۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

အိမ်မက်တွေကြွေတဲ့ည



အိမ်မက်တွေကြွေတဲ့ည

.........
အိပ်စက်နေခဲ့

အိပ်မက်တွေနဲ့

အတိတ်ကို ရှက်နေတဲ့ လကို

ညအထာတွနဲ့ ချည်နှောင်

အပြာရောင် တိမ်ဆိုင်လေးတွေ ကာရံလို့

လေညှင်းချောလေးတွေထဲ စီးမျောလို့

တိတ်ဆိတ်နေတဲ့ အိပ်မက်မြေမှာ

နှင်းဆီရောင် နုတ်ခမ်းပါးလေးနဲ့

နှလုံးပွက်စေတဲ့ အပြုံးလေးရယ်

"အရမ်းချစ်တယ်" လို့ တိုးတိုးလေးပဲပြောနိုင်တောတယ်



ရမ်း

ချစ်

တယ်

အိမ်မက်တွေခြွေတဲ့ အိပ်မက်ရှင်ရယ်

အိပ်မက်တွေ ကြွေခဲ့ပါပကောလားကွယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

✍ အက္ခရာဧည့်ခန်း ✍




✍ အက္ခရာဧည့်ခန်း ✍

❋❋❋❋❋❋❋❋❋❋❋❋


ကြင်နာမှုအချို့ ထည့်ထားတဲ့


ကြုတ်တစ်လုံးနဲ့

ကြေကွဲဖွယ် ကြယ်ကြွေညအချို့


ကျုပ်ရင်ဘတ်ထဲမှာ


ခင်းကျင်းထားပေါ့........




အင်အားမဲ့နေတဲ့ အက္ခရာတွေအတွက်


နှလုံးသွေး အစက်စက် ယိုစေ


မျက်ရည်ပျိုတွေနဲ့ ရောစပ်လို့


ပန်းချီကားတစ်ချပ် ဆွဲထားတယ်......



မဆန်းမပြား ခံစားမှုတစ်ခု


တခမ်းတနား ပြုစုလို့


အမည်မထင် အရာမရောက်


ပတ်ဝန်းကျင် စောက်ရှောက်မှုအောက်မှာ


ငါ့ကဗျာတွေက


ဆေးရောင်မှိန်တယ်.....



အက္ခရာစိုးတဲ့ ဧည့်ခန်းမှာ


ခပ်ရိုးရိုး ကဗျာအသိုးတွေက


မြိုက်လောင် မှောင်မိုက်လို့


ဝါသနာနဲ့ ဝေဒနာ


ဒီနေရာမှာ မျို့စေ့ချ


ဆောင်းတွေ စောင်းလို့


နွေတွေရွေ့


ရာသီတွေ ဘယ်လိုခွေ့ခွေ့


ငါ့ ဧည့်ခန်းက အက္ခရာလေးတွေက


ဆက်လက်ခြွေချရင်း..........
....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါ့ရဲ့နတ်သမီး

 
 
ငါ့ရဲ့နတ်သမီး
.................

ငါ့ကိုမယုရင်

ငါ့ပုံပြင်တွေ နားမထောင်ပါနဲ့

ငါဟာ ပျော်ပျော်နေတတ်တယ်

ငါနဲ့ပတ်သက်လာရင်

ငါပတ်ဝန်းကျင်ကိုလဲ ပတ်သက်ရမယ်

ငါအားနာနာနဲ့

အာနာမပေးချင်ဘူး

ဒိလိုနွေမှာ

ဒီလိုနေတွေပူလောင်မယ်ဆိုတာလဲသိတယ်

ဒီလိုလေတွေလဲအေးမယ်ဆိုတာသိတယ်

ငါရွေးတဲ့လမ်းက

ကြမ်းချင်ကြမ်းမယ်

စမ်းတွေလဲရှိမယ်


ဘရမ်းပတာနဲ့ အကွတ်မဲ့နေတဲ့ဘဝကို

ပေးအပ်ခဲ့တာဆိုတာတော့ ယုံလိုက်

မယုံကြည်မှုကို မယုံနဲ့

ယုံစားခြင်းက ပိုမှားမယ်လေ


တစ်သက်စာ နောင်တကို မပေးဖြစ်သလို

တစ်သက်စာ ပျော်ရွှင်မှုနဲ့ စိးစင်းနေခဲ့တယ်

ငါ

နင်

ငါနဲ့နင်နဲ့ နင်နဲ့ငါနဲ့

အနာဂတ်တစ်ခုလုံးကို ပိုင်စိုးချင်တယ်

အလှပဆုံးကောင်းကောင်မာ

အလှပဆုံးသော

အတောက်ပဆုံးသော

အပျော်ရွှင်ဆုံးသော

တောတစ်ခုပဲဖြစ်ဖြစ်

ငါတို့ဖန်ဆင်းကြမယ်နော်

ချစ်ရတဲ့

ချစ်တယ်ပြောတဲ့

မောင့်နတ်သမိးလေးရယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူလိမ်



လူလိမ်
........

ငါဟာ

ငါ့ကိုယ့်ငါကလွဲပြိး

အရာအားလုံးကို


လိမ်ချင်လိမ်မယ်


ငါ့ခံစားချက်ကိုတော့

ဘယ်တော့မှမလိမ်ဘူး


..

သူတပါးရဲ့ခံစားချက်ကို

ငါရင်ဘတ်ထဲသိုထည့်

အနေခက်နေတောင်

အနေမခက်ပါဘူးလို့

အဖြေခက်တဲ့မေးခွန်းတွေမေးပါ

ဒဏ်ရာတွေ ပြည့်နက်နေတောင်

နင့်အတွက်အဖြေထွက်လာစေမှာပါ

ကျေနပ်စေမယ့် ရလာဒ်တစ်ခုပေါ့။


လူလိမ်တဲ့

တလူလူလွင့်နေတဲ့သူတွေနဲ့ ရောတယ်

အပူစွင့်နေတဲ့သူတွေနဲ့ရောတယ်

ရောသောကောသော

ခပ်နှောနှောနေခဲ့တဲ့

အရေပါး အရာပေးခြင်းကိုလဲခံစားမိပါရဲ့

ရယ်စရာ နဲ့ ရော်စရာ

ပျော်စရာနဲ့ ခေါ်စရာ

အားလုံးပိုင်းလို့ ပိုင်စိုး

အများအမြင်မှာ အမြင်ဆိုးတယ်

လူလိမ်တဲ့

ငါဟာ

ငါ့ကိုယ့်ငါကလွဲပြိး

အရာအားလုံးကို


လိမ်ချင်လိမ်မယ်


ငါ့ခံစားချက်ကိုတော့

ဘယ်တော့မှမလိမ်ဘူးဆိုတာတော့ နားလည်ပေးပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS