۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ဘုရားအစစ်



ဘုရားအစစ်ဆိုတာ


သစ္စာလေးပါးအမှန်တရားကို 

ထိုးထွင်းသိမြင်ပြီး


သူတပါးတို့ကိုလည်း သိမြင်အောင်

ဟောပြောတတ်သူကို ခေါ်တယ်။




ဒါကြောင့်  သစ္စာလေးပါး အမှန်တရားကို 


မသိရင်  အားကိုးစရာလည်း မဟုတ် 


ကြည်ညိုစရာလည်း မဟုတ် 


ကိုးကွယ်စရာလည်း မဟုတ်။



ဗုဒ္ဓဘာသာ မြတ်ဗုဒ္ဓက 


ဒီသစ္စာလေးပါး အမှန်တရားနဲ့ 


အကောင်း  အဆိုး  ၊ အကြောင်း  အကျိုး တွေကို


သေသေချာချာ ညွှန်ပြတတ်တဲ့ အတွက် 


တကယ် အားကိုး ထိုက်


ကြည်ညိုထိုက် 


ကိုးကွယ်ထိုက်တဲ့ ဘုရားအစစ်ပဲ။









  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တယူသန်ကို လွှဲရာ



အေးမြတဲ့  စမ်းလဲ
 
နေမင်းရဲ့အောက်မှာ  ခမ်းတယ်

မွှေးပျံ့လန်းဆန်းတဲ့  ပန်းတွေ လဲ

နေမင်းရဲ့ အောက်မှာ နွမ်းတယ် 

ဘ၀ခရီးသွားတဲ့ ခရီးသွားတွေလဲ

အရိပ်တွေ အောက်မှာ နေမင်းကိုပုန်းရတယ် 

နေကိုမုန်းလဲ နေပူမရော့

နေကိုချစ်လဲ နေပူမရော့

သဘာဝအတိုင်းပါပဲ 

ငါ့ရဲ့ အထက်မှာ

သူသွားလိုရာကို သွားနေတယ် 

ပူလိုက်တာကိုပြောမယ့် အစား

စိတ်ထဲမှာ ခရီးသွားတစ်ယောက်လို 

ခရီးသွားသူရဲ့ အကြံရမိပြီ

မေတ္တာအရိပ်အောက် ၀င်လိုက်ဦးမယ်။



။.................။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အစဉ်တကျ အက္ခရာများ



လူဘ၀ စကတည်းက 


ဟောဒီ ခေါင်းထဲ 


အက္ခရာတွေ စီချကျတယ် 

ညီညီမျှမျှလူတွေ 


ပီပီသဖြစ်ဖြစ်ကြတယ်


ရွှင်ရွှင်ပြပြလူတွေ


အသွင်ဆန်းသစ်ကြတယ်


ကိုယ့်အမိုင်းကို ရေးဖို့


စရုက်တွေ ရိုင်းကြည့်တယ်


ဖတ်လို့တော့မကောင်းဘူး


ကိုယ်ပိုင်အက္ခရာကတော့


လှလို့ ပလို့


ကျေကျေနပ်နပ်ပဲလေ 


ပတ်ဝန်းကျင်ရေးပေးတဲ့  အက္ခရာတွေ


ငါ့အပေါ် ပိလို့ ဖိလို့


အထား အသှိုမတတ်လို့


ငါ့အက္ခရာတွေ ဖိတ်စဉ်ကျတယ်


ဆွေးလို့  မြေ့လို့  ပုတ်လို့   ပွလို့

ခဏ ခဏ ရေးတဲ့ စာမျက်နှာတွေ 


ပြန်ပြန်ဖတ်ကြည့်တယ် 


ငါတွေတာတော့ နောင်တ ဆိုတဲ့ အက္ခရာတွေ များတယ်


အစဉ်တကျ အဆုံးသတ်ကြည့်တယ်


အရှုံးအမြတ်ကတော့


ဝလုံးအထပ်ထပ်ပဲ


မိုက်ချင်တာ မဟုတ်ဘူး 


ရိုင်းချင်တာ မဟုတ်ဘူး 


ငါ့ ဘ၀အက္ခရာကိုက 


ဒီလိုပဲ စီလို့ သီလို့လေ 



ဘ အစ ၀ အဆုံး 


အက္ခရာတွေ ကျုံး ကျုံးအော်တယ်


နောက်တစ်ခါ  အက္ခရာ တွေ စီချမှ


စာမျက်နှာတွေ လှအောင် ပအောင်  ရေးဆွဲတော့မယ် 


ရေးဆွဲပါရစေ...။



။.............။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွမ်းဆွတ်တိတ်ဆိတ် ဗုဒ္ဓပုံရိပ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS