۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.
Showing posts with label စာပိုဒ်အချို့. Show all posts
Showing posts with label စာပိုဒ်အချို့. Show all posts

ကဗျာဆရာကိုသတ်တာဘယ်သူတဲ့လဲ?

ကဗျာဆရာကိုသတ်တာဘယ်သူတဲ့လဲ?
 
              ညခင်းတစ်ခုကို လမင်းတစ်ခုကစိုးမိုးလို့ အခိုးအငွေ့တွေနဲ့
အရင်ကညတွေကို အငွေ့ပြန်လို့ ညစွဲတွေ တစ်ချပ်ခြင်း
လှန်လှောနေတဲ့ ကဗျာရေးသူတစ်ယောက် တွေးတော
ငေးမောနေလေရဲ့။
               
             သူ့ဘေးမှာ ခပ်နွမ်းနွမ်းစာအုပ်ငယ်နဲ့ ခဲတံတစ်ချောင်း
တောင်စောင်းတစ်ခုရဲ့ ကောက်ကြောင်းမှာ မသဲမကွဲ ကြယ်လေးတွေတစ်ချို့ကို
တိတ်ဆိတ်စွာ ပြောပြနေတယ်။
        
           သူဟာစကားမပြောတတ်ပါဘူး  သူ့ရင်ဘတ်ကပဲ စာရွက်တွေပေါ်မှာ
ကြယ်လေးတွေခေါ်လို့ သူမျှော်နေတဲ့အကြောင်း  သူလွမ်းနေတဲ့အကြောင်း
သူဝမ်းနည်းနေတဲ့အကြောင်း ကြေမွှခံရ ခြွေချခံရတဲ့ နှလုံးသားတစ်ကို
ညစ်ထုတ်ပြီး ပြောသွားတယ်။
                      “ငါကိုသတ်တာဘယ်သူလဲ”တဲ့ အတွေးအစွန်းရောက်အောင် မေးခွန်းဆန်ဆန်က ဆွေးလွန်းလှတယ်
နောက်တစ်ရွက်မှာက“ တောင်းဆု”တဲ့ ခေါင်းစဉ်တစ်ခုပဲတတ်ထားတယ်
အမှတ်အသားနဲ့ ရေးသား စာကြောင်းအသွားအလာကတော့ တွေ့ပါတယ်
“ဗြောင်လိမ်သွားတဲ့ မိန်းမသားများနောက်မဆုံပါရစေနဲ့”တဲ့
ခံစားမှု ပြင်းပြင်းထန်ထန် တိုက်ခတ်ခံရတဲ့ ကဗျာဆရာဆရာတစ်ယောက် ဆွဲကြိုးမချခင်
ဆွဲထိုးခံရတယ်ထင်တယ်။
                 သူအဖြစ်က သူအချစ်ကို မလေးမစားတဲ့သူတစ်ယောက်ကိုပဲ ဆွဲချက်တင်ရမလား?
            သူရင်ခွင်ကိုသွန်ချတော့ ခြောက်သွေ့ပျက်ပြယ်ပုံဟောင်းတစ်ပုံတွေ့တယ်
မရဲတဲ့ခွန်အားနဲ့ ပုံရဲ့နောက်မှာ ရေးသားထားတာက “တောင်းဆုကို အကြောင်းပြုလို့ မှောင်မဲတဲ့ညနဲ့ နောင်ခွဲရမှာကို အရမ်းကြောက်တယ်  မ”တဲ့
မရေမရာ ဖွေရှာကြည့်ပြန်တော့................


သူမျက်လုံးအိမ်ညာဘက်ဒေါင့်မှာ ကြိုးပြတ်နေတဲ့ ဂစ်တာအိုလေးတစ်ခု
သူ့နားရဲ့ ညာဘက်ဒေါင့်မှာ ခေါ်သံတွေကအထပ်လိုက်
ဒါဆို ကဗျာဆရာကိုသတ်တာဘယ်သူလဲ?
ကဗျာဆရာကိုသတ်တာဘယ်သူလဲ
သေဆုံးသွားတဲ့ကဗျာဆရာဟာ သူပြောချင်တဲ့ သူ့ရင်ထဲက စကားတွေ ၀အောင်မပြောရပဲ
ငိုညီးပြီး ယိုစီးတဲ့  သံယောဇဉ်မိုးစက်ငယ်တွေနဲ့ အလူးလူးအလဲလဲ ကွဲကွဲကြေကြေ
ခံစားသွားရတာ  သူ့စိတ်နဲ့ သူ့အရိပ်မှာ လောင်ရိပ်မိခဲ့တာ သူ့အပြောချိုချိုလေးတွေမှာ
နှစ်မျှောခံခဲ့ရတာ သူ့အတွက်ဆို အခုဘ၀က်ဆိုလဲ သွားရဲခဲ့တာ
သူမ ယူမရ မြူမရ ခြူချခဲ့တဲ့ သူသာ မြူမျှဖြစ်ခဲ့ရတာ
ကဗျာဆရာတစ်ယောက်ရဲ့ရင်ထဲမှာ အရင်ထဲက ဖြူစင်တာ ဒါပေမယ့်  သူ့မ  ယူငင်လို့
သူရေးတတ်တဲ့သူကဗျာတွေ နဲ့ သူနှလုံးသားတွေသေဆုံးသွားပါတယ်
အဲဒီသူမကို …………….
      ကဗျာချစ်တဲ့ အလင်းသူအလင်းသားများသေချာဆုံးဖြတ်ဝေဖန်ပေးကြပါ
သေဆုံးသွားတဲ့ ကဗျာဆရာကိုချစ်တဲ့ ကျတော်တော့မပြောပြတတ်အောင်
ရောချနေတတ်တဲ့ ရက်စွဲတွေနဲ့အတူ ကဗျာဆရာကိုယ်စား ကြေကွဲရုံပဲတတ်နိုင်ပါတယ်
ကဗျာဆရာကိုသတ်တာဘယ်သူတဲ့လဲ?
ကဗျာဆရာကိုသတ်တာဘယ်သူတဲ့လဲ?
ကဗျာဆရာကိုသတ်တာဘယ်သူတဲ့လဲ?
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာမလေးတို့ သိစေဖို့




ရာစုနှစ်တွေ အသစ်ဖြစ် 

စနစ်တွေ အားလုံးပြောင်း

ခေတ်ဟောင်းတွေ ချန်ရစ်

ခေတ်သစ်တွေ ဖန်တီးနေတဲ့

ဥာဏ်ကြီးတဲ့  ရာစုသို့

ကူးပြောင်းခဲ့ကြာပြီ ......

အကိုတို့မှာဖြင့်

ကိုယ့်ဘာသာ အကျိုးကိုလုပ်နေချိန်

ကိုယ့်မြန်မာ အမျိုးပြုတ်မှာကိုလည်း

ရတက်မအေး  ရင်လေးရတယ်ကွယ် ......


ညီမလေး တို့ရေ

မြန်မာဆိုတာ  ကမ္ဘာမှာ

ဗုဒ္ဒဘာသာတို့  ဌာန

မေတ္တာရှိတဲ့  တိုင်းပြည်

သစ္စာရှိတဲ့  နိုင်ငံ

ယဉ်ကျေးမှုတို့  တည်ရာ

လူလိမ်မာတို့  နေရာ 

တရားပြည့်တဲ့  အရပ်

ငြိမ်းချမ်းတဲ့  ဒေသ

ဒါတွေကို  သတိရ

သိကြဖို့ လိုမယ်ကွယ် ......



ညီမလေးတို့ ရေ

မိန်းကလေးတို့ အိနြေ္ဒ ရွှေပေးလို့ မရ

ခြေတစ်လှမ်း  ကုဋေတစ်သန်း

ဟန်တစ်ခါပြင်  ရွှေစင်ဆယ်တွင်း

ဗိုင်းကောင်း  ကျောက်ဖိ

အစရှိတဲ့  စကားပုံတွေဟာ

တို့ မြန်မာကို အကြောင်းပြု

ပေါင်းစုလို့ ထားတာပါကွယ် .......ညီမလေးတို့ရေ

မြန်မာမိန်းကလေးဆိုတာ

အလှ မက်ပေမယ့်

ဘ၀မပျက်ကြဘူး

ဓနဂုဏ်ကြိုက်ပေမယ့်

ဘ၀ပုံ မမိုက်ကြဘူး

အပျော်ထူးပေမယ့်

မတော် မကြူးကြဘူး

အလုပ်ခတ်ပေမယ့်

သရုပ်မပျက်ကြဘူး

အသဲနှလုံးရှိပေမယ့်

တစ်ပွဲသုံး မပြု့ကြဘူး

ချစ်တတ်ပေမယ့်

အပြစ်ဇာတ်မကကြဘူး

လည်ဟိုက်တွေနဲ့

တကယ်မမိုက်ကြဘူး

ဒူးကွဲတွေနဲ့ အရူးလဲမလုပ်ကြဘူး 

ဒါတွေကို ညီမလေးတို့

သိကြပါရဲ့နော် .....အတုမြင် အတတ်မသင်ချင်ပါနဲ့

မတူရင် မတုချင်ပါနဲ့

အဟုတ်လှတာလား

ဗရုပ်ကျတာလား

အသစ်ဖန်တာလား

မဖြစ်တန်တာလား

ယဉ်ကျေးတာလား

အထင်သေးစရာလား

အပျော်ကြိုက်တာလား

အတော်မိုက်တာလား

မော်ဒယ်အသွင်ရိုင်းတာလား

လော်လည်အလွန် ရိုင်းတာလား

ဒါတွေကို ဆန်းစစ်လို့

အရမ်းဖြစ်သင့်သလားဆိုတာ

ဝေဖန်သုံးသပ်

ဆုံးဖြတ်ဆင်ခြင်

ပြုပြင်ထိန်းသိမ်းလို့

သစ်တိုင်းမကောင်း

ဟောင်းတိုင်းမညစ်ဆိုတာ

သိစေချင်တယ်ကွယ်.....ညီမလေးတို့ရေ

ခေတ်ဆိုတာ မသိကြ

ဘ၀ဆိုတာ နားမလည်

အရုပ်ဇာတ်ကို အဟုတ်မှတ်ပြီး

အသိဥာဏ် မကြွယ်သေးတဲ့

ညီမငယ်တို့ ဘ၀လေးကို

ပိုးဖလံမျိုး မီးကို တိုးသလို

မြွေပွေး ခါးပိုက်ပိုက်သလိုမျိုး

အစိုးရိမ်ရဆုံးကပါကွယ် ........ညီမလေးတို့ရေ

ဘာသာလဲ မတူ

လူမျိုးလည်း ခြားနား

ဒီလို လူများကိုမှ

အားကျချင်သလားကွယ်

ကိုယ့်လူမျိုး  ကိုယ့်မြန်မာ

ကိုယ့်ဘာသာ ကိုယ့်သာသနာနဲ့

နေလာတာ ကြာညောင်းလို့

နှစ်ပေါင်းတွေလည်းများလှပြီကွယ်

အကိုတို့ ခေတ်

ညီမတို့ စနစ်မှ

မြန်မာနှင့်  ဘာသာတရား

အမျိုးပြွမ်းလို့ ညိုးနွမ်းခဲ့ရင်

ရာဇ၀င်မှာ စာတင်ရတာ

အများကြားလို့် နားခါးမှာပါကွယ် ....အခုဆိုရင်

တိုင်းတပါးသားတွေ ရောယှက်

ပေါသွက်သွက် လူကြောင်တွေနဲ့

ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို

တို့မြန်မာ  တို့အမျိုး

တို့လူမျိုး တို့ဘာသာမှာ

ပိုးဖောက်သလို တစ တစ

အမျိုးဖောက်လို့ ဘာသာလုနေကြတာက

အမျိုးပျောက်ဖို့ အကြောင်းအရင်းပါကွယ်......
..
အသားထဲက လောက်ဖြစ်

ကိုယ့်စည်း ကိုယ်ကျော်

ကိုယ့်တပ် ကိုယ်နင်း

ကိုယ့်ပေါင် ကိုယ်ထောင်း

ကိုယ့်လိပ်ပြာ ကိုယ်မရှက်ရင်

ကိုယ့်အတတ်နဲ့ ကိုယ်စူးပြီး

ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးလို့

ကိုယ့်ဇာတ်ကိုယ်နိုင်အောင်ကရမှာဆိုတာ

ယုံကြည်ကြပါကွယ်.......

ပျက်အစဉ်  ပြင်ခဏ

စစ်မရောက်ခင်  မြှားချွန်

မိုးမကုန်ခင် ထွန်ချ

အချိန်ရှိခိုက်  လုံ့လစိုက်ပြီး

မိုက်တာတွေ လိမ်မာအောင်

ရိုင်းတာတွေ ယဉ်ကျေးအောင်

မှားတာတွေ အမှန်ဖြစ်အောင်

မှောင်တာတွေ အလင်းရအောင်

မသိတာတွေ သိရအောင်

သတိဆောင်ကာ ၀ီရိယဖြည့်လို့

တို့တစ်တွေ ၀ိုင်းဝန်းးကာ

အများပေါင်း အကြောင်းလှစေဖို့

အားကောင်းစွာ ဖြေရှင်းကြစို့ကွယ်

သို့မဟုတ်ရင်ဖြင့်

တစ်နေ့နေ့  တစ်ချိန်ချိန်မှာ

ယာရှင်ကို  မျောက်မောင်းသလို

အဟောင်းဒေသကို ပြောင်းနေကြရမှာက

မြေကြီးလက်ခက် မလွဲဆိုတာ

နှလုံးသားမှာ စွဲကပ်

အမြဲမှတ်ကြပါလို့

တစ်မျိုးသားလုံးအတွက်

အရိုးသားဆုံးနဲ့

နှိုးဆော်လိုက်ပါရစေ

မြန်မာပြည်သွေး

မြန်မာပြည်မွေး

ညီမလေးတို့  ........။




သူငယ်ချင်းတစ်ယောက်မေးပို့ထားသောကဗျာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လက်တွဲဖော်ဆိုတာ


  •  
  • ယောက်ျားလေးချစ်သူဆိုတာ 

  • ၁)မိုးသက်လေပြင်းကျချိန် ချစိသူ စိုမှာစိုးလို့  
  •  
  • အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ
  •  
  • ၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ 
  •  
  • အဝေးကို ပြေးစေသူ
  •  
  • ၃)ချမ်းအေးတဲ့  ဆောင်းမနက်မှာ 
  •  
  • ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ
  •  
  • ၄)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ
  •  
  • ငှားပေးသူ
  •  
  • ၅)ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အကောင်းဆုံး 
  •  
  • အလှဆုံးဟာကိုယ်ပါလို့ပြောသူ
  •  
  • ၆)ဂျက်ကီချန်းကားတွေကြိုက်ပေမယ် လွမ်းဆွေးစရာ 
  •  
  • ကိုးရီးယားကားတွေကိုမပျင်းမရိဘဲကိုယ်နဲ့ အတူ 
  •  
  • လိုက်ကြည့်တတ်သူ
  •  
  • ၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည်
  •  
  • လိုက်ရေတတ်သူ
  •  
  • ၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး လက်ဆောင်ပစ္စည်းဝယ်ဖို့ မေ့တတ်သူ
  •  
  • ၉)သူ့ ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် 
  •  
  • အနမ်းတစ်ပွင့်နဲ့  နှစ်သိမ့်တတ်သူ
  •  
  • ၁၀)မျိုကကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး 
  •  
  • အားပါးတရ စားပြတတ်သူ
  •  
  •  
  •  
  •  
  • မိန်းကလေးချစ်သူဆိုတာ
  •  
  • ၁)ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် 
  •  
  • တင်းခံပြီးပြန်ငြင်းတတ်သူ
  •  
  • ၂)ချစ်သူရဲ့ ဂတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းတားပေမယ့် ဟ 
  •  
  • ”ကျွန်မကို ချစ်မိတာနောင်တ မရဘူးလား” လို့  လိုက်မေးတတ်သူ
  •  
  • ၃)လပ်းဖြတ်ကူတဲ့ အချိန် ချစ်သူရဲ့ ခြေလှမ်းအတိုင်း 
  •  
  • လိုက်လှမ်းချင်တဲ့ သူ
  •  
  • ၄)ချစ်သူရဲ့ရှေ့ မှာ မလှဆုံး၊ချစ်စရာ မကောင်းဆုံးဖြစ်မှာကို 
  •  
  • စိုးရိမ်တတ်သူ
  •  
  • ၅)လေပြင်းမုန်တိုင်းကျနေပါစေ 
  •  
  • ချစ်သူရဲ့လက်ကိုတင်းတင်းဆုတ်ကိုင်ပြီးကျော်ဖြတ်ရဲသူ
  •  
  • ၆)အချက်အပြုတ် မတတ်ဘဲ မီးဖိုတစ်ခုလုံးကို မွှေနှောက် ချစ်သူကို
  •  
  • ကိုယ်တိုင်ချက်ကျွေး ချင်တဲ့ သူ
  •  
  • ၇)ဗေဒင် လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး 
  •  
  • ချစ်သူနဲ့  ပေါင်းဖက်ရအောင်လုပ်သူ
  •  
  • ၈)ချစ်သူကို တစ်နေ့ မမြင်ရင် 
  •  
  • နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
  •  
  • ၉)ချစ်သူ မောပန်းတဲ့ အချိန်၊ စိတ်ညစ်တဲ့ အချိန်မှာ 
  •  
  • ရင်ခွင်ထဲ ထွေးပွေပြီးနှစ်သိမ့် တက်သူ
  •  
  • ၁၀)ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့  အနမ်းနဲ့ ချစ်သူကို 
  •  
  • မျှဝေးပေးတက်သလိုစိတ်ညစ် ၀မ်းနည်းမှုတွေကို
  •  
  • မျက်ရည်နဲ့ အတူချစ်သူ ကိုရင်ဖွင့်တက်သူ
  •  
  • ဟုတ်တယ်…ဒါဆိုချစ်သွားပြီထင်တယ်
  •  
  • ၁)ဘယ်လောက်ပဲ အလုပ်ရှပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး 
  •  
  • သူ့ ဆီကမက်ဆေ့ ဒါမှမဟုတ်ဖုန်းကိုစောင့်နေမိတယ်ဆိုရင် သူ့ ကို
  •  
  • ကိုယ်ချစ်မိသွားလို့ ပဲ။
  •  
  • ၂)သူနဲ့ အတူ နှစ်ယောက်တည်း 
  •  
  • လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင် 
  •  
  • သူ့ ကိုကိုယ်ချစ်မိသွားလို့ ပဲ။
  •  
  • ၃)အတူရှိနေတဲ့ အချိန် သူ့ ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့်
  •  
  • ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင် 
  •  
  • လိုက်ရှာတတ်တာ သူ့ ကိုကိုယ်ချစ်မိသွားလို့ ပဲ။
  •  
  • ၄)သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လိုတာထက် 
  •  
  • ပိုစိုးရိမ်မိရင် သူ့ ကိုကိုယ်ချစ်မိ သွားလို့ ပဲ။
  •  
  • ၅)တစ်ခြားလူအပေါ် သူစေတနာပိုမိလို့  ကိုယ့် စိတ်ထဲ ကနေ 
  •  
  • မနာလို အူတို မိရင် သူ့ကို ကိုယ်ချစ်မိသွားလို့ ပဲ။
  •  
  • ၆)သူ့ ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး 
  •  
  • ကိုယ့်နှုတ်ခမ်းလေးတွေပါလိုက်တွန့်  တတ်ရင်သူ့ ကို 
  •  
  • ကိုယ်ချစ်မိသွားလို့ ပဲ။
  •  
  • ၇)ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို 
  •  
  • ကိုယ်သတိရနေမိရင် သူ့ကိုကိုယ်ချစ်မိသွားလို့ ပဲ။
  •   
  •  
  • (အမည်မသိ) 
  •  
  •  

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စရိုက်




ကျွန်ုပ်ရှေ့က  ဦးဆောင်မသွားနဲ့ 

နောက်က ကျွန်ုပ်မလိုက်ဘူး။

ကျွန်ုပ်နောက်က  လိုက်တာမျိုးမလုပ်နဲ 


ကျွန်ုပ်ဦးဆောင်မသွားနိုင်ဘူး။


ကျွန်ုပ်ရဲ့ဘေးက လျောက်ပါ 


ဒါဆို သင်ဟာ ကျွန်ုပ်ရဲ့မိတ်ကောင်းဆွေကောင်းဖြစ်မှာပါ။


(အဆိုအမိန့်တစ်ခု)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရွာထိပ်ကအမေ့ပုံရိပ်



နှင်းများဖွဲဖွဲကျ

အအေးဓါတ်ကစိမ့်ချိန်

အနွေးရှိန်လေးတစ်ခု

ခံစားချက်အစုမှာ ၀င်ရောက်စဉ်

မျက်ဝန်းပြင်တွေလည်း

အောက်သက်သက်နဲ့

ဟို………ဘက်တစ်ချိန်တုန်းက

အမေ့ပုံရိပ်လေးက အနွေးထည်။

ချည်ကြိုးကသန်မာ

ပညာရှာမယ့် သားငယ်ထက်


ပြေးထွက်မယ့်သားငယ်အပေါ်


အချစ်များနဲ့ သံယောဇဉ်ကြီး


မျက်ရည်တွေပင် စီးဆင်းကျ


သြော်………ရွာထိပ်ကပုံရိပ်သွင်


သြော……ရွာထိပ်က မေတ္တာရှင်


အလွမ်းချောင်း အစဉ်မှာ စီးဆင်းခဲ့ပါပေါ့………….။


အသင်ကဗျာဆရာ

ကဗျာရေးချင် အလှမြင်ရတယ်ဗျ

အဆုံးမတွေ့သေးတဲ့ အလှ

ပြောပြမယ် မြင်ဘူးလား……ဆရာ

အမေတဲ့ဗျာ………….။

နှလုံးတည်းနဲ့ကမ္ဘာကိုပြည့်သွားတာပဲ ။

အသင်ပန်းချီ ဆရာ

ပန်းချီ ရေးချင် အလှမြင်တဲ့ဗျ

ဆေးသားတွေတောင် သနစေတဲ့ အလှရှိတယ်

အမေတဲ့ဗျာ ….။

ကမ္ဘာကြီးတောင် အရောင်မွဲသွားတာပဲ ။

ပန်းချီကဗျာ ဘယ်ပညာနဲ့

ဘယ်မှာချယ်စေ …

မေတ္တာမယ်မယ် အမေ၀ယ်ကား

များလှမကုန် အလှစုံလို့

ရှုံးကုန်ကြ လေပြီတကား …..။



သူငယ်ချင်း၏ အမေ့စာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘယ်နေရာမှာနေနေ အလှဆုံးဆိုတာ အမေ



အနံ့သက်ဆိုးဆိုးနဲ့

သူထိုင်နေတဲ့နေရာ

ဘေးဝဲယာနဲ့အောက်ပြင်

ဝန်းကျင်ပတ်လည် အမှိုက်တွေနဲ့

အမှိုက်ကောက်သူမဘ၀လေး…

မသတီစရာ အမှိုက်ပုံထက်

ပြုံးလျှက် ပျော်လျှက်

စိတ်ဆိုးဟန်ပြလိုက်

ပြုံးပြလိုက် ပြောပြလိုက်

အမိန့်ပေးလိုက်နဲ့

ဆရာမစတိုင် ဆရာမဂိုက်ဖမ်း

“လက်ပိုက် လိုက်ဆို“

“ကကြီး ခခွေး“

သားငယ်လေးကိုပညာသင်လျှက်

လ၀န်စက်အလင်းအောက်က

လမင်ထက်သာတဲ့မေတ္တာတွေ ဖြာကျနေတယ်။

ဘေးကမြင်မိတဲ့အဲဒီနေ့

တသက်မမေ့နိုင်ဘူး

အမေဆိုတဲ့ဝေါဟာရနဲ့ သူ့ရဲ့မေတ္တာ

သူ့ဘ၀နားမှာမနေစေချင်

သူ့ဘ၀မခင်စေချင်မှုတွေနဲ့

သားငယ်လေးကိုပညာသင်

အမှိုက်ထဲကရွှေစင်ဖြစ်ဖို့

ဆရာမဂိုက် အိုက်တင်တွေက

ပမာယှဉ်စရာမရှိအောင် လှခဲ့တာ

“အမေ“ဆိုတဲ့ဝေါဟာရနဲ့ သူမဟုတ်လားဗျာ…။

 
သူငယ်ချင်း၏ အမေ့စာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်ကြောင့် သောကပင်လယ်ဝေ မေမေ


မြေပြင်ထွက် သစ်ပင်

သီးချိုပင်တွေရှိတယ်

သီးခါးပင်တွေရှိတယ်

သီးမဲ့ပင်တွေရှိတယ်

ပန်းဝေတဲ့အပင်ရှိတယ်

ပန်းမဝေတဲ့ အပင်ရှိတယ်

ဘယ်လိုပင်ရှိစေတော့

မြေပြင်ကတော့ ပေးဆပ်မြဲပါပဲ…..။

အမေ့ရင်ခွင်ထွက် ရင်သွေး

ဆိုးတဲ့ သားသ္မီးတွေရှိတယ်

ကောင်းတဲ့ သားသ္မီးတွေရှိမယ်

ဘယ်လိုပင်ရှိစေတော့

အမေ ကတော့ ပေးဆပ်မြဲ ချစ်မြဲပါပဲ….။

လောကဓံကြမ်းကြောင့် ထွက်

စကားလုံးတွေ ဆိုးချင်ဆိုးမယ်

ကိုယ်အမူရာတွေ ကြမ်းချင်းကြမ်းမယ်

ဘယ်လိုပင်ဖြစ်စေတော့

သူ့ဘ၀ထဲက သားသ္မီးတစ်ယောက်ထွက်သွားခဲ့ရင်

အချစ်ကြောင့်………

အမေဟာ……သောကဆင်းရဲကို

ပင်လယ်ရေသောက်သလို သောက်ခဲ့ရတယ်

အဲဒါ….အချစ်ကြောင့်ပါပဲဗျာ……….။



















ပြာသိုလ်လပြည့် အမေ့နေ့ အမှတ်တရ

သူငယ်ချင်း၏ အမေ့စာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သေခြင်းသည်သာ

 

 

မဃဒေ၀ ဆုံးမစာ ( သေခြင်းသည်သာ )

 
 
 မှတ်ခါစွဲယူ၊ များဗိုလ်လူတို့၊ နိဗ္ဗူမရ၊ ဆင်းရဲကြလိမ့်၊ 
 
လောကသုံးခွင်၊ ဘုံအပြင်တွင်၊ ဖြစ်လျှင်ပျက်မြဲ၊ မှန်မလွဲတည့်၊ 
 
သုံးစွဲ ဖို့ရာ၊ မြတ်ဥစ္စာတို့၊ ကံကြမ္မာပေး၊ ရပြန်သေးက၊
 
 ပျက်ရေးတစ်ဖန်၊ တွေ့ကြုံပြန်၏။
 

ချစ်လျံဝေေ၀၊ ချစ်ဆွေတွေနဲ့၊
 
 ချစ်လေသမျှ၊ ပေါင်းဆုံကလည်း၊ 
 
ကွဲရသည်မှာ၊ မလွဲသာတည့်။
 
ရှည်စွာအသက်၊ တည်ရှိလျှက်လည်း၊ 
 
ပုခက်နဲ့ ပေ ဝေးလေလေ၍၊
 
နီးလျှင်ပျဉ်ခေါင်း၊ အမှန်အောင်းလိမ့်၊ 
 

အကြောင်းမလျှော်၊ သုံးရက်ကျော်က၊
 
ပုပ်စော် ညှီနံ၊ ရန်တွေ့ပြန်သို့၊ 
 
အမှန်ချစ်သူ၊ မကပ် မူပဲ။၊ 
 
လစ်လျူရှုသုံး၊ တကယ်မုန်း၏။
 
နောက်ဆုံးရောက်ခါ၊ မြို့ပြည်ရွာနှင့်၊ 
 
ဆွေညာအများ၊ စွန့်ပယ်ရှား၍၊ 
 
သွားရအပြီး၊ လူမနီးတည့်၊
 
တောကြီးမြိုင်ယံ၊ မြေသုဿာန်၌၊ 
 
(ရောက်ပြန်မရှိ) မြှုပ်နှံဘိခြင်း၊ ခြောက်ပေတွင်းဝယ်၊
 
 စင်းစင်း အိပ်ကာ၊ မလှည့်သာပဲ၊ 
 
နေရနည်းကို၊ စွဲမြဲမှတ်ကာ၊ ဆင်ခြင်ပါလော့၊ 
 

သင်္ခါရချုံ၊ လောကီဘုံ၌၊ ခိုလှုံဝင်ခံ၊ ပုထုဇဉ်ကို၊ 
 
လောကဓံလွတ်ကြောင်း၊ ဆုပန်တောင်း၍၊ 
 
လမ်းကြောင်းမဂ္ဂင်၊ ရှစ်အင်ဓမ္မ၊ အ၀၀ကို၊ 
 
နေ့ညမကွာ၊ ကြိုးစားရာသည်၊
 
ခေမာရောက်မှ၊ အေးမည်တည်း။
 
 
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခင်ပွန်းကြီး ဆယ်ပါး

မပြစ်မှားသင့် မပြစ်မှားထိုက်သော ခင်ပွန်းကြီး (ကျေးဇူးရှင်) (၁၀) ပါး

  • ဗုဒ္ဓ ရှင်တော် မြတ်ဘုရား
  • ပစ္စေက ဗုဒ္ဓ (သီးခြားပွင့်သော ဘုရား)
  • ရဟန္တာ
  • လက်ဝဲရံ ၊ လက်ယာရံ အဂ္ဂသာဝက ကြီးများ
  • အမိဖြစ်သူ
  • အဖ ဖြစ်သူ
  • ဂုဏ်သိက္ခာရှိ၍ လေးစားထိုက်သော ပုဂ္ဂိုလ် (အသက်အရွယ် ၊ မျိုးရိုးပညာ ၊ သီလ သမ္မာဓိ ကြီးမြတ်သူ)
  • မိမိအား သင်ပြ ဆုံးမဖူးသော ဆရာသမား
  • အလှူဒါန ၊ သီတင်းသီလနှင့် မွေ့လျော်သူ
  • အသိဥာဏ် ရှင်းလင်းအောင် ဟောပြောတတ်သူ
ဤ ခင်ပွန်းကြီး ဆယ်ပါးပေါ် အဖန်တလဲလဲ မေတ္တာပွားအပ်၏ ။ တစ်ယောက်သော သူကိုမျှ မပြစ်မှားအပ်။ 


အကျိုး ၁၀-ပါး

၁။ တစ်ပါးရွာသို့သွားလျှင် အစားအစာမရှားပါးခြင်း။
၂။ ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း။
၃။ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ခြင်း။
၎။ မျက်နှာမြင်က ချစ်ခင်သူပေါများခြင်း။
၅။ ပွဲလယ်၌ ရဲရင့်ခြင်း။
၆။ မိမိ၏ ကျေးဇူးသတင်း ပျံ့လွင့်ခြင်း။
၇။ အခြံအရံ အမြဲမပြတ်ရှိခြင်း။
၈။ ဆင် မြင်း ကျွဲ နွားပေါများ၍ စပါးဆန်ရေ မပျက်စီးခြင်း။
၉။ တောင်စောက် ချောက်ကမ်းပါး၌ ကျသော်လည်း မသေခြင်း။
၁၀။ သားသမီးနှင့်တစ်ကွ အခြေအမြစ်ကြီးကျယ်ခြင်း။
    • ခင်ပွန်းကြီးဆယ်ပါးအမည်ဖြင့်တော့ ဘုရားဟောမရှိပါ

    http://wikimyanmar.co.cc/  ကိုကျေးဇူးတင်၏ 

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်ဆိုသည်မှာ



အချစ် အချစ် ချစ်တိုင်းချစ်က 

သောက်လေ သောက်လေ 

ငတ်မပြေတည့် ဆားငံရေနောက် 

ငတ်တိုင်းသောက်က

သောက်လေ သောက်လေ ငတ်မပြေသို့ 

ပေမအရာ တဏှာ ဖွဲ့ရစ် 


ထိုအချစ်လည်း အပြစ်မမြင် မဆင်ခြင်ပဲ 


ချစ်လျင်ချစ်နိုး ချစ်စပျိုးသည်


ချစ်ရိုးချစ်စဉ် ချစ်လမ်းတည်း။



(လယ်တီ)
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘုရားအစစ်



ဘုရားအစစ်ဆိုတာ


သစ္စာလေးပါးအမှန်တရားကို 

ထိုးထွင်းသိမြင်ပြီး


သူတပါးတို့ကိုလည်း သိမြင်အောင်

ဟောပြောတတ်သူကို ခေါ်တယ်။




ဒါကြောင့်  သစ္စာလေးပါး အမှန်တရားကို 


မသိရင်  အားကိုးစရာလည်း မဟုတ် 


ကြည်ညိုစရာလည်း မဟုတ် 


ကိုးကွယ်စရာလည်း မဟုတ်။



ဗုဒ္ဓဘာသာ မြတ်ဗုဒ္ဓက 


ဒီသစ္စာလေးပါး အမှန်တရားနဲ့ 


အကောင်း  အဆိုး  ၊ အကြောင်း  အကျိုး တွေကို


သေသေချာချာ ညွှန်ပြတတ်တဲ့ အတွက် 


တကယ် အားကိုး ထိုက်


ကြည်ညိုထိုက် 


ကိုးကွယ်ထိုက်တဲ့ ဘုရားအစစ်ပဲ။









  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS