۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကဗျာဟူသည်...........


သွေးဆုံးနေတဲ့ ရင်ဘတ်ကို

ကဗျာကယာ ညစ်ထုတ်တော့

မျက်ရည်တစ်ချို့ စိမ့်ကျတယ်

ဒါကဗျာလား?

ကလောင်နဲ့ကုစား

သချိုင်းလို့ရင်ဘတ်အိုက

ဥသြသံကြောင့် တိတ်ဆိတ်ငြိမ်သက်

စိမ့်ကျလာတာ မျက်ရည်တွေ

ဒါကဗျာလား?

အော်သံလိုလို ခေါ်သံလိုလို

မှောဆန်တဲ့ အိပ်မက်က

ရေခတ်ဆင်းတဲ့ ညနေရီနဲ့

လူးလား ခေါက်ပြန်

ဟောဒီ  ရင်ဘတ်ပေါ်ခြေရာထပ်လို့ပ

ဒါကဗျာလား?

ခံစားတတ်တာနဲ့

ခံစားမှုခွန့်ကျွေးတတ်တဲ့ ခက်ဆစ်ကို

ခက်ခဲစွာ ခဲ့ခြစ်လိုက်တာ

ဒါဟာ

ကဗျာပါ..။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တစ်အပေါင်းတစ် ညီမျှခြင်း တစ်


အာဒံနဲ့ ဧ၀ ရဲ့

သံယောဇဉ်အစတွေက

ချစ်တယ် ဆိုတာ ဖြစ်ပေါ်လာတာလား

ရင်ဝက ရာဇ၀င်မှာ

ရာမနဲ့  လက္ခဏ ထာဝရ ရန်စခဲ့တာလား

ကြည့်ကြ

ငါတို့သိဒ္ဓတ္ထ

သွားစို့လား  သားကိုဖွားပြီးမှ

မြစ်တစ်ဖက်ကို လှမ်းတက်တယ်

တစ်

အပေါင်း

တစ်

ညီမျှခြင်း

တစ်

အဲဒါ အချစ်လေ....။

www.sawnaythwe.com
admin@sawnaythwe.com


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မာယာကွန်ယက်............magic network



နေမင်းက ကမ္ဘာကိုလောင်ကျွမ်းလို့ 

သစ်ပင်အိုတွေရဲ့ မျက်နှာအောက် 

မျက်ရည်တွေပစ္စလက္ခက်

အမြင်မတော်တဲ့ လေနီကျမ်းတသိုက် 

မိုက်ထွေးမှုလို့သာယာခဲ့လေရဲ့ 

လမင်းက ကမ္ဘာကိုအိပ်မက်စေလို့ 

ငါတို့တောင်ပံတွေကိုခေါက်သိမ်း

အိပ်မက်တွေနဲ့ ချိန်းချက် 

အစိမ်းသက်သက် သူမ နာမည်ပုံရိပ်က 

ငါကိုဝါးလို့မျိုတယ်

ညီမျှခြင်းကို ဆွဲထောင်ပြီး 

ပုဒ်မ အဖြစ် သူမ ဖန်ဆင်းတယ် 

တရားသူမကြီး ဆုံးဖြတ်ချက်အောက် 

ဒူးထောက် နဖူးမှောက် နေခဲ့တယ် 

ငါမှားသလား  မှန်သလား

သေဆိုသေ  နေဆိုနေ 

ထားရာနေ စေရာသွား 

ငါနှလုံးသွေးကျောတွေ သူမပိုင်တယ်

အရောင်လင်းမဲ့သူဆိုပေမယ့် 

အလင်းရောင်ကို ခံသားတတ်သူပါ

 ဟိုဘက်ဒီဘက် ယိုကျနေတဲ့စိတ် 

တိတ်တိတ် လေး စွဲလမ်းတတ်လား 

ငါဘာမှ မသိဘူး ဘာမှမတတ်ဘူး 

သူမ မာယာကွန်ယက်ကြောင့် 

အင်တာနက်ဆိုတာ သိရတယ်

သူမ ချွဲပစ်ပစ် စကားတွေ ပစ်တင်လို့ 

ချက်တင်ဆိုတာ သိရတယ်

ရက်စက်ဖို့ ရက်သစ်တွေတိုင်း 

ရွက်သစ်တွေငိုရတယ် 

ကြည့်စမ်း 

ရေလိုလို တံလျှပ်တွေက

ခံတပ်မရှိတဲ့ ရိုးသားမှုကို 

ထိုးဖောက်လို့ ထုံးဖွဲ့ 

ရစ်ချည်လို့ တုပ်နှောင်တယ်

အဆုံးမသတ်နိုင်တဲ့ ကဗျာနိဂုံး

အရုံးနဲ့ အမုန်းနဲ့ 

ကြုံးပက်ခံ့လိုက်ရုံသက်သက်သာ

ပက်လက်ပြာဖြစ်သွားတဲ့  

ဝိညဉ်တွေ အကြိမ်ကြိမ်မှိန်ရပြီ 

နောက်ထပ် 

နင့် မာယာနဲ့ မဖန်ဆင်းပါနဲ့တော့ 

မဖန်ဆင်းပါနဲ့တော့ နော်။
.................

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သခင်မအတွက် သစ္စာပန်း



ပျော်ရွှင်မှုကင်းမဲ့တဲ့
မဲ့ပြုံးတစ်ချက်ကြောင့်
စစ်ပွဲတစ်ခုလုါံ်ဆုံးရှုံး
အမုန်းမိုးကိုလက်ထိုးလို့အန်
ငါရင်တစ်ခုလုံး နွေချည်းပဲ
မျှော်လဲမလာ
ပေါ်လဲမလာ
ခေါ်လဲမကြား
အော်လဲမကြား
ရူးသွပ်မှုအပိုင်းစတွေ
ဦးညွှတ်မှုအပိုင်းအစတွေနဲ့
တည်ဆောက်ခဲ့တဲ့ ဒီတစ်ယောက်ဟာ
အရာမ၀င်တဲ့ ရင်မှာ
ရာဇ၀င်တွင်ခဲ့ပြီ
တူမပျော်ရစေ
သူပျော်ရင် ကျေနပ်ခဲ့တယ်
ယူကျုံးမရတဲ့ ရင်မှာ
သူပြုံးပြတာနဲ့ ပဲ ကျေနပ်ခဲ့တယ်
ငါပတ်ဝန်းကျင်မှာ
နင်အရိပ်တွေ
နင့်အတိတ်တွေနဲ့ 
ငေးမောကာ ရောလို့မွှေပြီး
သစ္စာပန်းတွေ ပျိုးထားတယ်။
သခင်မငယ်ရေ
အပြင်ကပဲ မြင်ရမြင်ရ
ဘ၀င်ကျနေမှာပါ
တည့်တည့်မတ်မတ်
သခင်မရဲ့ အပြော
သခင်မရဲ့ သဘော
သခင်မရဲ့ မနော
ငါဇောတစ်ခုလုံးကပ်ညှိတွယ်
လိုက်သွားလိုက်ပါ
ခေါ်ဆောင်သူက သာနေတယ်
ပျော်အောင်တော့ထားလိမ့်မယ်ထင်ရဲ့
ငါ....
သစ္စာပန်းတွေနဲ့သာ
ငါပျော်အောင်နေမှပါ
ငါပျော်အောင်နေမှပါ
ငါပျော်အောင်နေမှပါ
သခင်မငယ်ရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS