တလှုပ်လှုပ်နဲ့
အရှုပ်ထုတ်တစ်ခုလိုဖြစ်လာတော့
ပစ်ထုတ်ပစ်လိုက်ပါ
မျက်ရည်တော့
ညစ်ထုတ်မနေပါနဲ့
အရင်ကစ ရင်ကိုရင်းထားပါတယ်
မလိုရင်ထားခဲ့
ပိုရင်လဲ ထားခဲ့ ပေါ့
နှလုံးသားကိုကစားစရာမှတ်နေလား
ချစ်ရတာမောတယ်
အပြောကျယ်ပေမယ့်
တန်ဖိုးမထားတတ်တဲ့ သူကို
တဖန်အညှိုးမထားပါဘူး
ကဗျာမဖတ်တဲ့ ချစ်သူရေ
နင့်ရှေ့မှာကဗျာရေးပြခဲ့တာလောက်
ငါအပေါစားဆန်တာ အခုမှသိခဲ့တယ်
အကြည်တော်ရေးတဲ့ ထီးဆိုတဲ့ ကဗျာလို
လိုအပ်ရင်အသုံးပြုပါ
မလိုအပ်ရင် ချောင်ထိုးထားပေါ့
အလကားရတဲ့ အက္ခရာတွေကိုတော့အားနာမိရဲ့
ငါစိတ်တိုတိုင်းသူကိုဆွဲချပြီးရေးတတ်လို့လေ
ငါဘ၀ဟာ အရင်ကတည်းက
ညှိုးနွမ်းနေတာပါ
လရောင်ဆန်းလို့
ရှင်သန်စ အမြင်မှန်ရလာမှ
ရင်ပူစေတဲ့ အက်စစ်မိုးများရွာသွန်းခဲ့တာ
မလွဲမသွေ သေအောင်လုပ်တာမလား?
ကျေအောင်ဆပ်ပါမယ့်
ဟောဒီဝဋ်ကြွေးများ
ဒီဘ၀တစ်ခုလုံး စားသုံးလိုက်ပါ
စုန်းမငယ်ရယ်
အပြုံးမပြပေမယ့် ယူကျုံးမရဖြစ်မိပါတယ်
သူအပြုံးရစေခြင်းရယ်ပါ
ဒါပေမယ့်
ငါနှလုံးသားကိုစားသုံးတာ
နင့်ဟာဒုတိယပဲဖြစ်နေတယ်ဆိုတာ
နားလည်နော်။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment