۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

⇦♬ရင်ခုန်မိတဲ့ဆည်းဆာ♬⇨




⇦♬ရင်ခုန်မိတဲ့ဆည်းဆာ♬⇨

♥⇨ဒီစာမျက်နှာပေါ်ကငါ့ကဗျာ
ဆေးသားပျယ် စွန့်အလို့
ဆွဲထုတ်မိ စွဲလမ်းစတွေက
ဆည်းဆာအချို့ကို
ငိုယိုစေတယ်

♥⇨အတိတ်ရဲ့ခြောက်လှန့်ရိပ်
ပြေးလမ်းကြုံ ပစ္စုပ္ပန်ဘုံမှာ
ခြောက်သွေ့
ကြွေကျ
မြေခနေတဲ့ အနာဂတ်တွေနဲ့
တွဲလက်မကူ
တူလက်မတွဲ
မရဲတရဲ စွဲလမ်းခြင်းတွေကြောင့်
ဆည်းဆာအချို့ဆို
ငိုယိုမိတယ်

♥⇨အတိတ်ကိုသိပ်ပြီး
မပွင့်သေးတဲ့ပန်းရနံ့နဲ့
ညစဉ်အိမ်မက်ဖို့
ဆည်းဆာအချို့ကို
ပြုံးကြည့်မိတယ်

♥⇨ရဲရဲခေါ်
လက်တွဲဖေါ်ဆိုတဲ့အသိနဲ့
နေဝင်ရီတွေပိုလွမ်းမယ်

⇧sawnaythwe⇩

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်အားရှိစေ

 
 
 
အင်အားရှိစေ
☸☸☸☸☸☸☸

✡ အတွင်းနဲ့ အပြင် ပြင်ဆင်လို့

✡ ဝန်းကျင်းကို သတိထား

✡ တောက်တစ်ချက်မှ မခေါက်နဲ့

✡ ဖနှောင့်တစ်ချက်မှ မဆောင့်နဲ့

✡ အေးဆေးနေလို့တော့မရဘူးနော်

✡ ခါးသီးတဲ့သတင်းနဲ့

✡ နားငြီးနေလို့လဲမပြီးဘူးလေ

✡ ဒါ ငါတို့ မြေ

✡ ဒါငါတို့ရေ

✡ အရာအားလုံး အင်နဲ့အားနဲ့

✡ အရာအားလုံးစည်းလုံးဖို့တော့လိုနေပြီ

✡ ဘာသာနဲ သာသနာ

✡ ခွဲခြားခြင်းထက်

✡ ခွဲခြမ်းခြင်းတွေက အရမ်းရင်နာဖို့ကောင်းနေတယ်


✡ မဆိုင်သလိုနေ

✡ မဆိုင်သလိုကျင့်

✡ အမျိုးမကောင်းတဲ့ ဘူးခါးဆေ့တွေရေ


✡ ဒင်းတို့ အဆင်းစိုစိုတွေ

✡ ရင်းလို့ဖြုတ်ပစ်ချင်တယ်

✡ ပြောရင်းနဲ့ ဒေါသထွက်

✡ အောချလောက်တဲ့ ပြကွက်တွေများ

✡ အစီစဉ်များချလုပ်နေရော့သလား

✡ အသင်တို့ရဲ့အင်အားနဲ့

✡ သခင်အနားနေပြီ ဘုရင်လုပ်ချင်နေသလား

✡ ဘာသာကိုစော်ကား

✡ လူမျိုးကိုစော်ကား

✡ မော်ကြွားစရာလူအလည်မှာ

✡ ဘာတွေက ဂုဏ်ရနေလို့လဲ

✡ သူအရိပ်နဲ့ သူစိတ်ကို မသိလို့မဟုတ်ဘူး

✡ အတိတ်တွေမေ့ပြီး အဆိပ်တွေပေးမှာလဲသိခဲ့တယ်

✡ ငါတို့တွေ

✡ ငါတို့တတွေ

✡ တွေဝေနေကြမှာလား

✡ ဆွေသဟာတို့ရေ

✡ ရေနဲ့မြေ

✡ မြေနဲ့ရေ

✡ အတူနေဆိုပေမယ့် အမူတွေကမလှဘူးဟေ့

✡ ချဆိုချ

✡ ထဆိုထ

✡ ငါတို့ ဘဝဆိုတာ

✡ ငါတို့ လူမျိုး

✡ ငါတို့ ဘာသာ

✡ ငါတို့သာသနာနဲ့ထုဆစ်ထားတယ်

✡ အားအင်သုံးပြီး

✡ အင်အားထည့်

✡ ငါတို့ အားလုံးအတွက်

✡ ငါတို့ စားသုံးရမယ်

✍ စောနေသွေး ✍

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိမ်မက်တွေကြွေတဲ့ည



အိမ်မက်တွေကြွေတဲ့ည

.........
အိပ်စက်နေခဲ့

အိပ်မက်တွေနဲ့

အတိတ်ကို ရှက်နေတဲ့ လကို

ညအထာတွနဲ့ ချည်နှောင်

အပြာရောင် တိမ်ဆိုင်လေးတွေ ကာရံလို့

လေညှင်းချောလေးတွေထဲ စီးမျောလို့

တိတ်ဆိတ်နေတဲ့ အိပ်မက်မြေမှာ

နှင်းဆီရောင် နုတ်ခမ်းပါးလေးနဲ့

နှလုံးပွက်စေတဲ့ အပြုံးလေးရယ်

"အရမ်းချစ်တယ်" လို့ တိုးတိုးလေးပဲပြောနိုင်တောတယ်



ရမ်း

ချစ်

တယ်

အိမ်မက်တွေခြွေတဲ့ အိပ်မက်ရှင်ရယ်

အိပ်မက်တွေ ကြွေခဲ့ပါပကောလားကွယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

✍ အက္ခရာဧည့်ခန်း ✍




✍ အက္ခရာဧည့်ခန်း ✍

❋❋❋❋❋❋❋❋❋❋❋❋


ကြင်နာမှုအချို့ ထည့်ထားတဲ့


ကြုတ်တစ်လုံးနဲ့

ကြေကွဲဖွယ် ကြယ်ကြွေညအချို့


ကျုပ်ရင်ဘတ်ထဲမှာ


ခင်းကျင်းထားပေါ့........




အင်အားမဲ့နေတဲ့ အက္ခရာတွေအတွက်


နှလုံးသွေး အစက်စက် ယိုစေ


မျက်ရည်ပျိုတွေနဲ့ ရောစပ်လို့


ပန်းချီကားတစ်ချပ် ဆွဲထားတယ်......



မဆန်းမပြား ခံစားမှုတစ်ခု


တခမ်းတနား ပြုစုလို့


အမည်မထင် အရာမရောက်


ပတ်ဝန်းကျင် စောက်ရှောက်မှုအောက်မှာ


ငါ့ကဗျာတွေက


ဆေးရောင်မှိန်တယ်.....



အက္ခရာစိုးတဲ့ ဧည့်ခန်းမှာ


ခပ်ရိုးရိုး ကဗျာအသိုးတွေက


မြိုက်လောင် မှောင်မိုက်လို့


ဝါသနာနဲ့ ဝေဒနာ


ဒီနေရာမှာ မျို့စေ့ချ


ဆောင်းတွေ စောင်းလို့


နွေတွေရွေ့


ရာသီတွေ ဘယ်လိုခွေ့ခွေ့


ငါ့ ဧည့်ခန်းက အက္ခရာလေးတွေက


ဆက်လက်ခြွေချရင်း..........
....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS