ခရေအိုက နှစ်သိမ့်
လေညှင်းတွေက တေးဆို
ဇီဝပျိုတွေက က,ပြ
တစတစနဲ့
ဘ၀ဘ၀တွေက
အလှအလှလေးတွေ ဖြစ်ဖြစ်လာတယ်
လက်ချောင်းတွေကလည်း
ရက်ပေါင်းတွေကို နီးလာစေတယ်
သံနှင့်ရောတဲ့
သံယောဇဉ်တွေကလည်း
ပြန်ရေးခက်တဲ့ ကဗျာလို
သံချေးတက်လာတယ်
ဒါဟာ
အထည်းကျန်ခြင်းရဲ့ အရသာလား
ပြိုင်ပွဲတစ်ခုရဲ့ အရံခုံက ငါ့ကို
သေဆုံးသွားမယ့် ဆည်းဆာတွေကတောင်
လက်ပြနှုတ်ဆက်မှုမပြု
မရဏညတွေ တဖြုတ်ဖြုတ် လဲပြိုချိန်
တရံတစ်ခါက ပုစ္ဆာတွေကို အဖြေရှာကြည့်တယ်
အခါတိုင်း
ချောင်းကြည့်တတ်တဲ့ လရိပ်ပျိုကတောင်
အားမနာတမ်း အလင်းမဲ့ခဲ့ရတယ်
ငါ့စာမျက်နှာတွေ
ငါ့ အနာဂတ်တွေ
ပျောက်ဆုံးဆဲ သူပုံရိပ်တွေ
ဘယ်မှာ လဲကွယ်
အခု ငါကြားနေတာ
သူမ နက်ဂတစ်သံစဉ်တွေပဲ
ဒါဟာ အထည်းကျန်ခြင်းရဲ့ အရသာလား ။
နောက် ၀ဋ်ဆိုတာလေ
မက်လောက်စရာ ဆိုတာ
တစ်ကွက်ချာကြည့်ရင်တောင်
အသက်ပါညိလောက်ရဲ့
မျက်ရည်နဲ့ရောတဲ့ မိုးစက်တွေ က
ပိုးစိုးပက်စက် ခဏခဏပဲ
မေးကြပါတယ်
အားနာပါတယ် လို့
ကလေးနဲ့ခွေးပေါတဲ့ ဇာတိကို
ဖာသိ ဖာသာ နေကြည့်ပေမယ့်
အညာမိသလို အထာသိလုတွေကို ''အားနာပါတယ် ''
အရသာမဲ့တဲ့ အထည်းကျန်မှုကို
လက်တွဲဖြုတ်လို့
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment