۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ငတုံး



ငတုံး
.....

ငါကိုယ်တိုင်တုံးခဲ့တာ

ငါကိုယ်တိုင်ရှုံးခဲ့တာ

သူမကြောင့်တုံးမှာစိုးလို့

သူမကြောင့်ရှုံးမှာစိုးလို့

ငါဟာ ငတုံးဆိုပေမယ်

ငါကိုယ်တိုင်တုံးခဲခြင်းပါ

သူမကြောင့်ဆိုတာမဖြစ်ချင်ဘူး။


ဆောင်းမနက်ရဲ့ ထောင်းနက်ခံရခြင်း နှင်းစက်မသို့ သိစေခြင်း
....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မလိုတမာ လိုခါ

 
 
 
မလိုတမာလိုခါ
.....
ငါလိုချင်တာတော့မဟုတ်ဘူး

အလိုလိုဖြစ်လာခဲ့တာပါ

ဒီခုန်မင်မှုတွေရဲ့

အမှည့်ကနေ အစိမ်း

လှပတဲ့ လှည့်ကွက်က

လှည့်မရအောင် ချည်တုတ်လို့

စရိုက်ဆိုးနဲ့ရိုက်ချိုးခံခဲ့ရ

ကျလက်စ မျက်ရည်တွေ

ညှို့တက်တဲ့ မိုးတိမ်တွေ

အရောင်ပြောင်းချိန်မတွေ့သေးဘူး

မလိုတမာလိုခါသုံးပြီး

လိုရာအဆုံးထိသာ

ပျံသန်းနိုင်စေ ငှက်ငယ်ရေ

♡♡♡♡☆☆♡♡♡♡

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိပ်မက်အရှင်


ခံစားမှုမပါတဲ့

အစာသွပ်စကားတွေ

ငါရင်ပေါ်ပစ်မသွင်းပါနဲ့

အိပ်စက်တိုင်း

အိပ်မက်ရိုင်းတွေက

အမိန့်တက်ခိုင်းနေခံရလို့

သတ်ပုံမှားတဲ့

အက္ခရာ အစတွေနဲ့

သမိုင်းမတင်ပါနဲ့

တောင်းပန်ပါတယ်

ပြောင်းပြန်လှန်လို့မရတဲ့ဘဝ

နောင်တရရနေတဲ့

ရင်နာစရာ ရက်ပိုင်းတွေ

ဘယ်နားထားပေးရမှာလဲ

ငါအသိနဲ့ ထိတဲ့နင်

စေခိုင်းချက်နဲ့ ခံစားချက်

နင့် အတွက် မပြည့်စုံနိုင်လို့ပါ

မဖြည့်စွက်နိုင်တာကို

ငဲ့ကွက်ညှာလို့

လှည့်ကွက်တွေတော့ မပါနဲ့နော်

ငါရခဲ့တာ နောင်တဖြစ်မှာစိုးတယ်

ဒေါင်ကျကျပြားကျကျ

နင့်အနားဆိုဖြစ်တယ်

အရင်အမှားတွေကြောင့်

ငိုခဲ့ ရင်တောင်

တပင်နားလေတဲ့နင်

သခင်အနားအိပ်စက်ဆင်လေးကို

ဆောင်းတလှည့်

နွေတခါ

မိုးတစ်ရွာလို

တိုက်ဆိုင်တိုင်း

ရင်လေးတော့ ခုန်ပေးပါနော်..............။


အိပ်မက်အရှင်သခင်မသို့ ပေးစာလေးပါ....
 စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိပ်မက်ပန်းချီ


အိပ်မက်ပန်းချီ
******
ငါအခန်းကျင်းကျင်းမှာ

ခင်းကျင်းထားခဲ့ရ

အထည်းကျန်ခြင်းများ

မှောင်မိုက်ခြင်းအတိ

တိတ်ဆိတ်ပျင်းရိခဲ့ရ

ငါ့အခန်းကျင်းကျင်းမှာ

လရောင်အစအနတွေ

ခဏတဖြုတ်ရွာချလို့

ငါဘဝလဲလင်းလက်ခဲ့

ငါ့ညတွေလဲလင်းလက်ခဲ့

အေးစက်စက်အိပ်စက်ခြင်းမှာ

အိပ်မက်တွေလဲနွေးထွေးခဲ့

တရွေ့ရွေ့နဲ့

လရောင်အပိုင်းစတွေနဲ့

ပျော်ရွှင်ကြည်နူး

မော်ဖူးခဲ့ရ လပြည့်ည

လတ်တလော လောကဓံကဆိုးတယ်

သူယောင်မယ် သူမက

လရောင်ကိုဝတ်ဆင်

ငါအပေါ်ဖြုတ်ချခဲ့တဲ့ သံယောဇဉ်

သူဘဝင်မာ အတိကျပါတဲ့

သတိရစရာတော့ အတိကျပေါ့

ညှိမရတဲ့ ညီမျှခြင်းနဲ့

ညှာတာခြင်းမဲ့ဖြစ်အင်တွေရယ်

သူဘဝမာ လွှမ်းခြုံတယ်တဲ့

သနားရမလို အသနားပိုခဲ့တယ်

ဒီလိုနဲ့

အိပ်စက်ခြင်းများမာ

အိပ်မက်တသင်းနဲ့ သူမလာတယ်

သူမပြောတဲ့စကား

ငါနလုံးသားမာ စူးနစ်

*လမိုက်ညတွေလွန်ချင်တယ်*တဲ့

အားပေးခြင်းအင်အား

အစွန်အဖြားထိ ခွန်အားထုတ်

လငပုတ်တွေ ဖေးဖယ်းစေ

အရည်ရွှန်းတဲ့ မျက်နာ

အားအင်ပြည့်တဲ့ပဝါစနဲ့

ဘဝါဘဝထိ လင်းလက်စေ

လပြည့်ညတွေ ပြည့်စုံစေ

အိပ်မက်တိုင်း ဆုတောင်းမယ်

admin@sawnaythwe.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS