۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

နတ်သ္မီးရေးတဲ့ကောင်းကင်



ငါ့ကောင်းကင်ရဲ့

တိမ်ဆိုင်တွေကြား

ကြယ်စင်တွေ ဆိုက်လို့

ခပ်လှိုက်လှိုက်ရင်ကို

တိုက်ခတ်တဲ့လေညှင်းမှာ

စိတ်ကလေးတွေ ရွက်လွှင့်လို့

လွပ်လပ်

ပျော်ပါး

စော့ကစားဖို့

ကောင်းကင်တစ်စုံ

ရေးတင်လိုက်ပြီ

ခံစားချက်တူတဲ့လူ

အတူတူနေလို့ရတဲ့ကမ္ဘာ

ပျော်စရာနေရာကြီးပေါ့

အကြင်နာတွေနဲ့ရင်းပြီး

မေတ္တာဘွဲ့တမ်းခြင်း သီဆိုတဲ့ 

တီတီတာတာ မပီကလာနဲ့

ပျံသန်းနေကြတဲ့ငှက်ငယ်တွေ

အပြန်လမ်းမှာ ပန်းတွေဝေလို့ပေါ့

လေပြေဝှေ့တဲ့ တိမ်ဆိုင်လေးတွေ

ငါ့ကောင်းကင်မှာ ခ,စားတယ်

ကြယ်တွေပြောတဲ့ပုံပြင်ထဲမှာ

ငါဟာနတ်သ္မီးတစ်ပါးတဲ့

ကောင်ကင်ကြီးရဲ့ခြေရင်း

ကဗျာတွေလမ်းခင်း

ကိုယ်ရံတော် လမင်းရဲ့

ဦးခိုက်မှု့ဟာ

နတ်သ္မီးရဲ့ပျော်ရွှင်ခြင်းပဲလေ

လမင်းရဲ့အလင်းတွေ

ကောင်းကင်ပေါ်ဖြန့်ကျဲ

နတ်သ္မီးရဲ့ ဆံနွယ်ထဲ

လေပြေတွေရဲ့ပန်းရနံ့တွေသင်းလို့

ပျော်ရွှင်ခြင်း

လွပ်လပ်ခြင်း

ခင်းကျင်းထားတဲ့ကောင်းကင်ဟာ

နတ်သ္မီရေးတဲ့ကောင်းကင်ပေါ့

လမင်းတစ်စင်းရဲ့ 

ရင်ထဲကအလင်းကြောင့်

နတ်သ္မီးရဲ့ကောင်းကင်ဟာ 

သာယာပြီး

သာယာနေပါတော့တယ်။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခေါင်းစဉ်မဲ့နေပေမယ့်လေ



သို့.........  


သားတော်မောင် အတွက်

အမေစာရေးလိုက်တယ်ကွယ် အမေ့သားလေး နေကောင်းတယ်နော် 

မင်းအဖေလဲနေကောင်းပါတယ်

သားအတွက်တော့


ရေဦးပဲငပိကြော်....၂..ဗူး

မုံရွာက မင်းအဒေါ်ပြန်လာလို့ ..မြေပဲလှော်..တပြည်လောက်ထင်တယ်

သားသုံးစရာမရှိမှာစိုးလို့လေ  ငွေကတော့ အဆင်မပြေပေမယ့် 

မင်းညီမလေးကရော  ပေးလိုက်တယ်...(၂၀၀၀) ကျပ်

သားလေး လိမ္မာအောင်နေနော် ကျမ္မာရေးဂရုဆိုက်ပါ 

ငွေလိုရင်စာပါးလိုက်နော်

တော်သေးပြီ.


ပျော်ပါစေ သားကြီး.

သားချစ်တဲ့ အမေ 

ပြာသိုလ်လဆန်း(၅)ရက်(၁၃၆၂)ခု


အမေ့ရဲ့မေတ္တာတွေကတော့ ဒီထက် မက များပြားလှပါတယ်အမေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်ဝေးငှက်ရဲ့ အိမ်ပြန်ခရီး



တစ်ချိန်က 


ခိုဖြူရယ် ခိုပြာရယ်နဲ့

အမေ့ရဲ့ သားချော့တေး


ခု  သားပြန်တွေးမိတယ်  အမေရယ်။

...................

ဆန္ဒတွေနဲ့ ကျောခိုင်းထွက်


အမေ့ရဲ့ မျက်ရည်စက်တွေကိုတောင်


လှည့်မကြည့်ရက်တဲ့ ကောင်


ခုတော့


အမေ့အရိပ်တွေေ၀၀ါး


ရင်ခွင်မဲ့ သားအတွက်


အမေ့ရဲ့ မေတ္တာလမ်းမှာ


မျှော်လင့်ချက်မျက်ဝန်းတစ်စုံဖြန့်ခင်းထားတယ် 


ရင်ခွင်ဝေးအရပ်မှာ 


ကိုယ်ဇာတ်ကိုကိုယ်ခင်း

ကိုယ်ခရီးကိုကိုယ်နှင်ရတဲ့ ဘ၀မှာ


အမေ့ရဲ့ သားချော့သီချင်း 


အနည်းအကျဉ်းတော့လိုတယ်  အမေရယ်။

အခြေမဲ့  


အနေမဲ့


ဘ၀ရဲ့ အဖြေမဲ့ နေတဲ့ အချိန်မှာ


ဝေးဝေးပျံသန်းဖို့ မဆိုထား နဲ့ 


အတောင်ပံကိုတောင် 


ရဲရဲ မခတ်ဝံတဲ့ ကောင်အတွက် 


ညနေရီတွေကို ကြောက်တတ်ရင်း


အိပ်တန်းပျံခဲ့ရပြီ  အမေရယ်။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမေ့အိမ်



သားသ္မီးတို့ရဲ့ရင်ကို


လုံခြုံနွေးထွေးစေတဲ့ အရာက


အမေ့အိမ်ပါပဲ ....အမေ


အူဝဲ သံချိုမြိန်စွာ


သားချော့တေးတွေသံသာယာတွေနဲ့ 


သာယာကြည်နူးမှုအပြည့် ပေးနိုင်တာက


အမေ့အိမ်ပါပဲ  အမေ

အတောင်စုံလို့ အမေ့အိမ်ကို ခွဲခွါသွားကြပေမယ့်


အထည်းကျန်စွာ ကျန်ရစ်ခဲ့ရတဲ့ အမေ့ အိမ်က 


သားသမီးတွေအပေါ်


မေတ္တာတွေ 


ကရုဏာတွေ


မုဒိတာတွေ 


ဥပေက္ခာတွေ နဲ့


အမြဲ လက်ကမ်းကြိုဆိုနေတာက 
အမေ့အိမ်ပါပဲ   အမေ။


အကြင်နာ မေတ္တာတွေ နဲ့


ဖွဲ့သီထားတဲ့ အမေ့အိမ်


တစ်သက်တာ ခိုလှုံဖို့ စိတ်ကူးတိုင်း 


ရင်ထဲမှာကြည်နူးမိတယ်  အမေ


ကမ္ဘာတွေ ဘယ်လိုပြောင်းပြောင်း 


မဟောင်းနွမ်းတဲ့ အမေ့ရဲ့ မေတ္တာ နဲ့


ကြင်နာနွေးထွေးတဲ့ အမေ့ အိမ်
သားတစ်နေ့ တော့ ပြန်လာပါ့မယ်  အမေရယ်။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS