ငါကို ၀င်ပူးကပ်လို့
ဘ၀ရဲ့ အစိတ်အပိုင်းကို
ဒုက္ခတွေနဲ့ ထုဆစ်လို့
အမည်အမျိုးစုံတတ်ခဲ့ရတယ်။
သောက
ဒေါသ
မောဟတွေတွေ
ငါဆုမိ ဆောင်းမိတဲ့
ငါ့ရင်ဘတ်ရဲ့ တံဆိပ်အချို့ပေါ့
မနေ့တနေ့က ဆိုပေမယ့်
ညီမလေးရဲ့ ဆံနွယ်ပေါ်
စပါယ်လို သင်္ကေတတွေ က
ငါ့ဦးနှောက်ကို သံဝေဂရစေလို့လေ
များများမစဉ်းတတ်ပါဘူး
လောကရဲ့ ယဉ်ကျေးမှုမှာ
စည်းချက်ညီညီ ကလို့ ခုန်လို့
အမိုက်တိုက်ရဲ့ စရိုက်မဲတွေ
ချစ်ခြင်း မုန်းခြင်း နစ်မွန်းနေသမျှ
စနစ်တကျ လွမ်းနေရမှာပဲ
ထောင်ချောက်တွေ များတဲ့
မာယာတောထဲ ရုံးထွက်ဖို့
အသိညာဏ်တွေ ထည့်ရမယ်
ထပ်တူမကျတဲ့
အသွေးအသားမဲ့ အနမ်းတစ်စုံ ကြောင့်
ကမ္ဘာမြေ အောက်
ယိုဆိမ့် ထွက်ကျ သွားတဲ့ စိတ်ဓာတ်များ
ငါဥယာဉ်မှာ
အပင်ကို ပြန်ပြန်ပျိုး
ဥတုသုံးမျိုး မာန်ကိုချိုးလို့
အစအန တွေ တစ်စစီ စီ
ညီညီညာညာ တည်ကာဆောက်မယ်
ဘာကိုမှ မလွမ်းဘူး
ဘာလို့မှ မနွမ်းဘူး
တည့်မတ်ဖြောင့်တန်း
အောင်မြင်မှုတွေနဲ့ တက်လှမ်းကြမယ်လေ။
(ကိုယ်ကိုတိုင် ပဲ့ကိုင်ရသောနေ့ အမှတ်တရ)
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment