ဥတုသုံးလီ အကြိမ်ကြိမ်ပြောင်းတယ်
ခေါ်တယ် နှင်တယ်
ပစ်တိုင်းထောင်ရုပ်ကလေး
ကလေး ငယ်လက်ထဲ ရောက်ခဲ့တယ်
ထားချင်သလိုသာ ထားလိုက်ပါ
ကစားချင်သလိုသာ ကစားလိုက်ပါ
နာကျင်တာ ငါ မသိဘူး
ပျော်ရွှင်တာ ငါမသိဘူး
ငါသိတာ မင်းပျော်ဖို့
ငါကြောက်တာ မင်းမရှိလို့
တစ်နေ့မင်းမှာ ချစ်သူထားရင်
မင်းသူငယ်ချင်းလေး ငါ့ကို
အလွမ်းရောင်တွေ ဆိုးမှာလား
ပန်းရောင်တွေ ဆိုးမှာလား
အခန်းကျဉ်းလေးထဲမှာ
တိတ်ဆိတ်မှုကို အဖေါ်ပြုလို့
အဖြေ ရှာမိနေပြီ သူငယ်ချင်းမလေးရယ်။
။....................။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment