ကြည့်စမ်း
တရှုတ်ရှုတ်နဲ့ငို
တသုတ်သုတ်နဲ့ ကပိုကယို
ပျာယီးပျာယာ "ရုပ်ရှင်"
ကျွန်ုပ်တို့ ဘယ်အရပ်ကို သွားနေကြတာလဲ
အကြိမ် ကြိမ်
ကျွန်တော်ကို ကျွန်တော်ပြန်မေးမိ
အမှားတွေရော အမှန်တွေရော
လုံးထွေးသတ်ပုတ်ခံရတာပဲမဟုတ်လား
ရှာမရတာလဲ ဆုံးလွန်း
ပန်းကုံးစွပ်မှုနဲ့ ချောက်ထဲကြသံတွေ ကြား
ချီးမွမ်း(၇)ရက် ကဲ့ရဲ့(၇)ရက်
ဘယ်လိုဘယ်သို့သော အကြောင်းကြောင့်
လူဖြစ်လာရခြင်းကိစ္စ
ခင်ဗျားကတော့ပြောမှာပေါ့
ကျွန်တော် နေရာတစ်ခု ရှာနေတာဖြစ်ကြောင်း
ဒီရေတစ်ပွက်စာ ဘ၀လေးထဲ
အဆင့်အတန်း နဲ့ ဂုဏ်သိက္ခာရှိရှိ
နေသွားချင်သေးတယ် ဆိုတဲ့ အကြောင်း
အသက်ကြီးခြင်း
အရွယ်ရင့်ခြင်း
ငယ်ရွယ်ခြင်း
နုပျိုခြင်းတွေ
အရေပြားပေါ် ယာဉ်ကြောရှုပ်ထွေး
ကမ္ဘာကြီးထဲက အရှိတရား(၂)ခု
တစ်နေ့နေ့ တစ်ချိန်ချိန် မှာ
ဘယ်လို အမှုကိစ္စဖြစ်ဖြစ်
အရေးမကြီးကြောင်း
ကျွန်ုပ်စီမှာ အသိတရား
ဘယ်လောက်ရှိကြောင်း
ကြီးမားဝင့်ထည်ကြောင်း
ကိုယ်ပိုင် ပြန်စမ်းမိချိန်မှာ
အချစ်ဟာ ဘယ်လောက် မြင့်မြတ်သလဲ?လို့
ပြန်မေးမိချိန် မှာ
ကျေကွဲစရာတွေ ရေတွက်ရှာနေသူအတွက်
ငိုကြွေးခြင်းတွေ ရောက်လာတတ်သလား?
ပျော်ရွင်စရာတွေ ထည့်ဆောင်တဲ့
အနည်းဆုံး နေ့တွေထဲ သစ္စာပြုရင်း
သစ္စာဖောက်ကိုလည်း တွေ့ခဲ့ရ
အသားကလောက်ကိုလည်း တွေ့ခဲ့ရ
များများချစ်တတ်တဲ့ ငါ့အဖို့
များများရူးခဲ့တာပဲလား
ကျေးဇူးတရားကို ရန်ငြိုးဖွဲ့တတ်သော
တပည့်သား မြေးတွေကိုလည်း တွေ့ခဲ့ရ
အင်းလေ
လူ့ဘ၀ဆိုတာ
မပြည့်စုံမှုတွေနဲ့ ရက်ဖောက်ထားတဲ့
သံသရာဖြစ်တယ်ဆိုတာ
ကျွန်ုပ် မသိတစ်ချက် သိတစ်ချက်
ဒီသံသရာနဲ့ စီးချင်းတိုက်ပွဲမှာ
ကျွန်တော်ဝတ်ခဲ့တဲ့ ချပ်ဝတ်က
ဂါမဏိ ၀တ်ခဲ့တဲ့ ချပ်ဝတ်လို
ချိုင်းကပြဲ ကြည့်လိုက်စမ်းပါ။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment