۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မ,ယုံပါ




အတွေးတွေနဲ့ ဆွေးကြည့်ရင်


မျက်ဝန်းတွေစိုလို့စက်


ဆွေးတဲ့ ရက် 


ရွေးခဲ့လို့လား မရယ်


ဘယ်ရေစက်က


 အဖြေထွက်ထွက်


မမေ့ရက်ဘူးနော်။



မ အတွက် 



ရှောင်ခဲ့  ဆောင်ခဲ့ တယ်



မှောင်မဲတာတောင် လင်းလက်တယ်


စွန့်ခဲ့ တယ် မတွန့်ခဲ့ဘူး နော် 


အတူလျှောက်ခဲ့တဲ့ လမ်း


အတူကောက်ခဲ့တဲ့ ပန်း



အတူသောက်ခဲ့တဲ့ စမ်း


မအတွက် မဆန်းပြားပေမယ့် 


ကျတော်အတွက် ခမ်းနားတယ်လေ ။



ပုံလို့ အပ်တဲ့ 


ပုံပြောကောင်းတဲ့  မ  က


ပုံပြင်ထဲက ယုံငယ်လို


ယုံလွယ်အောင် ပြောတယ် 


မပြန်သန်းဘူးတဲ့ကောင်းကင် 


မခံစားဖူးတဲ့ လေညှင်း တွေက


ကျတော်ရင် ၀မှာ 


မရမက စိုးမိုးထားတယ်  မ။


အချစ်မှန်းမသိ

 
အပြစ်မှန်းမသိ 


 မသိမသာ ထိကာ သွားတာ


အချစ်လား 


အပြစ်လား ဟင်


ဇဝေဇ၀ါ ကို မျက်မှန်တပ် 


မှုန်ဝါးဝါး နဲ့စပ်ခဲ့တဲ့တေး 


ဝေးဖို့မပါဘူး မ 


ဆွေးဖို့မပါဘူး မ


ကျတော် ဘ၀  


တစ်စစီ ချပြရင်တောင်


မအရိပ်နဲ့ 


မစိတ်တွေနဲ့ 


ထုဆစ်ထားတယ် ဆိုတာ


 ကျတော်ကမ္ဘာ


ကျတော်ကဗျာ က 


ရက်ရှည်တွေထဲ 


ရွက်ကြွေတွေနဲ့ 


သက်သေ ပြပါတယ်  မ


သက်သေပြပါတယ် ။


...................

....................

။

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မ,,ယုံပါ

အတွေးတွေနဲ့ ဆွေးကြည့်ရင်

မျက်ဝန်းတွေစိုလို့စက်

င်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာသစ်

 

အကြင်နာအပြည့် 

ရင်မှာတွေ့လို့ 

ဘယ်ကမ္ဘာမှ မမေ့ခဲ့ဘူး

ရိုးသားအဖြူရောင်

သူအရောင်ဆိုးတယ်

ချစ်ခြင်းတူညီ

တေးတွေသီလို့ 

ပျားရည်စမ်းတဲ့ အနမ်း

ရွှန်းလဲ့ကြည်ပြာ 

မျက်ဝန်းလွှာတွေ ငါတို့နှလုံးမှာ ဖုံးလွှမ်းတယ်

မပီကလာ တီတီတာတာ နဲ့

အလှကိုဖွဲ့လို့  ညကိုဖွဲ့လို့ပေါ့

ငါတို့ရဲ့ကမ္ဘာသစ်လေး

တောက်ပတဲ့ ဆေးတွေနဲ့ချယ်လို့

ရင်ထဲက တေးတွေ 

ပြိုင်တူ ရေးကြမယ် 

သိပ်ချစ်တယ်နော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS