ငါငယ်ငယ်ကစ
ဒီအရွယ်ဘဝထိ
ကျေနပ်မှုမရှိတဲ့ အောင်မြင်မှု
လတ်ဆတ် မှုမရှိတဲ့ ရနံ့တွေနဲ့
ဘဝကို စခဲ့ရတာ
''ရှုံးနိမ့်ခြင်း''ဟုတ်စ
ငါ့ဘဝတစ်ခုလုံး ခြုံလွမ်းလျှက်ပေါ့
မယှဉ်ရဲဘူး
မယှဉ်နိုင်ဘူး
ရှုံးမှာကြောက်လို့
ကဗျာမရေးချင်ဘူး
ငါ့ကဗျာကြောင့်
အက္ခရာတွေ စွန်းထင်းမှာကြောက်တယ်
သမိုင်းလဲမထွင်ဘူး
သမာအာဇီဝကျပေမယ့်
သမာရိုးကျထက် ငါလွန်လွန်းနေလို့
အရာရာကိုလောဘကြီးတယ်
နေရာတကာမှာ ဒေါသကြီးတယ်
ငါ့စရိုက် ငါ့အမှိုက်နဲ့
ငါဟာ အမှိုက် ဖြစ်သွားရော
လောင်မြိုက်ခြင်းခံ
လောင်စာများဖြင့်သာ
ငါဟာ....
ငါဟာ....
ငါဟာ....
မဖုရားလေးအတွက်သာ။
2 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
အက္ခရာတွေစွန်းထင်းမှာ မကြောက်ပါနဲ့။ရေးပါ။
မဖုရားလေးကတော့ ပျော်ရွင်နေမှာပါကိုစောရယ်
Post a Comment