ကံကြမ္မာစေခိုင်းတဲ့ နာရီလက်တံတွေကြား
စိတ်ကိုအားဖြည့်လို့ အပြေးနှင်
ငါခြေဖ၀ါးအောက်
သက္ကရာဇ်တွေပြို ရာသီတွေမျိုလို့
ဖြစ်ညစ်ငိုခဲ့တဲ့ မျက်ရည်က
ပင်လယ်ရေ မျက်နှာပြင်ထက် မြင့်တယ်
ကံတစ်ကောင်း
ကောင်းတစ်ခါ
ရောင်ဝါးဝါးကို အရောင်ထင်
ယင်တစ်အုံစာ စည်ကားမှုမှာ
ငါနာမည်ကြီးတယ်
ရှေးလူကြီး တွေအပြောမှာ
ငါကိုခေါင်းစဉ်တတ်လို့
" မလောက်လေးမလောက်စား''တဲ့
ငါခြေထောက် ကို ဦးနှောက် ထည့်ပြီး
ဦးတည်ရာမဲ့ ခိုကိုးရာမဲ့ နဲ့ပ
လက်တွဲဖို့ လက်စွဲလိုနှုတ်ဆက်တိုင်း
အသက်မဲ့တဲ့ အပြုံးကို ဟန်ဆောင်လို့ဖုံး
လူလောက တစ်ခုလုံး မာယာတွေကိုသုံးသလား ?
အရှုံးများလို့ အမုန်းတရားက
ဒီနှလုံးသားမှာ ကြုံးဝါးသလား?
ပြေပြေပြစ်ပြစ် ပစ်တင်မှုနောက်က
ချောပစ်ကုန်းတိုက် တဲ့ စရိုက် တွေနဲ့ပ
.........
အသင်တို့ စက်ရုံက
ဟန်ဆောင်မယ်
ရန်ထောင်မယ်
ဒီလို သီဆိုဖို့ သံစဉ်အိုတွေပဲ မွေးသလား?
ဗုဒ္ဓရဲ့ စရိုက်ကို
ခပ်ပါးပါးလေး ၀ါးမျိုကြည့်
ချိုမြိန် အေးချမ်း
နွေးထွေးပြူငှာ
ခမ်းနားတဲ့ ခံစားမှုကို ရမယ်ဗျ
သိလို့ တတ်လို့တော့မဟုတ်ဘူးနော်
အသိကိုအသိ
အတတ်ကိုအတတ်
ခွဲခြားမှတ်ဖို့ ငါတို့ ဗုဒ္ဓနှုတ်တော်မှာ
ပရမတ္ထတရားတွေ စီလို့ သီလို့
ကျေးဇူးတင်လိုက်တာ အရှင်တော်ရယ်
ငါတို့လှမ်းဖို့ လမ်း
ငါတို့ နမ်းဖို့ပန်း
အရှင်ရဲ့ အမြိုက်လမ်းအသင်လှမ်းလိုက်စမ်းပါ
မိတ်ဆွေတို့ရေ
ငြိမ်းချမ်းတဲ့ နန်းဆောင်ထဲမှာ
ငါတို့စိတ်တွေ အရေခွံလဲလို့
အမှားကို နည်းစေ
အမှန်ကို စွဲလေပြီး
အပြေးလေးနဲ့ ဖြေးဖြေးလေးနှင်ကြမယ်နော်။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment