ရက်လုပ်ခဲ့တဲ့ ရင်တစ်ပိုင်းက
ရွေ့လျားလျှက် ရွှင်ပျော်
အရင်ဖော်ကို ဟစ်ကြွေး
နှလုံးသွေးနဲ့ အရင်းတည်ကာ
စကားတစ်ရပ် တရစပ် ထပ်မယ်
"မင်္ဂလာပါ မိတ်ဆွေတို့''
ဆက်လက်လို့ပြော
စကားချောလေးတွေက
စိတ်တွေထွေပြား
ဝေး၀ါးမနေ့ပါနဲ့
စေစားတဲ့ အတိတ်
မနေမနားတဲ့ ကြိတ်မှိတ်လို့လဲ
ခံစားမနေပါနဲ့
ကာလာသုံးတန် ရဲ့ ဟန်နဲ့
တစ်ဘ၀လုံးအားမာန်ချဲ့လို့
အမှိုက်ရှိတဲ့ စရိုက်မှာ
အမိုက်အတိ ရှိစေဦး
ငါတို့ လက်ရုံးတွေကိုသုံးလို့
ဟောဒီဘ၀ ဆုံးတဲ့ အထိ
ပျော်ရွှင်ကြည်သာ
မင်္ဂလာပါလို့ နှုတ်ဆက်ရင်းဖြင့် .......။
လေးစားလျှက်
စောနေသွေး
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment