۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ဂန္တ၀င်အမေ.....သို့



နှလုံးသားထဲက  မြင့်မိုရ်တောင်

မွေးခဲ့တဲ့  အမေ

ကျွေးခဲ့တဲ့ အမေ


ညှာတာတဲ့ အမေ


စာနာတဲ့ အမေ


ကြင်ယာမဖက်စေချင်တဲ့ အမေ


ပညာတတ်စေချင်တဲ့ အမေ


ဖန်ဝါသင်္ကန်းဆင်မြန်းစေချင်တဲ့  အမေ


သံသရာစခမ်းမှ လွတ်စေချင်တဲ့  အမေ


အတိုင်းအတာ မရှိပေမယ့်



နှိုင်းစရာမရှိတဲ့ အမေ



အမေ ကျေးဇူး များ


ထူးထူးခြားခြား မေတ္တာတရားများကို


မှန်းဆမျှော်ကိုး ဟောဒီသားဆိုးလေးက


မွေးမေကျေးဇူးသိပါပြီ


ဝေးနေလို့တော့ မဟုတ်ဘူးနော် အမေ


ဆပ်လို့မကုန် ထိုဂုဏ်တော်ကို


ဗုဒ္ဓသော်မှ နို့တစ်လုံးဖိုးမကျေ (ဆိုရိုး)


အညတြ ဟောဒီသားက


ဘယ်မှာပြောဖွယ် ရှိမလဲ အမေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စုမိဆောင်းမိအမှတ်တရများ


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုန်းရင်းကန်ရင်း

 

 


လေထန်တိုင်းသာ ပွင့်ကြွေပါမူ
 
 
ဘယ်မှာ ပန်းများကျန်မည်နည်း။
 

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
 
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
 
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည် 

တရက်တခါ ကြုံမြဲသာတည့်။

ဘ၀သည်ကား တိုက်ပွဲများပင်

လှုပ်ရှားရသော လူ့ရွာတောဝယ်
 
လင်းသောမှောင်သော အောင်သောရှုံးသော
 
မုန်းသောချစ်သော သစ်သောဟောင်းသော
 
ကောင်းသောဆိုးသော ညှိုးသောလန်းသော
 
ကြမ်းသောနုသော ပူသောအေးသော
 
 
စောကြောစိတ်ဖြာ မနေသာပေ
 
လဲရာကထ ကျရာကတက် 

ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
 
ရောက်ရာဘ၀ အားမာန်ပြရင်း
 

ရုန်းရကန်ရ မည်တကား။ ။ 
 
 

အေးငွေ
ငွေတာရီမဂ္ဂဇင်း
၁၉၇၀ပြည့်၊ ဧပြီလထုတ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆောင်းညတစ္ဆေ



ကမ္ဘာကြီးရဲ့ ခွန်အား


ညွှန်ကြားမှုတွေက


ငြိမ်သက် မှောင်မဲ

တိတ်ဆိတ်တဲ့လေညှင်းက 


လမိုက်ညကို မွေးဖွားတယ်။



အလှပဆုံးရာသီ



အယာဉ်ကျေးဆုံးဥတု


အလိုက်ဘက်ဆုံးနှင်းပွင့်


အစအဆုံးဘ၀ရှုံးစေခဲ့တဲ့ 


ဆောင်းညတစ္ဆေကိုတော့


အကြင်နာ  မိဖုရားလေးက မွေးဖွားတယ်။



အကြောက်အကန် အိမ်မက်တစ်ပုဒ်


မွေးထုတ်ဖို့ ကြိုးစားသူ


သွေးဆောင်ဖြားယောင်း


မာယာတစ်သောင်းနဲ့ ချစ်ပွဲဆင်သူ


ဒီကရီလွန် စကားတွေနဲ့

နှင်းဆီနှုတ်ခမ်းပါး

ပါးပါးလေးလှီးသွားသူက

အထားအသှိုမတတ်တဲ့ ငါ့ကို

သတိရမှုတွေ  ကျဖိတ်စင်စေတယ် ။



အပြောင်းအလဲကြားက 


ဟောဒီဆောင်းည

အတင်းအကန်  ညင်းဆန်မိတယ်

ရပ်ပေးကြပါ

နားပေးကြပါ

တော်ကြပါတော့

မေ့လိုက်ပါတော့မယ်

လောက က ဆောင်းည

ထွက်သွားချင်တယ်

ဆောင်းမရှိတဲ့ ကမ္ဘာ 

မင်းမရှိတဲ့နေရာ
ဖန်ဆင်းပေးကြပါ

နှလုံးသားမမဲ့တဲ့သူ

အပြစ်မဲ့တဲ့သူ

ကယောင်ကတန်းအော်ဟစ်

အဖေါ်အဖြစ်အစားထိုး

လရောင်တွေကိုမော့သောက်ကြည့်တယ်

ခါးသက်သက်ပဲ

သတိရတာကိုမေ့

လောကကြီးကိုမေ့

မေ့......မေ့

အားလုံးကိုမေ့လို့ရတာတွေမေ့ဖို့

မေ့လို့ရတာ မေ့ပေမယ့်လေ

သတိတရ မေ့ခဲ့တာက

ဟောဒီဆောင်းညတစ္ဆေကိုပဲ
အတွေးမှာ ဆွေးနေမိတယ် လေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS