۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

စပ်မိစပ်ရာ

စပ်မိစပ်ရာ
_________
ယုယစွာထဲ
ပြုသမျှနုထားတဲ့စိတ်မှာ
နုန်းထား ၁၈၀%

အဝေးက
အတေွးကျကျတွေသောက်ပစ်လိုက်တာ
အလွမ်းက ၁၆၀%
စိတ်ထဲခံစားမှုတစုံတခုက
နှုန်းထား ၁၀၀%
လက်ကိုကွေးကြည့်မိ
လက်ကိုဆနိ့ကြည့်မိ
ငါများသေနေပြီလားပေါ့
တခါတခါ မသိမသိသေထားကြည့်တာ
မရဏာနုဿ တိ အလွန်ထိ
ပြေးသွားတဲ့စိတ်တွေ ဖမ်းထားကြည့်တယ်
ဝေးသွားမယ့်အိပ်မက်တွေရော ရောပြီးတော့
မူထားတဲ့ အပေါ်ယံ ရုပ်ပကာသနထဲ
ပြုံးဖို့စိတ်ကိုခေါ်တယ်
ရုံးဖို့စိတ်ကိုခေါ်တယ်
ဖတ်မိ စပ်မိတဲ့အကြောင်းတစုံတရာများကို
ပတ်ဝန်းကျင်နဲ့ဆက်စပ်ကြည့်တယ်
အနေအထားအသင့်ဖြစ်ပြီဆိုတာနဲ့
ပြုံးပြတယ် မာန လောဘ ဒေါသ မောဟ နည်းနည်းတော့ပါမယ်
ခင်မင်ခြင်းအကြောင်းအရာမှာ
လဘက်ရည်တခွက်တော့တိုက်ဗျာ
ဆေးလိပ်တစ်လိပ်တော့တိုက်ဗျာ
စကားမစပ်
ခုဘာတွေပြောနေကြပါလိမ့်
ဆက်ရအောင်
ဆက်ပေးဗျာ
ကျုပ်တို့အလှည့်ပြီးသလောက်ပဲ
ကျန်တာ ကျန်သူ့အပိုင်းပဲ။

စောနေသွေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment