۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

စိတ္တဇ စေတနာ

စိတ္တဇ စေတနာ
___________
ခပ်ထွားထွား ဝေဒနာကြောင့်
ခြောက်သွေ့ရင်မှာ
အလွမ်းပင်တွေ အလေ့ကျတယ်
သတိရတိုင်း တိုက်ဆိုင်တယ်
တိုက်ဆိုင်တိုင်းလဲ သတိရတယ်
ကွဲကြေစေတာဖြစ်ဖြစ်
ကြေကွဲစေတာဖြစ်ဖြစ်
စနစ်တကျ လွမ်းတတ်တာက
ငါရယ်လေ
လိုအပ် ဖြည့်ဆည်း ပြည့်စုံစေခဲ့လို့
အလိုအလျှောက် ခွဲသွားတာလား
မမေးရက်သော်လည်း
မမေ့ရက်ဘူးလေ
သတိတရ တမ်းတရင်
လျှောက်ခဲ့ လှမ်းခဲ့
တံခါးတစ်ချပ် လှပ်ထားတယ်ဒီရင်
မင်းပြောတဲ့စကား
ငါနှလုံးသားကြားနေလို့
သိပ်ချစ်တယ်ဆို
အတူလျှောက်ဖူးတဲ့ လမ်း
အတူကောက်ဖူးတဲ့ ပန်း
အတူသောက်ဖူးတဲ့ စမ်း
အခုတော့
ငါ့ကို ခြောက်လှန့်တဲ့
အိမ်မက် ကဝေပျိုတွေဖြစ်လို့လေ
ဝတ်ရည်ကြိုက်တဲ့ ပျားကို
အလွဲ သုံးစားသွားတယ်။
ပြန်လာမယ်ဆို ပြန်ခဲ့
လွမ်းလိုက် မေ့လိုက်
မေ့လိုက် လွမ်းလိုက်
စိတ္တဇည စိတ္တဇနေ့တွေ
အရူးအမိုက်ကို
ဦးခိုက်ပေါင်းများပြီ
ဝေဒနာထဲက စေတနာလေး
ဆုအဖြစ်တောင်းမယ်
မင်းအတွက် ငါလွမ်းမယ်
မင်းအတွက် ငါ နမ်းမယ်
မင်းဘ၀ အနေတော်ရင်
ငါသေပျော်ပါပြီ ချစ်သူရယ်။


_စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝေါဟာရ ရဲ့ သင်္ကေတ

ဝေါဟာရ ရဲ့ သင်္ကေတ
________________
အေးအတူ ပူအမျှ
ခံစားမှုထပ်တူ
တူညီမှုတွေနဲ့ လက်တွဲ
နှလုံးသားမှာ အစဉ်စွဲ
ပြောပြစရာရှိတာ ပြောပြ
သောကစရာရှိတာ သောက
ကူညီ ဖေးမ ထွေးပိုက်
စရိုက်ကတော့
အလိုက်ထိုက်ပေါ့ သူငယ်ချင်း ။
နှလုံးသွေးဖြင့် ဂဟေဆက်
အမုန်းတွေးတွေ အပြင်ထွက်
ချိုသာ ကြင်နာ ပျော်ရွှင်
အောင်ပွဲဆင်ဖူးတဲ့ အပြုံး
ငါတို့ အားလုံး ပိုင်တယ် သူငယ်ချင်း။
ကျရှုံးတိုင်း မငိုနဲ့
အောင်မြင်တိုင်း မပျော်နဲ့
လောကဓံကို ကျောခံလို့ တု
အဘဗုဒ္ဓ ထုတ်ပြတာတဲ့ တရား
အနှစ်တစ်ခုတွင် နစ်လို့ဝင်စေ သူငယ်ချင်း။
ပီသလွန်းတဲ့ လူ့စရိုက်
ချစ်လိုက် မုန်းလိုက်
မုန်းလိုက် ချစ်လိုက်
အမိုက်တိုက်နဲ့ ပျော်မွေ့
အော် အကွေ့ဆိုတာ ဒါပါလား
သတိကို ကတိနဲ့ စပ်
ဘ၀ကိုအပ်ထားပါ သူငယ်ချင်း ။
အချိန်ရရင် ချိန်ဆကြည့်
မှိန်ပြပြ ဖြစ်တဲ့ နေမင်း
မကွယ်မခြင်း အသက်သွင်းကြမယ်
နိုးထလိုက်ပါ
တန်ဖိုးများပါတယ်
အားပြည့်တဲ့ စကားနဲ့ရော
အားပေးမယ့်လူသားပါ
သူငယ်ချင်းဆိုတဲ့ဝေါဟာရ
ကမ္ဘာတည်သမျှ
ပီသနေကြမယ်နော်။

                   စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဗျာကကွက်

ကဗျာကကွက်
xxxxxxxxx
ကဗျာ
ရင်ဘတ်ကိုဖွင့်ပြီး
အရာအားလုံးကိုသွန်ချပြတာ

ကဗျာ
ထင်ဟတ်နေတာတွေနဲ့
ကျေနပ်နေတတ်တာ

ကဗျာ
အရှုံးရယ်
အမုန်းရယ်
အပြုံးရယ်
ကုန်ဆုံးကွယ်ပြောက်စေတာ

ကဗျာ
ကွယ်ဝှက်ထားတဲ့ကိုးကွယ်မှုလေးတွေနဲ့
ယုံကြည် အားကိုးကြည့်ကြတာ

ကဗျာ

လောကတစ်ခုလုံးမှာ
သာယာစေတာ
လူသားအားလုံးကို စာနာစေတာ
အတူစားသုံးစေဖို့
မျှဝေပေးတာ
ကဗျာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

PA OH

ပအိုဝ်း
.........
မျိုးနွယ်စုရဲ့စရိုက်
လိုက်ဖက်ဖေါ်ရွေ
အညာမြေနဲ့ကွာခြား
အညာသားကျတော်တို့အတွက်

ရက်ရက်ရောရော
ပေါများလွန်းနေတဲ့ သုဝဏ္ဏဘူမိ
ပျော်ရာမှာနေ တော်ရာမှာမနေပါ
သထုံမှာပအိုဝ်း
တိုင်းရင်းကိုစိုးလို့
ကရင်နဲ့မွန် ဟိုးအလွန်မှာလဲရှိလေ၏

ချစ်စရာ စရိုက်ကလေးတွေ
အတုယူစရာ အကြိုက်လေးတွေ
ဆွဲမက်ဖွယ် ငပိရည်ရယ်က
အားအင်နဲ့ကျန်းမာခြင်းကိုထောက်ပြုတယ်မလား

ပအိုဝ်းလမျိုးတို့ရဲ့မူ
ပအိုဝ်လူမျိုးတိုရဲ့အယူ
ရာစုနှစ်တိုင်း ပြန့်ပြောစေတယ်

ဘာသာသာသနာ သူတို့ရင်မှာလွှမ်း
အနာဂတ်မှာ ပန်းများပွင့်စေသော်ဝ်၏။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS