۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ကဝေပျိုမလေးသို့တမ်းခြင်း(၂)


ကဝေပျိုမလေးရေ

ခပ်ကျဉ်းကျဉ်းဘ၀ကို

ညခင်းတစ်ခုနဲ့ ဖန်ဆင်း

ဘ၀ကိုမင်းတစ်ယောက်ပဲပိုင်တယ်

ဘာကြောင့် နင့်ကို ချစ်မိတာလဲ

မာယာကိုပဲစွဲမိလိုလား

သာယာတာကိုစွဲညိလို့လား

မေးလိုက်ပါ အခွန်းတစ်ရာ

ညွှန်းစရာတစ်ခုပဲရှိတယ်

နှလုံးသားက အသစ်လေးမို့

ကဝေပျိုမလေးရေ

နှစ်တွေကူးပြောင်းတော့မယ်

နင့်ဘ၀ကို တွယ်ကပ်နေတဲ့

ငါဝိညာဉ်ကိုလေးကတော့ ပြောင်းသွားမှာမဟုတ်ဘူးနော်

နင်အချစ်ကိုမရရင်နေပါစေ

ငါချစ်တာပဲ သိစေချင်တာပါ

ငါအမြစ်မှာပဲ ညိစေချင်ယုံပါ။

ကဝေပျိုမလေးရေ

ငါစိတ်တွေလေလွင့်လို့

မျှော်လင့်ချက်တွေပြိုကျ

ယိုကျ  စိမ့်ထွက် မျက်လုံးထက်မှာတော့

မျက်ရည်ဥတွေက တွဲခို

ရွှဲစိုအောင် ရွာချ

မိုးဖွဲလေးတွေက ပိတောက်ကိုပွင့်စေသလိုပနော်။


ကဝေပျိုမလေးရေ

ငါတို့တွေ အိုမင်း ယိုယွင်း

ဒိခံတွင်းတဖက်က မလွတ်နိုင်ဘူး

ငိုခဲ့တဲ့ ဘ၀  ပြိုခဲ့တဲ့ ခန္ဓာ

ငါတို့ကမ္ဘာမှာ နေရာအလွတ်မရှိတော့ဘူး

ချစ်ကြ မုန်းကြ ပစ်ကြ ရုံးကြ

အဆုံးကြ ပြုံးမရတာတွေနဲ့

စစ်ပွဲဆင်နေကြဦးမှာလားဟင်။


ဆက်လက်ရေးသားပါဦးမည်

admin@sawnaythwe.com
 ကဗျာကို ခံစားတတ်သူတိုင်းခံစားနိုင်သည်
တိုက်ဆိုင်သူများခွင့်လွတ်ပါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဝေပျိုမလေးသို့တမ်းခြင်း



ကဝေပျိုမလေးရေ

အကွေ့တွေထဲ အတွေ့တွေစွဲလို့

မွေ့နေခဲ့တာ

အပစ်မဲ့တဲ့သားကောင်

မှားထောင်မိသလိုပ

မကျေမနပ်နပ်နဲ့

နေတတ်အောင်နေကြည့်ပေမယ့်

မေ့မရတာခက်တယ်

ကဝေပျိုမလေးရေ

ငိုသံတွေဖြိုင်ဖြိုင်ချ

မ၀တ၀လွမ်းရတာ

အားမရ အမ်မရ

ပျံရခက်တဲ့ငှက်ငယ်လို

ပြိုနေတဲ့တောင်ကိုအသိုက်လုပ်မိတယ်

ခြေသံတွေ ရေသံတွေ

ဝိုးတ၀ါးနဲ့တိုးပွားလာတာ

နင့်ကြောင့်

ငါရူးတဲ့ အဆိပ်ပြန်နေပြီ

ကဝေပျိုမလေးရေ

ပိတောက်ကိုဆောက်တဲ့နွေနဲ့

သသြငယ်ရဲ့တွန်သံတွေဟာ

အလိုက်ဖက်ဆုံးစည်းချက်ညီ ရာသီတွေပဲ

ကဗျာတွေတည်ဆောက်

အမြီးအမောက်မတည့်တဲ့ရင်ခုန်သံဟာ

ငါ့ရင်ဘတ်ကစည်းချက်ညီသံစဉ်တွေပဲ

ညိုမဲတဲ့ကောင်းကင်မှာ

ငိုပွဲတွေဆင်ယဉ်ကျင်းပ


နွေတညရဲ့ပူလောင်မှုက
ခံစားမှုထဲ့ သဲသဲလေးပဲပါတယ်

  ¤ ..............╬►  ¤ ♪

admin@sawnaythwe.com
ကဝေပျိုမလေးသို့တမ်းခြင်း
ကဗျာရှည်ကို ဆက်လက်ရေးသားသွားမည်

စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွမ်းပါရစေ

သတိရမှုကိုထုပ်ပိုး

ငါ့အပေါ်လွမ်းမိုးထားတဲ့စိတ်

ကြိတ်လို့ဖြေ

မှိတ်လို့နေရင်တောင်

အရိပ်တွေက တဖြုတ်ဖြုတ်

ငါဘယ်ရင်ခြမ်းကိုထိတယ်

ဝေးမှလွမ်း

ဆွေးမှ ကျွမ်း

ခပ်ဆန်းဆန်းမျက်ရည်က

ငါ့ပါးပြင်ပေါ်ဗွက်ကိုထလို့

ပတ်ဝန်းကျင်က ဘယ်လောက်ပဲစိမ်းလန်းစိမ်းလန်း

ငါ့ရင်ကတော့ခြောက်သွေ့ဆဲပဲ

ငါစဉ်းစားကြည့်တယ်

ငါမင်းသားမဟုတ်ဘူး

ဒဿရဲ့ဇာတ်ကိုကနေရသလို

လိုအပ်ချက်တွေများနေတယ်

သူမကို အတိအကျသတိရမိတာ

မှန်ရဲ့လား

တန်ရဲ့လား

သံယောဇဉ်ထဲ သံသယတွေကပ်ပါလာတယ်

ဘာပဲဖြစ်ဖြစ်လေ

လွမ်းခွင့်ကြုံလို့

လွမ်းလိုက်ပါဦးမယ်
သထုံရောက်အမှတ်တရ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါပြန်လာရင်လက်ကမ်းဦးမလား



......................

နုတ်ဆက်အနမ်းတွေ

နမ်းမ၀ခင်

ခွဲခွါဖို့ကံကြမ္မာဖန်လာတယ်

မြဲစွာပဲတွဲထားပေမယ့်

တွဲလက်မှာဆွဲချက်ပါတယ်လေ

ရင်ခုန်စရာ အကြင်နာတွေက

မမြင်ကွယ်ရာမှာပိုလို့တောင်လွမ်းနေပါ့မယ်

ချစ်သူတွေမဟုတ်ပေမယ့်

တဘက်သားကို

မျက်ထားညိုတယ်ထင်မယ်

ပါးကွက်ကြားလေးနဲပိုလှတယ်နော်

ပြုံးနေလိုက်ပါ

အရှုံးတွေပိုက်ခါ အလိုက်အထိုက်

နေလိုက်ပါမယ်

ရှိုက်ခဲ့တဲငိုသံ

မိုက်ခဲ့တာတာကိုက

မှားနေခဲ့တာလား

ကဗျာသမားတစ်ယောက်မို့

ခံစားတတ်တာမဟုတ်ပါဘူးနော်

နုတ်ဆက်တယ်

ရုပ်ပျက်အောင်မလွမ်းတတ်လို့

အုတ်အုတ်ကြွက်ကြွက်လှုပ်ခတ်တဲ့လှိုင်း

ခပ်ရိုင်းရိုင်းဖြစ်နေရင်လည်း

တောင်းပန်ပါတယ်

ခွဲခွါဖို့ အလွမ်းကိုထုတ်ပိုး

ရုပ်ဆိုးတဲမျက်နှာနဲ့ လက်ပြလိုပြန်

ငါပြန်လာရင်လက်ကမ်းဦးမလား

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS