မှားတာကိုယုံ
ယုံမိတာကမှား
ယုံမှားသံသယဖြစ်တာ ဆန်းသလား။
မှန်ခြစ်မဟုတ်တာကိုမှ
မှန်ချစ်ခဲ့သူပါ
ကျန်ရစ်ဖြစ်သွားတဲ့ သူက
ကျန်စစ်သားမဟုတ်ဘူး။
အမှန်ဖြစ်သွားတဲ့
အဖြစ်မှန်တွေက
ဂန္တ၀င်ဆန်ဆန်
ရင်ကိုထိမှန်စေတာ
ပစ်ခွာ ပြေးထွက်
ရက်စက် စိမ်းကား
ယိမ်းသွားတဲ့ နင်
ရင်တစ်ခုမှာ ပျော်ပါစေနော်။
အားလုံးကိုလေးစားရင်း
ကြိုးစားပါဦးမည်
စောနေသွေး
1 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
တလောကလုံးအမှန်ပဲ
ငါ့ဘက်ကမှားတာပါ။
အချစ်မှာချစ်နေဖို့ပဲအရေးကြီးတာပါ။
Post a Comment