۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

{___လွမ်းစွန့်ခြင်း___}


{___လွမ်းစွန့်ခြင်း___}
  ............

မဖုရား
 
ဘဝတစ်ပါးကိုရောက်စေတဲ့စိတ်တွေနဲ့

 
မုန်းတီးနာကျင်ခြင်းရက်တွေ

 
နောက်ကမ္ဘာကမ္ဘေထိယူမသွားပါနဲ့

 
တူမျှခြင်းသီအိုရီကို လမ်းလွှဲ

 
တစ်ပါးသူရင်ခွင်ထဲမှနေ၍

 
အဆိပ်သုတ်အနမ်းနဲ့

 
အဆိတ်သုတ်လက်ကိုကမ်းခဲ့လို့

 
စွဲလမ်းခြင်း ဒဏ်ရာများ

 
ရာစုသစ်သားခွန်အားမဲ့စေတယ်

 

မဖုရား

 
ပြိုင်ဆိုင်ခြင်းမှာ ကံမွဲသူ

 
ကြင်နာခြင်းမှာညဏ်မွဲသူ

 
အတူတူလူတောင်မှ

 
အူတူတူအ-နေသူပါ

 
အ-မှန်းမသိအောင် 

 
အ-ချင်ယောင်ဆောင်ပေမဟ့်

 
အားကုန်ရေးချတတ်တဲ့

 
အက္ခရာတွေရှိတယ်။


 
မဖုရား

 
လေးစားခြင်းနဲ့ စိုက်ထူ

 
ခင်တွယ်ခြင်းနဲ့ ချည်တုတ်

 
နားလည်မှုနဲ့ချုပ်လုပ်

 
ငါဝတ်ရုံခဲ့တဲ့ချပ်တံဆာဟာ

 
အပြာရောင်ညရဲ့ လရောင်ကြောင့်ပါ

 

မဖုရား

 
မနေ့ကနင်ပြောတဲ့စကားက

 
နှလုံးသားကိုထုတ်ခြင်းပေါက်

 
အစွန်းရောက်လိမ်လည်ခြင်းတဲ့

 
ငါ့ကိုနမ်းတဲ့ နှုတ်ခမ်းက

 
အခုမှအဆိပ်တက်တယ်

 
ရင်နာစရာပဲ

 
နင်သေပြီ

 
နင်သေသွားပြီမဖုရား

 
လမ်းခွဲလိုနာတာမဟုတ်ဘူး

 
လမ်ခွဲကြောင်းကိုကနာကျင်စရာပါ

 
အထာသိ အညှာထိ ဘာမသိတဲ့ငါ့လိုကောင်ကို

 
ဘာကြည့်ချစ်တာလဲပေါ့

 
* အချစ်ဆိုတာအကြောင်းပြချက်မရှိဘူး ငစောရယ်*တဲ့

 
အခုတော့

 
မူကြိုလွန်ငါ့ကို

 
BSC PHISဒါတွေမေးမရလို့တဲ့

 
အဖြေကရှင်းလွန်းတယ်

 
ဆရာဆန်လွန်းတယ် ဆရာမရယ်

 
တစ်ခုတော့ပြောမဟ်

 
ကလေးတစ်ယောက်ရဲ့အမှတ်သားက

 
ဘဝတွေခြားနေရင်တောင်

 
သဲချေမှာ အမြဲနေတတ်တယ်နော်

 
ဝတ္တရားအရ ဝဋ်လည်ရင်တောင်

 
ရောင်မအော်နဲ့ ငါ့နာမည်ကို

 
နင့်အလုပ်နဲ့ နင်ရုပ်

 
လုပ်ဇာတ်တွေခင်းပြီး

 
ပျော်ရွှင်စရာအဖြစ်

 
အပြာရောင် ပြာတွေဆုံတွေ့ပါစေ



......
ဘယ်သူကိုမှ ရည်၍ရေးခြင်းမဟုတ်ပါ တိုက်ဆိုင်လျှင်ခွင့်လွတ်ပါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

PAGE-13


PAGE-13

....
ဟိတ်

ငါအပြုံးတွေကို

မာယာသုံးပြီး စားသုံး


စာမျက်နှာ ၁၃ မှာ

ငါဘဝလုံးဆုံးက စမယ်


နင် 

ဟုတ်တယ် နင်ပဲ

အရင်ထဲက ရင်ထဲမရှိပါပဲလျှက်ကွာ


အပုတ်အစပ်နဲ့

လုပ်ဇာတ်တွေခင်းခဲ့တာမလား

အတ္တကြီးတယ် ဟတ်လား

ပါးစပ်ဖြားက ခပ်ပါးပါးလေးပြောတာလေ

ဘာကြောင့်လဲဟာ


ဘယ်တုန်းကမှ

ဘာဖြစ်ဖြစ်မှ

မဆိုတဲ့နင်ကို

ဝတ်ကျေတန်းကျေအဖြစ်နဲ့

မချစ်ခဲ့ဘူး

ဝဋ်လည်တာလိုပြောရအောင်လဲ

ဒါမျိုးငါမလုပ်ခဲ့ဖူးဘူး

ဒါပေမယ့်

အထာတွေထည့်ကျွေးတဲ့

အဆာတွေနဲ့

ဘာတွေအတွက်မှမလုပ်ပါတော့နဲ့ကွာ

မှာခြွေခဲ့ပါရစေ မ ရေ

စာမျက်နှာ ၁၃ နဲ့

ငါမမုန်းပါပဲ

အပြုံးလေးနဲ့သာ

မ ဘဝဆောင့်ကြည်နေမယ်=

ငစော

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြုံသုံး






နှစ်သက်ခံနှစ်သစ်

အနှစ်မဲ့တဲ့နှစ်

အရင်နှစ်

ဘုရင်မဖြစ်ခဲ့ပေမယ့်

ရင်ပြင်လောင်ခဲ့တယ်


ဟိတ် မချစ်တတ်တဲ့လောကကြီးဟာ 

မ ချစ်တတ်တဲ့သူတွေကြည်မဟုတ်ဘူးဗျ

ကျေနပ်စွာကျေကွဲပါရစေ

ပျော်ရွှင်မျက်ရည်တွေနဲ့

ကြင်နာမှု ရမက်ရှည်တွေက

အနာဂတ်ကိုလောင်ကျွမ်း

ရောင်ရမ်းရင်တောင်

ရက်စက်လှပါတယ်

ရက်ရက်စက်စက်လဲ လှပါတယ်


ဒါအရံအလွမ်းတွေပါ

ခြေမွခဲ့ ခြစ်ခြုတ်ခဲ့

ကျေမွခဲ့ ခြွေချခဲ့

လွမ်းခြင်းတွေနဲ့

ကြုံသုံးလုပ်

အပလီလာ အာပလာများ

စိုက်ထူမိ နှလုံးသားများမှာ

ဘာတွေကျန်ရစ်ခဲ့လဲ


ကြွေယောင်ဆောင်

ကျောက်ဆောင်ငယ်

မာနတွေ ညို့တင်

မာယာကို မျက်လှည်လုပ်

မစာနာခြင်းနဲ့ရက်လုပ်တဲ့မြှားနဲ့ 

ပစ်စလက်ခတ်ပစ်ခွင်းတယ်


ကျေနပ်ပြီလား ကျေကွဲစေချင်တာဆို

ကြည်ပါဦး

ကြုံသုံးခံ ကြွက်တစ်ကောင်

ကြောင်တောင်တောင်နဲ့

ကြောင်တွေနဲ့ ကျိမ်ဆဲ

ကျိမ်စာထဲ ကျွတ်ကြ

ကျားတစ်ကောင်ရဲ့ကြင်နာမှုနဲ့

ခြေတောက်ကျိုးသမင်ငယ်ဘဝ

ကြုံသုံး

ကြုံသုံး

နောက်တစ်ခါ ထပ်မကြုံချင်ဘူးဗျာ

စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အက္ခရာခွင်းတဲ့ ရင်ဘတ်



အက္ခရာခွင်းတဲ့ ရင်ဘတ်
...............

ပျော်ရွှင်မှုအတွက် ငါတို့ ဘာတွေရင်းခဲ့လဲ

ကျော်ထင်မှုအတွက် ငါတို့ ဘာတွေရင်းခဲ့လဲ


ပြောပြဖို့ ကျောချဖို့ 

အောခြခံခဲ့ရတယ်ဆိုတာ ငါရလာဒ်လား 


တပိုင်တနိုင်နဲ့ အနိုင်ပိုင်းခံခဲ့ရ

ချစ် ဖျက်  မုန်း ဖြတ်

အဆုံးသတ်တွေမလှပတာကိုနှစ်သက်နေတတ်သူ


ဝေးလွင့်အောင် အဝေးလွှင့်တယ်

ရင်ဘတ်ကို အရင်သတ်ပါလား


မကျေနပ်မှုတွေရဲ့ 

စတွေးစက်တွေက 

တွေးချက်မပါပဲ ထွေးရက်တယ်ကွာ


တကယ် အစက ညတွေမသိဘူး

အလှတွေမသိဘူး 

အရမ်းခံရခက်တယ်ဗျ


ကဗျာတွေနဲ့ မိတ်ဖွဲ့ခြင်းက 

အက္ခရာတွေသာများလာတယ်

ရင်ဘတ်ကိုမသက်သာစေဘူးဗျ


ဘာကိုဆိုလိုတာလဲ

ဘာကိုလိုချင်တာလဲ

ဘာမှမဟုတ်ဘူး လို့ မှတ်လိုက်ပါ


အရင်လို မလိုအပ်တော့တဲ့နင်

အရင်လိုခင်မင်ရင်တောင် 

ငါကျေနပ်မိမှာပါ


ကဗျာ 

ပုံရိပ်

အတိတ်

အားလုံးတိတ်ဆိတ်သွားရင်

ငစောတစ်ယောက်လဲ 

လဲပြိုသွားပြီပေါ့ ....


စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS