۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ဖတ်ခွင့် မရှိတဲ့ ကဗျာ





ချည်နှောင်ပြီး အမိန့်ပေးလို့ မရတော့
စိတ်ဟာ အရိုင်းဆန်ဆန် လွမ်းတတ်ခဲ့တယ်
အနှောင့်အသွား မလွတ်တဲ့ သဘာဝတွေ ကွေ့ကောက်
သက်သက် အခွံသက်သက် လူစီးကြောင်းထဲ ဆွံ့အ
ကိန်းဂဏန်းမဲ့ ဖြစ်စဉ်အစိုင်အခဲက အသိတွေ 

ပိုပြီးလေးနက်လွန်းပါသတဲ့
ဘ၀လား ဘာကိုမှ မျှော်လင့်ခွင့်မရှိအောင် ထွန်းကားဆဲ
တစ်ဖက်က တစ်စုံတစ်ရာဟာ သိမ်မွေ့လွန်း နူးညံ့လွန်း မပွင့်လင်းလွန်း
ချစ်သူကို ရင်ကော့ပြီး ရင်ဆိုင်နေရတဲ့ ဇာတ်သိမ်းမှာ
ဧဒင်ဥယျာဉ်ကြီးအကြောင်း အသံမထွက်ဖြစ်အောင် နှုတ်ဆိတ်နေပါ
လိပ်ပြာသန့်ဖို့အတွက် စိတ်ပြာပြာကို 

အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမမရ
တစ်ဖက်က တစ်စုံတစ်ယောက်ရဲ့ အစစအရာရာဟာ
တစ်ဖက် တစ်စုံတစ်ယောက်က အစ အဆုံးဖြစ်ချင်တဲ့ လေးနက်မှု 
တစ်ဖက်က တစ်စုံတစ်ယောက်ရဲ့အခက်အခဲဟာ
တစ်ဖက် တစ်စုံယောက်က အစ အဆုံးရှုံးချင်တဲ့ ပေးဆပ်မှု
ကမ္ဘာတစ်ခုလုံးမျိုချပြီး အိပ်မက် မက်ချင်မက်မယ်
အစိမ်းရောင်မပါတဲ့ မီးပွိုင့်ပျက်တစ်ခုမှာ
တစ်စုံတစ်ရာ တစ်စုံတစ်ယောက်နဲ့ ထပ်တူ
ရပ်/တန့်/တိတ်/ဆိတ်သွားခဲ့
သိမ်မွေ့လွန်း နူးညံ့လွန်း မပြတ်သားလွန်းတဲ့
တစ်ဖက်က တစ်စုံတစ်ယောက် တစ်စုံတစ်ရာဆိုတာ
ဘယ်တော့မှ ဖတ်ခွင့်မရတဲ့ အဖြူရောင်ကဗျာတစ်ပုဒ်ရဲ့

ညှို့ငင်သောချစ်မေတ္တာအစစ်။ ။







ဆူးရင့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment