۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

ရင်တွင်းစကားနဲ့ ရင်ဘတ်တခုခု

ရင်တွင်းစကားနဲ့ ရင်ဘတ်တခုခု
_______________
၀၁။
-

-
-
၀၂။
-
-
-
၀၃။
ကဏ္ဍတွေနဲ့ ပိတ်လှောင်ထားတဲ့ နေရာများများမှာ
သူမကိုချစ်တဲ့အကြောင်း မပြောဖြစ်ခဲ့ပါ။
-
၀၄။
ခဏခဏခွဲခွါဖြစ်သွားတဲ့ကံကြမ္မာမှာ
လက်ညှိုးထိုးမိတဲ့ ဒဏ်ရာဒဏ်ချက် ပြည့်နက်လို့။
-
၀၅။
ခါးသီးစွာ လမ်းခွဲတာမဟုတ်တောင်
နားညီးအောင်ပြောသွားတတ်တဲ့ ဖြေရှင်းချက်များက
သူမနဲ့ လမ်းဆုံးစေသည့်ရာဝယ်။
-
၀၆။
သူမ
တူမျှတဲ့ ညီမျှခြင်းကိုကိုင်ဆောင်ခဲ့တာပါတဲ့
သူမ
မြူမျှလေးတောင်မဝေးချင်သူပါတဲ့
သူမ
အတူတကွ ဘုရားမှာ သစ္စာဆို
မေတ္တာကိုမလိုရာထိ ပို့သခဲ့တာပါပဲ။
-
၀၇။
သူမရဲ့ဘေးမှာ အခြံရံလေးက
တခစ်ခစ်ရယ်တတ်နေပြီလို့ ဖုန်းဆက်တယ်
ဝဲသွားတယ် ကျသွားတယ်
တကယ်တော့အခုမဟုတ်သလို အရင်လိုလဲမဟုတ်ပေမယ့်
တခုခုတော့ မျက်ရည် မြစ်တွေကျိုးပေါက်ကုန်တယ်။
-
၀၈။
နံနက်တခုလုံးသာယာစွာပဲ
နေ့ညတခုလုံး သာယာစွာပဲ
-
၀၉။
အတိတ်တွေကို ခဏခဏ တိတ်ကပ်ထားတယ်
အရိပ်အမြတ်တခုခုနဲ့ နေကြပါစို့
ကံကိုရိုးမယ်မဖွဲ့ပါပဲ ခင်မင်စွာ မိသားစုနှစ်ခု ပျော်ရွှင်စွာ။
_________________
စောနေသွေး
may18.2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment