۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

သတိရမိပါတယ်အမေ


သတိရမိပါတယ်အမေ
_______________စောနေသွေး

အပြန်လမ်းဖြောင့်တန်းဖို့ဆိုတာ
အသပြာလိုတော့ လိုရင်းနဲ့အချိန်တွေနောက်ပြန်နေရ

လှပတဲ့ခရီးစဖို့
လှပတဲ့ တောအုပ်တခုကိုမီးရှို့ပြီး
လှပတဲ့တောင်တန်းကိုလဲဖောက်ချိုးရမှာပဲထင်ပ
လောလောလတ်လတ်တော့
အန္တရာယ်သိပ်များတဲ့ ရပ်ခြားနေရာမှာ နေထိုင်စားသောက်နေရ
အမေရေ
နောက်၄၈နာရီအလွန် ပြန်လာပါမည်
အမေချက်တဲ့ဟင်းနဲ့
သားကြိုက်တဲ့ဟင်းကတထပ်ထဲဆိုတာ အဖေလဲသိရဲ့
အေးတဲ့ရာသီမှာ
အမေချုပ်လုပ်နေတဲ့ယက္ကန်းစင်ဘေးနားမှာ ချည်တွေရှုပ်နေတာ ရှင်းခဲ့တာ အမှတ်တရပဲ အမေ
ထမင်းစချက်ခိုင်းစဉ်က ပျော့တူးမနပ်နဲ့
အမေကောင်းလားဆိုတော့ ကောင်းပသားရယ်တဲ့
အဖေနဲ့အမေရန်ဖြစ်ကြတော့
အမေကိုပိုသနားတယ်
အများနဲ့အဖေနဲ့ရန်ဖြစ်တော့
အဖေ့ကိုသနားတယ်
လာပါညီ ကျောင်းသွားကြပါစို့
အပျင်းထူတဲ့ညီမှာ
စာအားနည်းလေတော့ အားပိုစိုက်ခဲ့ရတယ်
အမှတ်တရ အမှတ်မိဆုံးက
အမေကိုတိုင်ယက်လုပ်ခဲ့တဲ့ လွယ်အိပ်လေးမှာ
ကျုပ်နာမည်နဲ့ ချမ်းသာတဲ့သူငယ်ချင်းတွေရဲ့လှောင်ပြောင်မှုကစတယ်
ကျုပ်လဲ ကျောင်းစရိပ်အတွက် ဇီးသီးကို ထန်းညက်နဲ့ကျိုပြီး
ကျောင်းဝင်းထဲ ငါးကျပ်တထုပ်နဲ့ရောင်းတာပေါ့
သတိရပါတယ်အမေ
ငါ့ခြေလက်တွေအကောင်းကြီး သားကြီးအလိုမလုပ်ရဆိုပြီး
တညနေလုံး ဆူပူရိုက်နက်ခဲ့တာ
ဒါသားအတွက်ပါတဲ့
တနေ့က အဖေ အလုပ်ကပြန်လာတော့
အဖေလက်မှုပညာအတိုင်း အထဲမှာစုလို့ရတဲ့
စုဘူးလေးတခုသစ်သားနဲ့လုပ်လာတယ်
သားအတွက် ဒါကညီလေးအတွက်တဲ့
ညီအတွက် ပိုလှတယ်ထင်မိတာ
တကယ်တော့တူတူပဲ
မနာလိုခဲ့တာပေါ့
အမေကပိုကြင်နာတယ်ထင်ပေမယ့်
အဖေလဲကြမ်းတမ်းစွာ ချစ်တယ်ဆိုတာ သိခဲ့တယ်
အမေနဲ့အဖေအတွက် ထမီနဲ့ပုဆိုးလေး
သားဝယ်ထားတယ်
မိဘဂုဏ်ကို ဦးတင်ပါတယ် အမေအဖေ
သတိရမိပါတယ် အမေ။

December 25, 2016

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Continue Reading--

Continue Reading--
______________အသင်္ခယာစောယွန်း
အတိတ်တခုရဲ့ အဆက်
ပစ္စုပ္ပန်တခုခုရဲ့ အရိပ်မှာ
အနာဂတ်တခုနဲ့ လုပ်ဆောင်ခြင်းများများ

ကြွေခဲ့ရပေါင်း
ကြေကွဲရကြောင်း
သတိတရရေးခြင်း ဖတ်ခြင်းကို
အမှတ်တရ အနာတရနဲ့ နေထိုင်ပစ်လိုက်တယ်။
လမ်းမပေါ်မှာ
လွန့်လူးနေတဲ့
လူးလားခေါက်တွန့်အမျိုးမျိုးနဲ့
မျိုးမျိုးမြက်မြက်
မျက်ရည်လွင်ပြင် စကားစမည်ပြောမိရင်း
ခိုကိုးရာ ကိုးကွယ်ရာ
တစုံ
ဖိနပ် တစ်စုံလိုမျိုးတဲ့လား
အစုံလိုက် အဆုပ်လိုက်ပွင့်ပုံပွင့်ကြောင်းများ
ဆောင်းမှာ ဘယ်ပန်း
နွေမှာ ဘယ်ပန်း
မိုးမှာ ဘယ်ပန်း
ပန်းပေါင်းများစွာတခုကို နှစ်သက်မြတ်နိုးတတ်တဲ့ခေတ်တဲ့
နားလည်စွာထဲ အိပ်မက်တွေ မကောင်းတာ
ကိုယ်တိုင်ကလွဲ၍ မည်သူမျှ
မသိနိုင်သိနိုင်သော်ငြား
အိပ်မက်မကောင်းတဲ့ နံနက်ခင်းဟာ
ကုသိုလ်ကောင်းမှုပိုလုပ်ဖြစ်ရဲ့
အားလုံး
အရာ အားလုံး ပျက်သုဉ်းသွားပါစေ
ဆက်လက် ဆက်၍_______။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တုနှိုင်းမဲ့ /မယ့်

တုနှိုင်းမဲ့ /မယ့်
_____________
မိုးလင်းရင် မြေမိုးတခုလုံး
လက်ဆယ်ခုနဲ့ တိုင် တည်ခါ
မေတ္တာ အနန္တ သင်္ချေယထိ ပွားဖြစ်သွားတာများ

ဘုရားတန်ဆောင်း အတွင်းအတွဲတွေမပါဘူး
သစ္စာတရားထက် ကိုယ်ကျင့်သိက္ခာ ပါး ပါးလေးလှီးနေသူတွေ
မိန်းမ ဆိုတိုင်း မိန်း မနေတာမဟုတ်သလို
ယောက် ကျားတိုင်း ရောက်တိုင်း ကျားဖြစ်တာမဟုတ်
နားလည်သင့်သလောက်နားလည်ပါ
ငါလဲကျားမဟုတ်သလို ကျားထဲကကျားပဲ
ကြွေလာတဲ့ ပန်းကို အမြတ်တနိုးထားတတ်မိတယ်
ခြွေဖို့တော့ စဉ်းစားမရအောင်ပါပဲ
အသုံးအနှုံးက မနက်ရေစက်ချရင် သာဓုခေါ် ပစ်လိုက်
ဒါဆို ဝဋ်ကျွတ်လိမ့်မယ်
ခုနေ ခုနေရနေရာ သိက္ခာကိုငဲ့လိုက်ပါ
ခါးသီးတဲ့ တမာကိုကြိုက်ပေမယ့် အခါးကြိုက်တာ တသီးပုဂ္ဂလပဲ
ကဗျာမရော စာမရော
နှာတောထဲကရှုံးထွက်ပါလေ
ငါဟာ ငါနဲ့ မိန်းမသမဂ္ဂဝါဒီတည်ထောင်မထားဘူး
သီးသန့်ပြောဆိုခြင်းသက်သက်ပါကဗျာစရာ။
___________
စောနေသွေး
အေပရယ် 9.2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အသက်ရှူလမ်းကြောင်းပေါ်က နေထိုင်ရာများ


အသက်ရှူလမ်းကြောင်းပေါ်က နေထိုင်ရာများ
_____________
ပန်းရနံ့သင်းသင်းလေး ခပ်ပြင်းပြင်းရှူရှိုက်လိုက်တဲ့လူငယ်တယောက်
ဖောက်ပြန်သွားတဲ့စိတ္တဇရုပ်က ပြုံးပြတယ်

ခက်ခဲသော လျှောက်လှမ်းမှုများနဲ့ ဥပမာ ဥပမေယျကို
လက်ပုတ်နှိုးလိုက်တော့
နွေဟာ အပူရှိန်ပိုပြင်းလာခဲ့တယ်
သစ္စာတရားကို လက်ပေါ်တင်ကြည့်မိပြန်တော့
ရေခဲထုတ်တခုလို အရည်တွေပျော်ကျတယ်။
။
။
ပုဒ်မ မချချင်ခဲ့ပဲ ညီမျှခြင်းများများစားစားနဲ့
လှောင်ရယ်သံတချို့နဲ့ တောအုပ်တခုကိုဖြတ်ကျော်လိုက်တော့
တောသား တအုပ်နဲ့ တောရဲ့သားကောင်တခုခုကိုစားသောက်နေကြပုံများ
မမြင်ရက် မကြည့်ရက် သိပ်သနားဖို့ကောင်းတာပဲ။
တောတခုလုံးမီးလောင်သွာ အပြီး
ငါ့အမြီးကို ငါနံ့လိုက်ပစ်လိုက်တာ
ဘေးမှာ ပြာတွေ
ပြာပြာသလဲ ခါခဲပြီး ခူးခတ်သုံးဆောင်ပြန်တော့
ရေမီးအစုံနဲ့ ဒူးတုန်နေတဲ့ ခေါင်းဆောင်တယောက်
ဘာဖြစ်ရပြန်တာလဲ
ခဗျားမှာ အမောဖောက်ရောဂါရှိလို့လား
အမောဖောက်တာ အမောက်မပါလို့ပါတဲ့
ဒီလိုနဲ့
နေမှုထိုင်မှုအပေါ် သစ္စာတခုခုနဲ့ ၀တ္တရားကျေခဲ့တယ်
မေတ္တာပေါ် တင်ထားတဲ့ ညီမျှခြင်းကို ပုဒ်မဖြစ်စေသွားခဲ့တယ်
နားမလည်တဲ့ လေပြည်လေးတွေကို
လေပြင်းနဲ့ မုန်တိုင်း တခု စေလွှတ်ပစ်လိုက်တယ်
ဒါဟာ ခိုင်မြဲခြင်းနဲ့ ခင်တွယ်ခြင်းရဲ့ ရလာဒ်တခုခုပဲ
ဘုန်းကြီးကိုအရေခြုံပြော
ကျောင်းဆရာ ဆရာမကို ဖြူစိမ်းကောင်ပြော
စစ်သားကို အစိမ်းရောင်ပြော
အလုပ်သမားကို အခိုင်းအစေပြော
နာကျင်စရာစကားများများပြောတတ်သူကို ပုဒ်မချပစ်လိုက်လို့ သူငယ်ချင်းကိုလက်တို့ခဲ့တယ်။
အက္ခရာတွေဖြန့်ကျက်ပျံသန်းပါစေ
ညီမျှခြင်းပဲကောင်းပါတယ်
ပုဒ်မ မချမိပါစေနဲ့ ။


စောနေသွေး

MAY 7.2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS