۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အလွမ်းသင့်သူရဲ့ မလွမ်းသင့်သူ



သူ မရှိတဲ့နေရာမှာ


သူမကိုသတိရတဲ့အခါ


ငါ့ရင်ဘတ်ကိုလှပ်ကြည့်တယ်


ဒဏ်ရာဗလပွ


ဘယ်ဒဏ်ရာကိုခံစားရမယ်ဆိုတာကို


ဥပေက္ခာပြုခဲ့ရတယ်


လမင်းကို ခြုံလွှာနဲ့ ဖုံးအုပ်သလို


ဟန်ဆောင် ခြင်းနဲ့ 

အသဲကွဲသူ


ရင်ခုန်ခြင်းနဲ့ ရင်ကုန်သူ


ယုံတန်းတွေ လာမပြောနဲ့တော့


ပေးဆပ်ဖူးလွန်းလို့

လွမ်စရာတွေနေရာပြည့်နေပြီ


ဆူးကြောက်ခဲ့သူတစ်ယောက် 

ဒူးထောက်ခဲ့ပေါင်းများပြီ


ငြိုငြင်    မာန်ဖွဲ့


ပစ်ခွာရက်သူအား


နာကျင်မှုအစု

ရှာဖွေပြုကြည့်တယ်


မေ့သလောက်မေ့ကြည့်တယ်


မေ့ပစ်ဖို့ကြိုးစားတိုင်း



သတိရမှုက လွှမ်းမိုးလာတယ်


ချစ်ခဲ့တာများရင်


ပစ်ထွက်ခွာသွားသူကို 



ပိုလိုလွန်ကဲ


သတိရနေတတ်တယ်


သူမရှိတဲ့နေရာမှာပဲ


သူနှုတ်ဖြားကထွက်


သူစကားလက်နက်တွေက 


ငါ့ရင်ကို ခဏခဏထိတယ် 


ဒါပေမယ့် 


အလွမ်းသင့်တတ်တဲ့ငါ


မလွမ်းသင့်တဲ့သူမကို 


ဘယ်တော့မှမလွမ်းသင့်တော့ဘူး။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

..........................အတွက်


လက်တွေကြားကမျက်ရည်တွေ


 ပြည့်နှက်ဝေဆာလို့


(--)ဒက်ကလေးရဲ့ဂုဏ်ဒြပ်


သေသေချာချာ သပ်သပ်ရပ်ရပ်

ခြေလှမ်းတိုင်း မှာ သမိုင်းရှိတယ်


သူသွားတယ်


ငါတို့လဲ သွားရမယ်


သူနားတယ် 


ငါတို့လည်းနားရမယ်

သူ့ကိုကြည့်


ငါအသိမှာ သတိတွေပါတယ်


သူပေးတယ် 


ငါတွေးတယ်


ရနံ့ကင်းတဲ့ပန်းပွင့်တွေအကြောင်း 


သန့်ရှင်းတဲ့ ပန်းပွင့်တွေအကြောင်း


သူမပြောတဲ့ စကားတွေကို


ငါတို့တွေကြားနေတယ်


တိတ်ဆိတ်သွားတဲ့ သူကြောင့်


ငါတို့ရင်တွေ ပူလောင်တယ်


သူစုဆောင်းထားတာတွေအတွက် 


ဆုတောင်းမှုတွေသာ သူရတယ်


ချန်ခဲ့သူကြောင့်  


ကျန်ခဲ့သူမှာခြောက်ကပ်မှုတွေ ဝေဆာ


မျက်ရည်မိုးတွေရွာချကြတယ်


ငါတို့အတွက် တစ်သက်ထဲက 


သူအတွက်တစ်ဖက်စာအဖြစ်သာရနိုင်မယ်


မိမိရရ သတိရရင်


ကုသလ တွေပြုကြရမယ်


အရင်က ရင်က ထိမ်းလို့ သိမ်းလို့


ကြေးစည်တချက်မှာ 

မျက်ရည်ဆက်တယ်


သံသရာအတွက်


သံဝေဂတစ်ချက်ရဖို့


အကြည့်များတွေမှာ 


သတိထားနေကြရင်း


သုံးကြိမ်အမျှ ယူလိုက်ကြလေ။




ခန္ဓာပျောက်ရှာ မရဏရွာက အသက်ဆယ့်ကိုး ဝေနွယ်စိုး အတွက်


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရသလောက် ရေးခြစ်ဖို့ အိပ်မက်ကို ရေရောထားတယ်


ရသလောက် ရေးခြစ်ဖို့ အိပ်မက်ကို ရေရောထားတယ်

 

မြွေဖမ်းတယ်ဆိုတာ ပြဿနာရှာခြင်း 

ဒီမြွေကောင်က ရေပဲသောက်တဲ့ မြွေပဲ မြေပဲ မစားဘူး

ရိုးရိုးသားသား အရိုးနဲ့ အသားအစအနလေး ရှိတယ်

ဆုံတွေ့မှု သက်ရောက်တရားဟာ ရသလောက် ရေးခြစ်ဖို့ 

ရသလောက်လေးပဲ

ဆောက်လုပ်ရေးပစ္စည်းတွေက တကယ်တော့ လူသားဘ၀အတွက် 

သိပ်အသုံးမ၀င်လှပါဘူး

လာ သွားမယ် ငရဲကို နိဗ္ဗာန်ကို ဇွဲရှိရှိ ရောက်တတ်ရာရာ

တွေး

ငေးရင်း သွေးပေါင်ကျတယ် ၀င်းဒိုးကျတယ် စိတ်ဓာတ်ကျတယ်

ကျစရာမရှိတဲ့ အဆုံး ၀ါကျတစ်ကြောင်းအရ 

ဝက်တစ်ကောင် ပြုတ်ကျသွားလို့ပဲဖြစ်ဖြစ်

ဖြစ်တာကို ခံနေရလို့ပဲ ဖြစ်ဖြစ် မြင်သမျှ တွေ့သမျှ 

ဖျစ်ဖျစ်မြည်အောင် ကြေကွဲလို့

နာကျင်ကြိုးစတွေလည်း ရသလောက်ပဲ

သားစားသတ္တ၀ါဟာ အသက်အရွယ် ကြီးပြင်းလာပါပြီ

ထိုကိစ္စကို သင့်အား ကျွန်ုပ်နှင့်အတူ သတိပေးကြေငြာအပ်ပါသည်

ထို့ကြောင့် ကျွန်ုပ်တွင် အပြစ်မရှိ ပစ်ထားခံနေရမှာလား

မှားလား

ရှေ့အချိုးအကွေ့ဟာ မီးခိုးပဲ တိမ်တိုက်ထဲ လေထဲ လေလွင့်လို့ 

တိုက်ဆောက်နေရသလို

ကျဆုံးမှုအားလုံး ရသလောက် ရေးခြစ်ဖို့ အသက်ဓာတ်ငွေ့ငွေ့လေးထဲ 

အသည်းဟာ

ချောက်ခန်းနေပါပြီ 

သဲထဲရေသွန်လိုက်သလို ချောက်ချောက်ခန်းခန်း ဖြစ်နေပါပြီ

ရေရောရင် သက်တောင့်သက်သာ ရှိတယ်လို့ သင် 

ယူဆထင်မြင်မိပါသလား

လူတစ်ယောက်အတွက် ငွေလိုတယ် ရေလိုတယ် 

ရသလောက် ရေးခြစ်နေတယ်

ဒါသံသရာ သံပုရာသီးစားရတာထက် ချဉ်ဖို့ကောင်းတယ်
 
သွားလေသူများနောက်သို့ ကျွန်တော် လွယ်လွယ်ကူကူ မလိုက်လိုပါ

ကျွန်တော်သွားလိုသော အရပ် မေတ္တာတရားတွေ မရှိ အချစ်အမုန်း 

ကင်းမဲ့ဇုန်

နွေးထွေးငြိမ်းချမ်း အေးမြစေမယ့် နေရာ တစ်နေရာ

တွေး

ရောက်ဖြစ်တဲ့ စနေဥယျာဉ်မှာ အင်တာနက်ကဖီးမှာ ရှိမလား လားလားမှ

မရှိမလား

ညည အိပ်မပျော်တဲ့အခါ ငယ်ငယ်က ကလေးဘ၀နဲ့အတူ မိသားစု

စုစုပြီးဖွဲ့ထားတဲ့ မိသားစု သတိတရတွေ သတိပေးနေတာ

တွေး

အေးစက်သလို ဟန်ဆောင်ခဲ့ပြီးမှ အသိုက်ပျက်ခဲ့ရတယ်

ပျက်ပျက်ယွင်းယွင်း ရသလောက် ရခဲ့တယ်

ဆောင်းဥတုထဲ တိုးဝင်လာတိုင်း နှင်းတွေ အရင်ကထက် ပိုကျလာတာပဲ

အဖတ်တင်တယ်

အသက်တစ်နှစ် ကြီးလာပြန်ပြီ

အိုလာ မင်းလာ ရင့်လာ ဆွေးလာတဲ့ အသက်ဓာတ်နဲ့

ခေတ်တစ်လုံး ငြင်းဆန်ရင်း ရသလောက်တော ရေးခြစ်သွားရမှာပဲ

ရူးသွားလိမ့်မယ်

ရှူး

အသံနက်ကြီးထဲ အသံက နက်လွန်းတယ် မမြင်ရဘူး

ရှေ့မှာ စာနာမှုမဲ့ နတ်ဆိုးတွေ ရှိမယ်

ကြင်နာမှုနဲ့ တွဲခေါ်မယ့် လက်တွေ ရှိမယ်

ငါ့လက်ထဲ ဘာတွေ ရှိမလဲ

လေပြင်းပြင်းတိုက်ရင် ကိုယ်ဟာ အသာလေး ၀ပ်နေရတယ်

လေနိမ့်နိမ့်ပြင်းလာတော့ ကိုယ်ဟာ ပိပြားသွားတယ် ယုံလား

ယုံလို့ မွေးလာတဲ့ ဂဏန်းတွေ ထွက်မလားဘူး

အလို သူမက နှစ်ချောင်းလည်း ကစားတတ်ပြန်တယ်

ရန်ကုန်ဟာ မွေးဖို့ မလွယ်ဘူး သေဖို့ခက်တယ်

ကုပ်/တ်အင်္ကျီ မရှိတော့ ကုပ်/တ်ကုပ်/တ်လေး နေနေရတယ်

ကုပ်/တ်စရာဟာလည်း ယားလို့မှ ယားစရာတောင် ရှာမတွေ့တော့ဘူး

ဟိုမှာ ကြည့်စမ်း ကုပ်/တ်ကုပ်/တ် ကလေးကွေးနေတဲ့

နို့မပြတ်သေးတဲ့ ခွေးပေါက်စနလေးတွေ

ဘယ်သူကိုယ်ချင်းစာမှာလဲ

ဒီနှစ်ထဲက ဒီဇင်ဘာဟာ

နောက်ဆုံးမှာ မွေးလာတဲ့ ခွေးလေခွေးလွင့် တစ်ကောင်ဖြစ်တယ်

နာနာဘာဝဟာ ခင်ဗျားတို့အတွက် ကြောက်စရာပါ

ခွေးဟောင်တိုင်း ထပြေးနေရတဲ့ ဘ၀ကို

ခွေးတစ်ကောင်ထက် လူတစ်ယောက် လူတစ်ယောက်ထက် ခွေးတစ်ကောင်

တစ်နဲ့တစ် ပေါင်းပြီး နှစ်မဖြစ်လိုက်ကြဘူး

ဗူးသီးမှ အရီးတော်ချင်တဲ့ နာနာဘာဝတွေအတွက်

ဖရုံသီးစေ ဗူးသီးစေ စေတစ်လုံးပဲ

ရင်ဘတ်မှာ သော့တန်းလန်း ချထားတယ်

သမရိုးကျ မဆန်ဘူး မျက်လှည့်မဆန်ဘူး ဒါပေမယ့် လုံးဝမယုံကြည်ရဘူး

လိပ်ပြာ သင်လိုရာသို့ သင်ပျံသန်းသွားပါတော့ သင့်အား လွတ်လပ်မှုပေးလိုက်သည်

free
 
စိတ်တွန်းအား ရသလောက်နဲ့ ကိုယ်တို့ ရေးခြစ်ခဲ့သလို

စိတ်တွန်းအား ရသလောက်နဲ့ ခင်ဗျားဖတ်ခဲ့တယ်

စိတ်တွန်းအား ရသလောက်နဲ့ တစ်စုံတစ်ရာကို ctrl + c … ctrl + v လုပ်မယ်

စိတ်တွန်းအား ရသလောက်နဲ့ like thit လုပ်မယ်

စိတ်တွန်းအား ရသလောက်နဲ့ ဘာသာစကား တစ်ခုခုနဲ့ comment ပေးမယ်

free ပဲ feel

ငါအတောင်တွေ ညောင်းလို့ ရေထဲထိုးကျသွားတယ်

လိပ်ပြာ ငါခေါ်နေတယ် လိပ်ပြာ ဟလို လိပ်ပြာ လိပ်ပြာ ကြားလား ကြားလား

ငါခေါ်နေတယ် လိပ်ပြာ လိပ်ပြာ လိပ်ပြာ ကြားလား

ကြားရင် တိုးတိုးလေး ပြန်ပြောပါ

ဟလို ဟလို ဟလို

စူဠလိပ်နဲ့ စကားပြောဖြစ်တယ်

ကျွန်တော်သင်္ဘောမှောက်သွားတာ ဘယ်ဘ၀ ရောက်နေပြီလဲ

ရသလောက် ရေးခြစ်ဖို့ အိပ်မက်ကို ရေရောထားတယ်


မှ 
ကောက်ယူမွေးဖွားသည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဗျာထက်ပိုင်းကျိုး






ဘ၀ကို  စုတ်ချက်ပြင်းပြင်းနဲ့


တောက်ပြောင်စေကြည့်တယ်


တစ်ကိုယ်စာခြောက်သွေ့မှုကို


ထွန်းယက်


  စိုက်ပျိုး 


ပေါင်းသင်လို့


ရင်ခွင်တစ်ခု အစားပြုခဲ့တယ်


စကားစုတွေကြားက စပါယ်ပွင့်တွေ


စပါယ်ပွင့်တွေကြားက ဆုံးဖြတ်ခြင်းတွေ


သံသယနဲ့  


တွေဝေ


ပွေလိမ်


စူးစူးနစ်နစ်


ကျေကျေကွဲကွဲ


လှိုက်သဲတုန်ရီ

နေ၀င်ရီတိုင်း အမှောင်ကျတယ်။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS