ဖုန်တက်နေတဲ့ စာအုပ်တွေကြား
ဝါကျအစအနတွေပြန်ရှာ
ရှာဖွေ ဖွေရှာ
မရေမရာတော့မဟုတ်ဘူး
အရင်က ရင်က ခံစားဖူးတယ်
ဘယ်ရောက်သွားလဲ
ဘယ်လျှောက်သွားလဲ
တွေ့ပြီ
ခြောက်သွေ့နေတဲ့ ပန်းပိတောက်တွေ
ခပ်နွမ်းနွမ်းဓာတ်ပုံဟောင်းက
အတိတ်ကို ချောင်းကြည့်နေတဲ့
နှလုံးသားကို နိုးစေတယ်
အပြုံးအတွေးတွေနဲ့
ကျုံးနဘေးအလျှောက်မှာ
နင် လက်ကိုဆွဲလို့
ခြေလှမ်းတိုင်းမှာ ရယ်သံထွက်တယ်
ရယ်သံတိုင်းမှာ ပျော်ရွှင်ကြတယ်
အကြည့်ဆုံစိုင်း ပီတိလှိုင်းထတယ်
သူနဲငါ အပူမဲ့စွာ
လှပတဲ့ အနာဂတ်တွေ ရေးဆွဲ
ဝေး.....ကွဲ.....မတွေးရဲ
ပိတောက်ကိုဖက် ရေကိုပက်
လေအဝှေ့မှာ ကျုံးရနဲ့က မွေးလို့လေ
အဲဒါ
အရင်က ရင်က ခံစားဖူးတာပါ
အခုချိန်
နွေတစ်ရာ ရင်မှာစု
ဘ၀င်မှာ ပူလောင်လွန်းတယ်
ဘယ်ကိုရောက်
ဘယ်ကိုလျှောက်
နင်တစ်ယောက် ကျမ္မာလေစ
နင်တစ်ယောက် ချမ်းသာလေစ
ပျော်စရာကောင်းတဲ့ ဘဝ
ငါတောင်းတခဲ့တာပါ
အခုတော့
ခြောက်သွေ့တဲ့ပန်းပိတောက် ပေါ်
မျက်ရည်တွေ စိုလို့ရွှဲ
နမ်းရိုက်လွန်းတဲ့ ပုံရိပ်လေးလဲ အားနာတယ်
သတိရလွန်းတဲ့ တမ်းတတေးတွေလဲ အားနာတယ်
နွေကိုရောက်တိုင်း
ကြောက်ခြင်းနဲ ရင်ခုန်တာ ခြောက်သွေ့လွန်းလို့ြေ ကာက်ပါပြီ။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment