တခမ်းတနား သိုဝှက်
မငိုရက် မဆိုရက်
ယိုထွက်ခဲ့မျက်ရည်တွေသာ စိုလို့
တရှုတ်ရှုတ် တကုတ်ကုတ်
ရုပ်ရုပ်သဲသဲ စိတ်တွေ
ပုံရိပ်တွေ နဲ့ လိမ်လို့
ဟိုးအတိတ်တွေနဲ့ စိမ်လို့
အင်မတန် အံဝင်ခွင်ကျ
သတိတရ နေသားကျပေမယ့်
လှိုက်လှိုက် လှဲလှဲ ၀မ်းနည်းမှုကို
လွှမ်းမိုးလို့မရ
အလွမ်းဆိုးတွေက
တိုက်တိုက် ဆိုင်ဆိုင် တည့်တည့်မတ်မတ် ထထ ဖောက်တယ်
သူပေးတဲ့ စာတွေ
သူရေးတဲ့ ကဗျာတွေ
ပျော်မွေ့ မော်မေ့ခဲ့လို့လား
ချစ်တယ် ချစ်တယ် ဆိုခဲ့တာ
အမြစ်မတွယ်ပဲ
ပစ်ပယ်မှုတွေဖြစ်တာလား
ထိခဲ့လို့ သိခဲ့ပါပြီ
ဘယ်ရင်ခွင်ရဲ့
စေညွှန်းချက်က
အစွန်းထင်ကျန်ရင်
အစွန်း ရောက်တယ် ဆိုတာ
စွမ်းအင်မဲ့
စွဲလမ်းသူရဲ့ဖြစ်အင်ပါ
ကြောက်မက်ဖွယ် ချစ်စကား
ပစ်ထားသူမသိပေမယ့်
မဖောက်မဖျက်
ကျောက်သားထက်ပင်
ကဗျည်း တွင်စေ
အဝေးတစ်ခွင်က
ဆွေးအရှင်သိစေကွယ်
အလွမ်းနဲ့ရေးတဲ့ ကျောက်စာ
ငါ့နှလုံးသားကို ဖောက်
ဆောက်တည်ထားရဲ့ချစ်သူ။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment