သဘာဝတရားရဲ့
လိုက်လျှောမှုကြောင့်
အတောင်တွေဝတ်ဆောင်ခဲ့ရပြီ
လေပြေတွေနဲ့အတူ
လိုရာခရီးပြန်သန်းဖို့တော့
ကိုယ်အားအင်ကိုယ် ထုတ်ဆန့်ရမယ်
မြေပြင်မှာရော
ဝေဟင်မှာရော
ပျံသန်း ပျော်မြူး တွန်ကျူးမယ်
ကြည့်လိုက်
အစုလိုက် အပြုံလိုက်
တက်လိုက် ဆင်းလိုက်
မောဟိုက်မှုမရှိ
ပျံသန်းနေကြတာများ
အားတက်သရော မျောလို့ မျှောလို့
ငြိမ်လို့ ငြိမ့်လို့
အတောင်ကို အဆုံးထိ ဖြန့်မယ်
တဖက်က တချက်ခြင်း
တချက်က တဖက်ခြင်း
အသက်သွင်းကြမယ်
လေဟုန်ကိုစီးပြီး မြေဂုဏ်ကိုလည်းကြည့်မယ်
လွတ်လပ်ခြင်းကိုဖွဲ့နွဲ့
တေးသီးငှက်တွေအုပ်စုဖွဲ့မယ်
ဇာတိ ဇရာ ဗျာဓိကိုညာလို့
ဖာသိဖာသာ နေကြတဲ့ ဘ၀မှာ
လိမ်လိမ်မာမာ လိမ်ညာကြမယ်။
ပျိုပြီးရင် ပြို ငိုပြီးရင် ငို
ချောင်ကျကျမှာ နောင်တမရဖို့
အမှောင်ထဲက အမိုက်
အမှိုက်ထဲက အမှောင်
နောင်အဆင်ကောင်းရန်
ရှောင်ကြဉ်ရပြန်တယ်
မြတ်စွာ အလိုကျ
နေသားကျစွာနေရင်း
အပျံသင်စ ငှက်ငယ်တွေ
အပြန်လမ်း ဖြောင့်တန်းစေရမယ်နော။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment