အိမ်ဆိုတာ
အေးချမ်းမှုတွေနွေးထွေးမှုတို့ရဲ့ မြစ်ဖြားခံ
နှလုံးသားရဲ့ အတိမ်အနက်ကို ဖေါ်ကျူးတဲ့
လူသားတို့ရဲ့ နားခိုရာ
အိမ်ဆိုတာ
ဘာသာတရားတည်ရှိမှု
ဖြူစင်တဲ့ မေတ္တာ နဲ့
မျိုးဆက်သစ်ရင်သွေးငယ်တို့ရဲ့ ဆည်းလည်းသံ
ချစ်ခြင်းတရားတွေ တည်ရှိရာနေရာ ။
အိမ်ဆိုတာ
အပူဒဏ်ကိုကာကွယ်
မိုးဒဏ်ကို ထီးမိုး
ဆောင်းဒဏ်ကို အံတု
ဥတု သုံးပါး မရွေး လူမျိုးဘာသာမရွေး
သုံးစွဲ လို့ရတဲ့ ပစ္စည်းတစ်မျိုး
ငြိမ်းချမ်းတဲ့ ကမ္ဘာ မြေမှာ
နာလည်မှုနဲ့ တည်ဆောက်
ကမ္ဘာမြေ မပျောက် သရွေ့ပေါ့။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment