သွေးဆုံးနေတဲ့ ရင်ဘတ်ကို
ကဗျာကယာ ညစ်ထုတ်တော့
မျက်ရည်တစ်ချို့ စိမ့်ကျတယ်
ဒါကဗျာလား?
ကလောင်နဲ့ကုစား
သချိုင်းလို့ရင်ဘတ်အိုက
ဥသြသံကြောင့် တိတ်ဆိတ်ငြိမ်သက်
စိမ့်ကျလာတာ မျက်ရည်တွေ
ဒါကဗျာလား?
အော်သံလိုလို ခေါ်သံလိုလို
မှောဆန်တဲ့ အိပ်မက်က
ရေခတ်ဆင်းတဲ့ ညနေရီနဲ့
လူးလား ခေါက်ပြန်
ဟောဒီ ရင်ဘတ်ပေါ်ခြေရာထပ်လို့ပ
ဒါကဗျာလား?
ခံစားတတ်တာနဲ့
ခံစားမှုခွန့်ကျွေးတတ်တဲ့ ခက်ဆစ်ကို
ခက်ခဲစွာ ခဲ့ခြစ်လိုက်တာ
ဒါဟာ
ကဗျာပါ..။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment