۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကဗျာတစ်ပုဒ်၏အတ္ထုပ္ပတ္တိ



ငါ့ကိုတွေး  ငါ့ကိုရေး

ငါ့ကိုချစ်  ငါ့ကိုပစ်

ငါ့ကိုတွေ့ ငါ့ကိုမေ့ 

အဲဒီလိုပုထုဇဉ်ဆန်ဆန်

အပြုအမူတွေနဲ့ 

ငါ့ကို အရှုံးရတဲ့အထိ

အသုံးချခဲ့တယ်

ငါရင်မှာ ငါ့အကြင်နာက

ဝင်္က ၀င်္ကဘာရှိတတ်လာတယ်

နာကျင်စေသူကို
 

မကြင်နာတတ်ဘူး

ကြင်နာစေသူကို 

မနာကျင်စေဘူး

အဲဒါ ငါရင်မှာ ရှင်သန်လာတဲ့ တေးသွားပဲ။



ရုတ်တရက် တွဲလက်ဖြုတ် 

နှုတ်မဆက်ပဲ နှင်ထုတ် 

ငါ့ရင်က ရက်ချုပ်ရဲ့

အလွမ်းဘောင်တွင်းမှာ



ကျွမ်းလောင်ခြင်းတို့

ထူလို့ ထပ်လို့ဆိုပေမယ့်

စနစ်တကျ လွမ်းမပြတတ်သေးဘူး

ကွဲလွဲမှုတွေကြောင့် 

ကွဲကွာ ကြတယ်

ဆာလောင်မှုတွေကြောင့် 

ငတ်မွတ်ကြတယ်

ငါတို့တွေကရော?

အခုဆို 

အပျော်ဆက်မယ့် 

ဖေဖေါ်ဝါရီရက်ရောက်တော့မယ်

ချစ်ရသူရေ။

မသိမသာ လွမ်းကြည့်မယ်နော်


သစ်ရွက်တွေ တဖြုတ်ဖြုတ် 

ငါရင်တွေက တဒုတ်ဒုတ် 

မောင်းခုတ်နေတာ ရထားအစင်းတစ်ရာ

ငါ့အကြည့်မှာ  ဆက်နွှယ်လို့

နင်နဲ့ဆုံတဲ့ ဘုံလေးတွေ
 

ငါသတိရသလို သတိရနေမလား

လေပြေရဲ့ ခွန်အားမှာ 

ငါ့နှလုံးသားတွေ  ချိတ်ပေးလိုက်တယ် 

နင့်အတွက် 



ပျော်ရွှင် ချမ်းမြေ့  အေးမြပါစေ

တောင်းဆုတွေနဲ့

အလွမ်းငွေ့မပါတဲ့  ပန်းတွေပွေ့လာတဲ့ လေပြေကို


နင် သတိရခဲ့ရင် 

ကမ်းလင့်လက်တစ်စုံနဲ့ 

လှမ်းဖက်ရုံလေးရယ်ပါ 

ချစ်သူရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဗျာတစ်ပုဒ်၏ အတ္ထုပတ္တိ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လှည့်စား





အကြိမ်များများခံစားရလို့


လှည့်စားမှုဆိုတာနားလည်ပြီ


ချစ်တယ်ဆိုတဲ့စကား 


အမြစ်တွယ်အောင်ထားပြီးမှ


လှည့်စားကာတည့်ထည့်


ရင်နာအောင်သူလုပ်တယ်


တစိတ်တဒေသ


အတိတ်မြေက 


အရိပ်တွေကို


စိတ်လေနေရဦးမလား


ရင်ခုံသံကို  ထည့်စွက်


အမုန်းကို  အပြုံးနဲ့ ဆင်


ကျရှုံးသူကိုလမ်းခွဲ


ဒါကို 


ငါက


ဝမ်းနည်းနေရမှာလား


တဖက်လူကို


မတွက်ကူပဲ


အရိုးစွဲ မာယာနဲ့လှည့်စား


ငါကိုက မှားတာပါ


ဘယ်သူကိုမှ အပြစ်မယူပါဘူး


ကိုယ့်ကိုယ်ကိုပဲလှည့်စားလို့

အရှုံးကို အပြုးံနဲ့ဖိ



အဆုံးအထိ 


လှည့်စားကာ နေသွားပါမယ်ချစ်သူ။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မရှိတာပဲရှိတယ်


ဝေမျှလို့မရတဲ့ အလွမ်းတစ်ထုပ်နဲ့


တေးတစ်ပုဒ်ညီးဆိုရင်း


တေးသွားတော် အဆိပ်သင့်လေဦးတော့


အကျိုးမရှိပေမယ့် ကြိုးငြိနေဦးမယ်


သံစဉ်ရယ် စွန့်လွတ်ခဲ့ပြီလား


ရောင်စုံခြယ်မရတဲ့ သန်းခေါင်ည အလယ်မှာ


အမည်မဲ့ဝေဒနာကို ချေမွရင်း


ဘ၀ရယ် အရောင်မှေးမှိန်ဦးတော့


မျှော်လင့်ချက်မရှိပေမယ့် ဆက်လက် 


ရှင်သန်နေဦးမယ်


လမင်းရယ် ခြေရာဖျောက်ခဲ့ပြီလား


 သိပ်သည်းလွန်းတဲ့ အနာဂတ်


မမြင်မစမ်းနဲ့ လျှောက်ကာလှမ်းရင်း


ခြေလှမ်းတွေ အသက်မဲ့လေဦးတော့


ဦးတည်ချက်မရှိပေမယ့် 


ဆက်လက်လက်လှမ်းနေဦးမယ်


သူငယ်ချင်းရေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS