۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကျေနပ် ကြေကွဲည


အလင်းတစ်စ နှင်းခတဲ့ည

ရှိုက်သံသဲ့သဲ့ရင်တစ်ခွင် 

သူမမြင်အောင် မြတ်နိုးတယ်

တမ်းလို့တလို့ 

မျက်လုံးပေါ် စင်္ကြန်လျှေက် 

တဒေါက်ဒေါက် ခေါက်တဲ့ 

နှလုံးသားဝက ပုံရိပ်လွှာတွေ 

ထင်ယောင်ထင်မှား 

သူများဖြစ်လေမလားပေါ့ 

အဆုံးမသတ်တဲ့ 

တခန်းရပ် ပြဇာတ်တစ်ပုဒ် 

ရေးထုတ်တဲ့သူရယ် 

သတိရလေ တိတ်ဆိတ်လေ 

တိတ်ဆိတ်လေ သတိရလေ ထဲက 

အမှတ်တရ ည

ပြာလဲ့လဲ့ကောင်းကင်

ရင်တဒေါင့် မှာ လမင်းအိပ်စက် 
မှေးစက်ခဲ့တဲ့  အိမ်မက်မှာ 

တိတ်ဆိတ်တဲ့ အရာတွေ  တိတ်ဆိတ် 

ဆူညံတဲ့အရာတွေ ဆူညံ 

အဲဒီလို အမှတ်မဲ့ခဲ့တာတွေ 

အမှတ် ရနေမိတယ် 

ဘ၀တွေရင်း  အချစ်တွေ လုပ်

အချစ်တွေခင်း  ဘ၀တွေ ထုတ်ကြတာလေ 

အဆုံးဖြတ်မပေးပဲ 

အဆုံးသတ် စတေးခဲ့တဲ့ည

ပုံရိပ်တွေဖျော်တဲ့ ၀ိုင်တစ်ခွက် 

အေးစက်စက် သောက်ခဲ့ရတာပေါ့ 

ဆက်လက် ဆက်လက်၍လဲ 

အေးစက်စက်သာ သောက်ရတော့မယ်လေ။။

.......



ပုံပြင်တွေပြောတဲ့ကောင်မလေးတယာက်အတွက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်ခြင်းအတွက်ဂုဏ်ပြုတေး


ကောင်မလေးရေ

မင်း ပစ်ခွင်းလိုက်တဲ့

ချစ်ခြင်းရဲ့ကြည်တစ်တောင့်

ငါ့ရင်ထဲကို ခြေသံမဲ့ဝင်ရောက်နေတာ

ငါ…မသိခဲ့လို့ပေါ့………

ခုတော့ဟာ…….

နမောနမဲ့နိုင်ခဲ့တဲ့ ငါ့အသည်း

အဖော်မဲ့ကာမှယိုင်လဲပြီထင်ပ


မင်းကိုတမ်းတခြင်းတွေက

စိတ်ဝိညာဉ်တစ်ခုလုံးကိုဝါးမြို

သက်ပြင်းတွေအကြိမ်ကြိမ်ပြိုကျလို့

နောင်တ တွေလဲချာချာလည်နေရပါပြီ…

မင်းမသိနိုင်တော့ပေမဲ့

မင်းရှိနိုင်မဲ့အရပ်ကိုမှန်းမျှော်ကာ

နမောနမဲ့နိုင်ခဲ့တဲ့ ငါ..

မင်းရဲ့ချစ်ခြင်းတွေအတွက်

ငါ့ရဲ့ဆုလာဘ်အဖြစ်

မျက်ရည်မြစ်တစ်စင်းနဲ့

ဂုဏ်ပြုလိုက်ပါတယ် ကောင်မလေးရယ်………။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မျက်ရည်လွန်အလွမ်းတေး


သတင်းဆိုး အတင်းတိုးဝင်တယ်

 စပါယ်တွေ အရောင်ပြောင်းလို့တဲ့ 

ကြေကွဲမှု့တွေ က ဆက်စပ် 

သတိရမှုတွေက တလှပ်လှပ် 

ရင်ထဲက နွေထက် 

မျက်ရည်မိုးတွေ တစက်စက် ပဲ

 နာကျဉ်တယ် 

နာကျည်းတာ မဟုတ်ဘူး 

အတိတ်တွေ ပစ္စုပ္ပန်ဖြစ်လို့ 

ပုံရိပ်ဟောင်းတွေ ရောထွေး 

တိမ်တိုက်က တိုက်အိမ်တွေ ပြိုကျ 

ကံကြမ္မာကတစတစ 

မှင်ရည်ကျဲလာတဲ့ ဘ၀ကိုပဲ ပစ်တင် ရွံ့မုန်းတော့မယ် 

ထားခဲလို့ သွားခဲ့ပြီ 

အဝေးတကာ့အဝေးကို 

ဒါပေမယ့်ကွယ် 

တိုက်ဆိုင်ရင် သတိရတယ် 

သတိရရင်လဲ တိုက်ဆိုင်တယ်

မလွမ်းဖို့ 

မျိုသိပ် တိတ်ဆိတ် တောင်

ချိတ်ဆက် တွယ်ယှက် 

မငဲ့ကွက်ပဲ 

ဖြတ်တောက် ပြန်သန်း

 ပြန်လမ်းမဲ့သူအတွက် 

ဆွမ်းကွမ်းရေချမ်းဆီမီးပန်းတွေ 

ဗုဒ္ဓရှေ့မှောက် ဒူးထောက်သစ္စာတည် 

ချန်လို့ပဲ ကျန်ကျန် 

ကျန်လို့ပဲ ချန်ချန် 

ကျမ္မာစေကြောင်း ဆုကောင်းတောင်းရင်း

 စစ်မှန် သော အရောင် 

သင်းပျံ့သော ရနံ့ 

လှပတဲ့  အဆင်း 

အသက်သွင်း နေမယ် 

ရူးသွတ် စွာ ရိုးသားမှု့အပြည့် 

ဖြည့်ဆည်းပေးပါရစေ 

နန်းအလယ်က ပန်းစပါယ်ရယ်...........။ 


 နေတစ်သောင်းခတဲ့ ရင် တ၀ပ်စာမှ 
 
ပျံထွက်သွားသော မြစ်တစင်း .........သို့......။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ညဖွဲ့

 
 
 
စန်းလဂ် မကောင်းတဲ့ ရှင်သန်မှုဟာ
 
ည ကိုးနာရီရောက်တိုင်း

 
ပုလင်းဖွင့်သံကို ကြားရတတ်တယ်။

ငတ်မွတ်ခေါင်းပါးခြင်းအကြောင်း

 
၀၀လင်လင် ပြောကြ

 
ဖန်ခွက်ထဲက ရေခဲတုန်းလေးတွေလို

 
တဖြည်းဖြည်း အရည်ပျော်ရင်း......

 
ပြေးမလွတ်တဲ့ လမ်းမပေါ်

 
ခွေခေါက် လဲကျရင်း......။

 

တစ်ယောက်ရဲ့ အိတ်ကပ်ကို

 
တစ်ယောက်က စူးစိုက်လို့၊

 
တစ်ယောက်ရဲ့ ရင်ခုန်သံကို

 
တစ်ယောက်ဆီ ပစ်ခတ်လို့၊

 
ချဉ်စုတ်စုတ် အယူအဆတွေက အစ

 
ပွယောင်းယောင်း စကားလုံးတွေ အဆုံး

 
တင်ပြမယ်၊ ဆွေးနွေးမယ်၊ ငြင်းဆန်မယ်။

 

ပြီးရင်

 
အလိုမကျမှုအားလုံးကို မျက်ခွံမိုးပြီး

 
အိပ်မက်ကိုယ်စီနဲ့ 

 
တစ်နေ့တာ သေဆုံးကြမယ်။ ။



ဆူးရင့်၊တန့်ဆည်၊

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS