۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

စာမျက်နှာ(၁)

လောကကမွေးဖွား

သွေးသားတို့ပြည့်စုံ

သန်းပေါင်း-၇၀၀-ရဲ့ 

ဒုတိယအရှင်သခင် 

မြင်သမျှ ဘ၀င်ကျစေတယ်

ဘကုန်းမသိ  

ဝလုံးမသိ 

သူ့အသိမှာ သူပျော်တယ် 

အချစ်မသိ 

အမုန်းမရှိ


သူ့အသိမှာ သူပျော်တယ် 

ငိုချင်ငိုတယ် 

ဝမ်းနည်းတာ  သုမသိဘူး 

ရယ်ချင်ရယ်တယ် 

ပီတီ ဖြစ်တာ သူမသိဘူး 

ကလေး 

အတွေးနည်းတယ် 

အဆွေးနည်းတယ် 

အကျိုးများ တိုးပွားဖို့ 

သန့်ရှင်းမှု့တွေနဲ့

ဖန်ဆင်းထားတဲ့

စာမျက်နှာ(၁)

သင်တို့ရင်တွင်း

ဝပ်ကျင်းဖွဲ့ပါရစေ။



.......................

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗီရဏီ


ရွှင်ရွှင်ပြုံးပြုံး
 
  မျက်လုံးမျက်ခွက်

 
လရောင်စက်သို့

 
 နားရွက်ဖြန့်ကား

 
ညွန့်ညွန့်ထွားမျှ

 
 မေးပါးသွယ်သွယ်


အာစပ်ဝင်းရွှေ

 
 ချေလည်းမပြောက် 

 
ကြန်လျေက်နှာယောင်


မျက်တောင်ကော့မြူး 

 
 နဖူးပြင်လှ

 
ရင်ဝလည်းမောက် 


 ဘိတ်ဘိတ်တောက်မျှ

 
ပြောက်ပြောက်စွန်းစွန်း


ဆေးထင်းပန်းသို့


လက်သန်းလက်ချောင်း
ရိုးပျောင်းနုနု 

 
ပီစွာထုလည်း

 
ရုပ်တုမရ 

 
မြမြ၀ါဝါ 

 
သပြာသွယ်သွယ် 

 
ဘော်များလယ်တွင် 

 
တင့်တယ်ဆင်းစံ

 
ထွန်းဝင်းလျှံမျှ

 
ငယ်သံတွတ်တွတ် 

 
စုလည်းလွတ်လျှက် 

 
ရုပ်ဓာတ်ပုံညီ ဗီရဏီ



(အင်းဝခောတ် ရှင်အဂ္ဂသာမိ၏ ဘုံခန်းပျို့  ဗီရဏီ နတ်သ္မီး၏အလှဖွဲ့)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မနှင်းဆီ ငိုရသော နေ့


နေ့ထဲ
ဘယ်လို နေနေရလဲ
နေပူလွန်းတော့ နေရတာက သိပ်အသက်မ၀င်သလို
သဘာဝ ရေ မြေ ဘေးအန္တရာယ်
ကြားရတဲ့ ငလျင်သတင်းတွေ
စိတ်ကျအား ပြင်းပြင်းပူးဝင်လာတိုင်း
အပျင်းပြေ ဆိုတဲ့ စကားလုံးကို မုန်းတတ်ခဲ့တာ
ဒီလိုနဲ့ တစ်ချိန်လုံးနီးနီး ကွန်ပျူတာရှေ့မှာ ငုတ်တုတ်
ဟိုလုပ် သည်လုပ် ဘာမှတော့ မဟုတ်ပြန်ဘူး
အပြင်ထွက်ဖို့လည်း စိတ်ကူးလို့ မရသလို
ညောင်းလာရင် စာအုပ်တွေဆွဲဖတ်
ကဗျာအကြောင်း ဖိုတိုရှော့အကြောင်း ဒီဇိုင်းအကြောင်း
ပြီးပြန်တော့ ပြန်လေ့လာ ပြန်လေ့ကျင့်
စိတ်ကူးထဲ ရှိသမျှ လျှောက်လုပ် လျှောက်စမ်းသပ်
ဘာမှတော့ မဟုတ်ပြန်ပါဘူး
ဒီလိုနဲ့ တစ်နေ့တာ ကုန်သွားလိုက်တာ
နေ့ရက်တွေ ဘယ်လောက်ကုန်ကုန်သွားပြီ မသိ
ဒါ ကဗျာ မဟုတ်ဘူးနော နော နိုး
စိတ်ကူးပေါက်သလို လုပ်ကြည့်ထားတဲ့ ပုံလေးတစ်ပုံ
စိတ်ကူးပေါက်သလောက် ကြည့်ပေး
က ဗျာ မေ ရး ဖြ စ် ဘူး ဆို တာ
အရိုးထဲအထိ ကြားအောင် ကိုယ့်ကိုယ်ကိုယ်
ပြောနေတယ် မျောနေတယ်
ကဗျာတွေကတော့ စိတ်နဲ့ ကိုယ်ရဲ့ အဝေးဆီ
သူစိမ်းဆန်ဆန် ပြေးနေဆဲ
လိုက်ဖမ်းလိုက်တိုင်း လွတ်နေဆဲ လစ်ဟာနေဆဲ
မနှင်းဆီ ငိုရသော နေ့ဟာ
တနင်္ဂနွေ တနင်္လာ အင်္ဂါ
ဗုဒ္ဓဟူး ကြာသပတေး သောကြာ
စနေ တစ်နေ့နေ့ ဘယ်နေ့လဲ မသိ
နေပူလွန်းတော့ နေ့ထဲ
ဘယ်လို နေနေရလဲ။ ။



ဆူးရင့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဖတ်ခွင့် မရှိတဲ့ ကဗျာ





ချည်နှောင်ပြီး အမိန့်ပေးလို့ မရတော့
စိတ်ဟာ အရိုင်းဆန်ဆန် လွမ်းတတ်ခဲ့တယ်
အနှောင့်အသွား မလွတ်တဲ့ သဘာဝတွေ ကွေ့ကောက်
သက်သက် အခွံသက်သက် လူစီးကြောင်းထဲ ဆွံ့အ
ကိန်းဂဏန်းမဲ့ ဖြစ်စဉ်အစိုင်အခဲက အသိတွေ 

ပိုပြီးလေးနက်လွန်းပါသတဲ့
ဘ၀လား ဘာကိုမှ မျှော်လင့်ခွင့်မရှိအောင် ထွန်းကားဆဲ
တစ်ဖက်က တစ်စုံတစ်ရာဟာ သိမ်မွေ့လွန်း နူးညံ့လွန်း မပွင့်လင်းလွန်း
ချစ်သူကို ရင်ကော့ပြီး ရင်ဆိုင်နေရတဲ့ ဇာတ်သိမ်းမှာ
ဧဒင်ဥယျာဉ်ကြီးအကြောင်း အသံမထွက်ဖြစ်အောင် နှုတ်ဆိတ်နေပါ
လိပ်ပြာသန့်ဖို့အတွက် စိတ်ပြာပြာကို 

အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမမရ
တစ်ဖက်က တစ်စုံတစ်ယောက်ရဲ့ အစစအရာရာဟာ
တစ်ဖက် တစ်စုံတစ်ယောက်က အစ အဆုံးဖြစ်ချင်တဲ့ လေးနက်မှု 
တစ်ဖက်က တစ်စုံတစ်ယောက်ရဲ့အခက်အခဲဟာ
တစ်ဖက် တစ်စုံယောက်က အစ အဆုံးရှုံးချင်တဲ့ ပေးဆပ်မှု
ကမ္ဘာတစ်ခုလုံးမျိုချပြီး အိပ်မက် မက်ချင်မက်မယ်
အစိမ်းရောင်မပါတဲ့ မီးပွိုင့်ပျက်တစ်ခုမှာ
တစ်စုံတစ်ရာ တစ်စုံတစ်ယောက်နဲ့ ထပ်တူ
ရပ်/တန့်/တိတ်/ဆိတ်သွားခဲ့
သိမ်မွေ့လွန်း နူးညံ့လွန်း မပြတ်သားလွန်းတဲ့
တစ်ဖက်က တစ်စုံတစ်ယောက် တစ်စုံတစ်ရာဆိုတာ
ဘယ်တော့မှ ဖတ်ခွင့်မရတဲ့ အဖြူရောင်ကဗျာတစ်ပုဒ်ရဲ့

ညှို့ငင်သောချစ်မေတ္တာအစစ်။ ။







ဆူးရင့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS