۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

မုဆိုးမညနဲ့ အထီးကျန်ခြင်းများ



မုဆိုးမညနဲ့ အထီးကျန်ခြင်းများ
............

အားပါး
ဒီည
ဂီတတွေလဲ မကြားရ
မပီသတဲ့ ညနဲ့
ငါ
ဘာအထာနဲ့ မှ အဆင်မပြေ
ရေတစ်ခွက်သောက်တာတောင်
အရိုးကမျက်သက်သက်

ချစ်သူမုန်း
ဖဲကရှုံးဆိုသလို
ဘာလိုလို့ လိုမှန်းမသိ
အမုန်းလဲမရ
အရှုံးလဲမရ
ခွကြလိုက်တာ ဘဝရယ်
ဘယ်လို ပါရမိတွေက အကျိုးပေးရင့်နေတာလဲ
အထည်းကျန်ခြင်းဆိုတဲ့ နေရာ
ရောက်မှန်းမသိ
ရောက်မိနေပါရောလား

ဟစ်အော်ခဲ့မိတဲ့ ကာရန်များ
ချိတ်ဆက်တွဲခိုနေတဲ့ မျက်ရည်များနဲ့ သီကုံးရင်း
ဒီည
ဂီတမပါတဲ့
မပီသတဲ့ မုဆိုးမ ညနဲ့ ငါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူ




သူ
..........

သူ အရာရာသူပဲ
ဘယ်နေရာရောက်ရောက် သူပဲ
ငါရင်ဘတ်ထဲ အမြဲစိုးတယ်

သူ
သူမတူတဲ့အကြည့်
သူမတူတဲ့အသိနဲ့
ကျွန်ုပ်တို့ နှလုံးသားထဲ စိုက်ဝင်
အမှန်တွေပြင်လို့ အမြင်မှန်ပေး

အရာအားလုံးနဲ့ဝေးတဲ့ ပျော်စံရာ
အခေါ်မှန်တာ သူပဲလေ

မြူကင်းတဲ့ကောင်းကင်
ကျူမှင်းတဲ့ ဆောင်းသဇင်
သူရဲ့သတင်း ငါတို့အတင်းလိုက်ရှာမိ

အသိတစ်ချို့ကို သိစေဖို့
အသိတွေများစုဆောင်းရ

အကြည့်တစ်ခုကို ထိစေဖို့
အကြည့်တွေများဆောင်ကျဉ်းရ

သူပေါ့
တကယ် ငါတို့ရင်ဘတ်ထဲစွဲနေတာ သူပဲလေ

............

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မန်းနွေပုံရိပ်




သမိုင်းမှာထင်ရှား

ဘုရင်အပါးပါးစိုးစံ

အရိုးခံ ယဉ်ကျေးမှုနဲ့

လှပတဲ့ စကား

ချိုသာတဲ့ အသံ

ငါတို့မန်းမြေဟာ ဟန်မရှိပါဘူး

မာန်ခြွေ့ နှလုံးသားပဲ ပိုင်တာပါ

ငါအပေါ်တည်ခင်းတဲ့ မြို့ပြစရိုက်

ငါ့အတွက် အမှိုက်ဖြစ်စေ

ကျုံးရေတစ်ခွက်တော့ တိုက်မှာပါ။

လှမ်းခဲ့ပါ

နွမ်းလျက်သာပဲ ဖြစ်ဖြစ် 

ကျွမ်းလျက်သာပဲ ဖြစ်ဖြစ်

မန်းထက်မဟာရောက်ရင်ဖြင့်

ပျော်ပိုက်ခြင်း တရစပ်

အသင့်ရင်ဘတ်မှာ ထင်ဟတ်စေမှာပါ

နန်းမြတ်အုတ်ရိုးရဲ့ နုတ်ဆက်ခြင်း

နန်းတက်ဝိညာဉ်တို့ရဲ့ ကြိုဆိုမှု

နောက်တစ်ခါ ရောက်လာဖို့ထိ 

တွေစေမှာပါ။

မန်းတောင်အရိပ် မှေးအိပ်နားခို

ငါတို့ အရွယ်အိုတဲ့အထိ ရှည်မယ် အသက်တဲ့ 

မုနိမဟာ ခုထိကမ္ဘာရှား

စုတိကာသွားမြတ်ဘုရားရဲ့ ကိုယ်ပွားဟာ

ငါတို့ ဘာသာတရားရဲ့ အထွဋ်

အသင်ဦးညွတ်ဖို့ လိုက်ပို့စေမယ်လေ။

သမိုင်းထိရှ မော်ကွန်းရတဲ့ မန်းမြေ

ငါတို့တွေးရင်း မဆုံးမိပီတိတွေလေ

တောင်သမန်အလှ 

အလွမ်းတသတသနဲ့ 

မောင်ဖေငယ်အကြောင်း

ထပ်ဆင့်လောင်းလို့ 

လွမ်းစရာ့ဒီမြေ 

အလွမ်းလေးတွေပြေစေမယ်ပေါ့

ရွက်ကြွေရောတဲ့ နွေအလှ

ပန်းချီဆရာ လက်မိုင်ချရပေါ့

တစ်ခေါက်တစ်ခါ 

အရောက်လာပြီးရင်ဖြင့်............


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သစ်ခက်ဟစ်သံ



ရွက်အို မြေခ

ကြွေကျ ပျက်စီး

အဆုံးကစ အစကဆုံး

အားလုံးက ကျော်မရတဲ့ စာမျက်နှာတွေလေ

ဆောင်းပြီးရင်နွေဆိုသလို

ဟောင်းပြီးရင် ကြွေရမယ်မလား

အသစ်ထွက် သစ်ခက်တချို့

အားအင်ထုတ် ထင်ရှားစေဖို့မဟုတ်

သဘာဝရဲ့သဘောတရားများ

ဘာများငါတို့ပြောနိုင်မှာလဲ

မငိုပါနဲ့ သစ်ပင်ငယ်ရယ်။

နှစ်အရွယ်ရဲ့ ပြိုလဲခြင်းက

နုပျိုခြင်းနဲ့ တည်ဖွဲ့တာပါ

သူရိန်ဖုံးလို့ပဲ ကြွေကြွေ

ပူရှိန် ရှုံးလို့ပဲ ကြွေကြွေ

ငါတို့တွေ ပျက်သုဉ်းနေပါစေ

ပြုံးပြုံးလေးပဲ နေရမယ်လေ

ငိုမနေပါတော့နဲ့ 

သစ်ပင်ငယ်ရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS