ဘယ်လိုအကြောင်းကြောင့်
ဘယ်ဘက်အကိုင်းကိုနားချင်တာလဲ?
ဘယ်သူအတွက်
ဘာလို့ညွှတ်ကျရတာလဲ?
ဘယ်လိုအတွေးနဲ့
ဘယ်လိုစဉ်းစားစဉ်းစား
ဘာမှ ထွက်မလာရတာလဲ?
အဲဒါဘာကြောင့်ဆိုတာ
ဘယ်သူ့ကိုမေးလို့
ဘယ်သူက ဘာဖြေမလဲ?
"ဘာမှမသိဘူး"တဲ့လေ။
ဘယ်ကဗျာကို
ဘယ်ကမ္ဘာက ဘယ်သူရေးတယ်
ဘာကိုညွှန်းလို့ ဘာကိုဆိုတယ်
ဘယ်သူသိမလဲ
ဘာတွေပါလဲ
ဘာလို့ဖတ်လဲ
ဘာဖြစ်သွားလဲ
"ဘာမှမသိဘူး"တဲ့လေ။
ဘယ်လိုတွေး
ဘယ်လိုဆွေးပြီး
ဘယ်လို စာ
ဘယ်လိုကဗျာကို
ဘာလို့ဖြစ်ဖြစ်ရေးကြည့်တယ်
ဘာမှတော့ မဖြစ်ဘူး
ဘာမှတော့မသိဘူး
ဘယ်တော့မှ
ဘာမှ ဖြစ်မလာရင်တောင်
ဘယ်ရင်ဘတ်က
ဘယ်လိုထုတ်ပြီး
ဘာကဗျာတွေကို
ဘယ်လိုဘယ်တော့
ဘာလို့ဖြစ်နေဖြစ်နေ
ဘာမှ မသိလဲ
ထုဆစ်ခွင့်တော့
ဘယ်သောအခါမှ
ဘယ်ကိုရောက်ရောက်ရေးပြပါရစေ။
(ဘာမှ မသိတဲ့ကောင်လေ)
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment