۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကာရန်လွန်အက္ခရာ


အမေ
ကျွန်ုပ်နှလုံးသွေးထဲ 
ဖြေးဖြေးလေးစီးမျှောကြည့်တယ်

အမေရယ်

ရေတွေ မြေတွေ

ရွှေတွေ ငွေတွေ

အားလုံးအရာတွေထက်

လွန်သာ မာကျော

ဘာသဘောတရားတွေထက်ကိုပိုတယ်

ခလုပ်ထိမှ အမိတဆိုစကားပေမယ့်

သား မှာတော့ ခလုပ်မထိလဲ တမိနေဆဲပါ

ကိုးကွယ်ခြင်းနဲ့ ကာကွယ်ခဲ့သူ

သံစဉ်အားလုံးထဲမှာ အချိုသာဆုံး 

အက္ခရာအားလုံးထဲမှာ  အခေါ်အများဆုံး

ကမ္ဘာတစ်ခုလုံးရဲ့ သတ္တဝါတိုင်းကိုမွေးဖွားပေးသူ

ကြည်သာနက်နဲ

နှလုံးသားထဲကနေ

အထပ်ထပ် မှတ်နေမိပါတယ်

 အမေ အမေ အမေရယ်

မနေမနားနဲ့ 

ရွေ့လျားခဲ့တဲ့ အမေ့ရဲ့ ခန္ဓာ

စေစားချက်တွေကိုရှောင်လွဲ

အမေအားတက်ဆောင်ခဲ့တယ်မလား ဟင်

အမေဖျားလို့ အမေအနားသို့

ဘယ်သူလာလဲ  သယ်ယူလာလဲ

အမေက ရပါတယ်သားရယ်တဲ့လေ 

အမေ့အတွက် တေးမထက်ပေမယ့်

သားမောင်ရင်ထဲ စွဲမြဲတာရှိပါတယ်

တွဲလက်နဲ့ ကူဖေါ်

တူပျော်အောင် တိုက်ကျွေး 

ကျောင်းထဲက အတွေးတွေ

အမေသင်ပေးခဲ့တာလေ

လူမမယ်ကစ

လူအရွယ်ဘဝထိ

ကြည့်ရုဆောင်မ

ကျေနပ်ကြည်နူး

မော်ဖူးမိပါရဲ့ အမေရယ်

အင်းအားနဲ့ အားကိုး 

အရာရာအဆိုးတွေရောက်ရင်တောင်

ဂါထာတစ်ပုဒ်ဖြစ်ပါစေတဲ့

ပေးဖူးတာ 

ကျွေးဖူးတာ

နွေးစေတာ 

မွှေးစေတာ

အမေစီက အက္ခရာတွေနဲ့လေ 

ကာရန်လွန်တဲ့ အက္ခရာက

ဘာသာအားလုံးနဲ့ ဘာသာပြန်လဲ

အမေ ဆိုတဲ့ အက္ခရာပဲလို့

 ထပ်ဆင့်ကာ  

အမြတ်တင့်စေလိုက်မယ်

အမေ

အမေ

အမေရယ်

သားနှလုံးသားနဲ့ ဖြေးဖြေးလေး ခေါ်မိတာပါ ။ 



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွယ်ရာက - ဝလုံးလေး




ရှင်သန်မှုမှာ 

ရှားပါးခြင်းတွေရှိခဲ့ရင်

တွယ်တာခြင်းတွေမှာ 

တာရှည်မခဲံ့ခောတ်။


ကိုယ်ကျင့်တရားက

မွေးရနံ့လို့ပြောပြီး

ငွေကိုပဲ အနမ်းကျလာတဲ့ခောတ်။


ဝကိုပုံအောပြီး

ဓနနဲ့ လော်းကြေးထပ်တဲ့ခောတ်


 ရန်ကုန်သူတစ်ယောက်ကပြောတယ်

ဦးနှောက်နဲ့ အိမ်ထောင်ဘက်ရွေး

နှလုံးသားနဲ့ အချစ် ရွေးတဲ့သူက

အသိညာဏ်ရှိတဲ့မိန်းမတဲ့

ပြောသူကလွန်လား 

ရေးသူကလွန်လား 

ကွယ်ရာကနေ ကာကွယ်ရင်း ရေးတဲ့ဝလုံဟာ

ပိုဝိုင်းမယ်ထင်တယ်။

 

    

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြေကွဲ+လွယ်သူ


ကဗျာမရေးပဲ 
စိတ်ကိုဖြေးဖြေးပဲပြေးကြည့်ခဲ့တယ်

ကြေကွဲခြင်းနဲ့ ကြည်နူး
ကမ ၻာဦးအခ်စ္ဦးဆုိတာ 
ခေါင်းစဉ်တစ်ခုပဲ ရှိပါလား ။

ဆွဲဆန့်လို့မရတဲ့ သံယောဇဉ်နဲ့
ငါ့နှလုံးသားကိုချည်နှောင်
ဒီမောင်ကို ဒီအမှောင်ထဲ ရောက်စေခဲ့သူ

မ-ပေးတဲ့ အမုန်း 
အရှုံးရတယ်လို့ မသတ်မှတ်ပါဘူး 
အဆုံးသတ်ကို ဆုံးဖြတ်ချင်လို့

လွန်ခဲ့သော လွဲမှားခြင်းနဲ့ လစ်ဟာမှုမှာ
မ-ပျိုးချခဲ့တဲ့နှုတ်ခမ်းတွေ
မ-အစိုးရခဲ့တဲ့ အတိတ်တွေ 
မိန်းမဆန်လွန်းတယ်

မ-မိန်းမဆန်လွန်းတဲ့ မာယာကြောင့်
မြေခခဲ့တဲ့ မျက်ရည်တွေက 
မ-ဘဝ ရှင်သန်နိုင်ရဲ့လား 
စိုးထိတ်မှု စိုက်အားနဲ့ 
ဆောင်မခြင်း ဆက်နွယ်မှုကို 
စွဲလမ်းစွာ လမ်းခွဲစေတယ်နော် ။

ဆုံစည်းခဲ့ ဆည်းဆာတွေ 
ယုံမိခဲ့ သည်းအထာတွေ
တရင်းတနှီး ပြုံးမိခဲ့လို့ -လို့
မုန်းတ်ီးမှုများမပါတဲ့ 
မ--သုံးတဲ့ မာယာနဲ့ 
ကမ္ဘာတွေ အဆက်ဆက်ထိ
အရမ်းမုန်းတယ် 
အရမ်းကို မုန်းပါတယ်။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မာယာလှည့်ကွက်



မသမာ အမိုက်မှောင်ထဲ

သာယာလှိုက်နှောင်ဆဲနဲ့

အရိုးထဲ အရင်းက 

အရောင်တွေ ဘာလို့ ရိုင်းတာလဲ

ယဉ်ကျေးမှုရွက်သစ်နေ့ကို 

ရော်ရွက်လို့ ရည်စူးသူရေ

တိတ်တဆိတ် ဖိတ်ခဲ့ရ မျက်ရည်ကိုတောင်

အားမနာ အင်အားမဲ့စေခဲ့

ကဗျာချစ်တတ်တဲ့ ကျတော်က

ကဗျာတွေထက်ပိုချစ်ခဲ့ဖူးတယ်

ပါးလွှာတဲ့ ပဲ့ကိုင်မှုကြောင့်

ငါ့ဘဝတစ်ခုလုံး ပဲ့ကြွေခဲ့ဖူးရဲ့

ဟိတ် ဒီမှာ

ကမ္ဘာကိုကိုင်လှုပ်လို့ရမယ် 

ကြမ္မာကိုတော့ ကိုလှုပ်လို့မရဘူး 

သက္ကရာဇ်အပိုင်းအစတစ်ခုကြောင့် 

ပန်းတွေပွင့်မလာနိုင်ပေမယ့်

ရင်ထဲမှာတော့

သက္ကရာဇ်တွေမစခင်ကတည်းက

ပွင့်လန်းနေခဲ့ဖူးတာ

အနှစ်တစ်ခုနဲ့ ပျိုးခဲ့အပြုံး

အပစ်တစ်ခုလို ပုံချဖျက်စီးသူရယ်

ငါနင့်ကိုမုန်းချင်တယ်

ငါ့ကိုနင်လဲ မုန်းလိုက်ပါ

လွမ်းခဲ့ရင် နာတာနဲ့ဖြေတဲ့

အချစ်ကြီးလွန်းတော့

အနာဆာမတွေခဲ့ ဘူးလေ

ထားပါ

သွားပါ

မုန်းမရပါနဲ့

မာယာဆိုပေမယ့်

သာယာခဲ့သူကလဲ

လှည့်ကွက်တွေနဲ့ ပျော်ခဲ့မိလို့ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS