ကဗျာဆရာကိုသတ်တာဘယ်သူတဲ့လဲ?
ညခင်းတစ်ခုကို လမင်းတစ်ခုကစိုးမိုးလို့ အခိုးအငွေ့တွေနဲ့အရင်ကညတွေကို အငွေ့ပြန်လို့ ညစွဲတွေ တစ်ချပ်ခြင်း
လှန်လှောနေတဲ့ ကဗျာရေးသူတစ်ယောက် တွေးတော
ငေးမောနေလေရဲ့။
သူ့ဘေးမှာ ခပ်နွမ်းနွမ်းစာအုပ်ငယ်နဲ့ ခဲတံတစ်ချောင်း
တောင်စောင်းတစ်ခုရဲ့ ကောက်ကြောင်းမှာ မသဲမကွဲ ကြယ်လေးတွေတစ်ချို့ကို
တိတ်ဆိတ်စွာ ပြောပြနေတယ်။
သူဟာစကားမပြောတတ်ပါဘူး သူ့ရင်ဘတ်ကပဲ စာရွက်တွေပေါ်မှာ
ကြယ်လေးတွေခေါ်လို့ သူမျှော်နေတဲ့အကြောင်း သူလွမ်းနေတဲ့အကြောင်း
သူဝမ်းနည်းနေတဲ့အကြောင်း ကြေမွှခံရ ခြွေချခံရတဲ့ နှလုံးသားတစ်ကို
ညစ်ထုတ်ပြီး ပြောသွားတယ်။
“ငါကိုသတ်တာဘယ်သူလဲ”တဲ့ အတွေးအစွန်းရောက်အောင် မေးခွန်းဆန်ဆန်က ဆွေးလွန်းလှတယ်
နောက်တစ်ရွက်မှာက“ တောင်းဆု”တဲ့ ခေါင်းစဉ်တစ်ခုပဲတတ်ထားတယ်
အမှတ်အသားနဲ့ ရေးသား စာကြောင်းအသွားအလာကတော့ တွေ့ပါတယ်
“ဗြောင်လိမ်သွားတဲ့ မိန်းမသားများနောက်မဆုံပါရစေနဲ့”တဲ့
ခံစားမှု ပြင်းပြင်းထန်ထန် တိုက်ခတ်ခံရတဲ့ ကဗျာဆရာဆရာတစ်ယောက် ဆွဲကြိုးမချခင်
ဆွဲထိုးခံရတယ်ထင်တယ်။
သူအဖြစ်က သူအချစ်ကို မလေးမစားတဲ့သူတစ်ယောက်ကိုပဲ ဆွဲချက်တင်ရမလား?
သူရင်ခွင်ကိုသွန်ချတော့ ခြောက်သွေ့ပျက်ပြယ်ပုံဟောင်းတစ်ပုံတွေ့တယ်
မရဲတဲ့ခွန်အားနဲ့ ပုံရဲ့နောက်မှာ ရေးသားထားတာက “တောင်းဆုကို အကြောင်းပြုလို့ မှောင်မဲတဲ့ညနဲ့ နောင်ခွဲရမှာကို အရမ်းကြောက်တယ် မ”တဲ့
မရေမရာ ဖွေရှာကြည့်ပြန်တော့................
သူမျက်လုံးအိမ်ညာဘက်ဒေါင့်မှာ ကြိုးပြတ်နေတဲ့ ဂစ်တာအိုလေးတစ်ခု
သူ့နားရဲ့ ညာဘက်ဒေါင့်မှာ ခေါ်သံတွေကအထပ်လိုက်
ဒါဆို ကဗျာဆရာကိုသတ်တာဘယ်သူလဲ?
ကဗျာဆရာကိုသတ်တာဘယ်သူလဲ
သေဆုံးသွားတဲ့ကဗျာဆရာဟာ သူပြောချင်တဲ့ သူ့ရင်ထဲက စကားတွေ ၀အောင်မပြောရပဲ
ငိုညီးပြီး ယိုစီးတဲ့ သံယောဇဉ်မိုးစက်ငယ်တွေနဲ့ အလူးလူးအလဲလဲ ကွဲကွဲကြေကြေ
ခံစားသွားရတာ သူ့စိတ်နဲ့ သူ့အရိပ်မှာ လောင်ရိပ်မိခဲ့တာ သူ့အပြောချိုချိုလေးတွေမှာ
နှစ်မျှောခံခဲ့ရတာ သူ့အတွက်ဆို အခုဘ၀က်ဆိုလဲ သွားရဲခဲ့တာ
သူမ ယူမရ မြူမရ ခြူချခဲ့တဲ့ သူသာ မြူမျှဖြစ်ခဲ့ရတာ
ကဗျာဆရာတစ်ယောက်ရဲ့ရင်ထဲမှာ အရင်ထဲက ဖြူစင်တာ ဒါပေမယ့် သူ့မ ယူငင်လို့
သူရေးတတ်တဲ့သူကဗျာတွေ နဲ့ သူနှလုံးသားတွေသေဆုံးသွားပါတယ်
အဲဒီသူမကို …………….
ကဗျာချစ်တဲ့ အလင်းသူအလင်းသားများသေချာဆုံးဖြတ်ဝေဖန်ပေးကြပါ
သေဆုံးသွားတဲ့ ကဗျာဆရာကိုချစ်တဲ့ ကျတော်တော့မပြောပြတတ်အောင်
ရောချနေတတ်တဲ့ ရက်စွဲတွေနဲ့အတူ ကဗျာဆရာကိုယ်စား ကြေကွဲရုံပဲတတ်နိုင်ပါတယ်
ကဗျာဆရာကိုသတ်တာဘယ်သူတဲ့လဲ?
ကဗျာဆရာကိုသတ်တာဘယ်သူတဲ့လဲ?
ကဗျာဆရာကိုသတ်တာဘယ်သူတဲ့လဲ?
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment