ကဗျာကြောင့်လား
အချစ်ကြောင့်လား
ဝေဝါးထိုစိတ်
ယိုဆိမ့်ရက်စက်
လစ်ဟာဟင်းလင်း
ရင်တွင်းစို့နစ်
ပစ်ခွင်းပစ်ခွာ
ဗလာအနာဆာ
ကမ္ဘာတည်ဆောက်
ရေသို့ပျောက်သို့
ရောက်ရပ်အရာ
အရင်အရာ
ရာထောင်သံယော
ငါ့မနောမှာ
ကျေကွဲစူးရှ
ကျဉ်းကျပ်ထပ်ဆင့်
ပြတ်သားဖို့ဝေဝါး
ဒီနေ့မှအခြားမှာ
ပျော်ရွှင်စွာသာ
နေချင်ပါရစေ
အချစ်မဲ့နေ
အသက်ရှည်မည်
ဆင်းရဲသူတို့
အတွက်စို့သည်
ယူကျုံးရင်ကား
နေသာဖြေသာ
ဝေဒနာနှင့်
သေရွာအထိ
အမုန်းမရှိပြီ
ချစ်မုန်းချုန်းမိုး
ရင်မတိုးစေ
သောကပန်းတွေ
မဝေစေသို့...။
admin@sawnaythwe.com
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment