ့ သဇင်

ဘယ်ဘက်ရင် အုံမှာ ပွင့်ပြီ

ဒါဟာ 

ဆောင်းရဲ့ အရသာလေ 

လေပြေညှင်းထက်

နှင်းမှုန်တို့ ကခုန်

သဇင်ရနံ့တို့ ဟိုဒီလျှောက်

အာရုံမလောက်မငှနဲ့ 

နှုတ်ခမ်းဖျားက ညီးတွားတယ်

"ချစ်မိနေပြီ''

တိတ်ဆိတ်တဲ့ရင်က 

ဆူညံစွာ အော်ကြည့်တယ်

"ချစ်မိနေပြီ"ကွယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှုလုံးသားထဲက မြူခိုးမဲ့ ကောင်းကင်


အမေ

အမေ့လက်နဲ့ 

လွှဲခဲ့တဲ့ ပုခက်ထဲက သား

အိပ်စက်နားနေဖို့

အို အေ အို ဆို တေးချိုနဲ့ သိပ် 

သားမအိပ်ရင်  ကြောင် ကြီးကိုက်လိမ့်မယ်

ချော့ကာခြောက်ကာ 

အိပ်စက်ပါသားရယ်  တဲ့။



မြေပြင်လွှာကို ခြေချဖို့

အမေ့လက်တွေ အားပြည့်ပါတယ်

လှမ်းနိုင်ပြီ

ဟုတ်ပြီ

ဖေးဖေးမမ သူသင်ပြတယ်

ငါ့သားလေး လမ်းလျှောက်နိုင်ပြီ တဲ့။


ဝလုံးနဲ့ ဘဲဥ

ဘဲဥနဲ့ ၀လုံး

ဒီလိုမှတ်ပေါ့သားရယ်

ရင်ချင်းအပ် လက်ချင်းထပ်

ပါးစပ်က အထပ်ထပ် ဆို


ဘကုန်းရေး ဘ ၀လုံးရေး ဝ

အစအစပေါ့။



တာဝန်ကျလို့ တာဝန်ကျေစေတာမဟုတ်ဘူး

အမေ့ရင်ကိုက အရင်က မွေးဖွားခဲ့တာ

သားအတွက် 

မေတ္တာတွေ တသိုက်ကြီးတဲ့လေ။



ကျောင်းနေရွယ်

ကျောင်းကိုလိုက် 

လက်ကိုပိုက်

ရန်မဖြစ်နဲ့

အမေ ၀တ်ဆင်တဲ့ အဖြူရောင် အင်္ကျီလေးတွေ

အင်ဖက်စုတ်နဲ့ ထမင်းထုပ်လေးပေး

ကြိုးစားပါသားရယ် 

အမေ သွားတော့မယ် နော် တဲ့။



အမေ့ အတွေးတွေ စိမ့်ကျ

အမေ့ချွေးတွေ စိမ့်ကျ

ဇရာထောင်းလို့ အိုတဲ့ အမေ 

မရဏမြေမှာ မခခင် 

သားကို ရှင်ပြုပေးချင်တယ်တဲ့လေ။




ရိုးတံ ပြိုင်းစုတ် နောက်မဆုတ်ပဲ 

သယ်ဆောင်ရွက်ပိုး 

ခေါင်းဖြတ်ထိုးဆိုတာ မကျန်

ချဉ်ပေါင်နှစ်ထုံး ၂-ကျပ်နှုန်းနဲ့

ရွာစဉ်လမ်းမ ခြေရာမလပ်ခဲ့ဘူး

အမှီးမပါတဲ့ ဖိနပ်က 

အမေ့ ခြေဖ၀ါးကို မလုံတော့ဘူး

စုတ်နေတဲ့ ခမောက်က 

ဘော်ငွေရောင် ဆံနွယ်ကို 


မလုံခြုံတော့ဘူး

အားလုံးဟာ သားအတွက်ပါ တဲ့လေ။


အမေ့ချုပ်လုပ် ၀တ်ရုံထုပ်ကို


ဆင်မြန်း တဲ့သား မျက်ရည် များ

ယိုစိမ့်ထွက်ကျပေါ့

အမေမြင်ချင်တဲ့ အရောင်

သားမောင်ဝတ်ပြီးပြီ အမေ

အမေ ဖြစ်စေချင်တဲ့ ပုံ

သားခြုံဝတ်ခဲ့ပြီ အမေ



အမေ 

အမေဆိုတဲ့ အိုအေအို တေးသံတွေ

ပုခက်လွှဲတဲ့ အမေ့ လက်တွေ

ရင်ချင်းအပ် လက်ချင်းထပ် 

သင်ပြပေးတဲ့  ဘဲဥလို ဝလုံးတွေ

တွန်းတွန်းတိုက်တိုက် ကျောင်းလိုက်စေတာတွေ

အမေ့ အားပေးသံလေးတွေ 

အမေမရှိမှ သားအသိမှာ


ပိုလို့ ပိုလို့   လေ ။



အမေ့ကျေးဇူးမြင့်မိုရ် ဦးမို့

ဆပ်ဖို့ မပြောနဲ့ ထပိုလို့တောင် မပြောရဲဘူးအမေ

ဒါပေမယ့် ကျေးဇူးပါ အမေ

ရည်ရည်စူးစူး

သားပြုဖူးတဲ့ ကောင်းမှုထူးတွေက

တောင်းဆုကိုပဲ ခြွေနေလျှက်

အမေ့အတွက်ပါပဲ လေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS