۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

နှင်းဆီ ဝတ်ရည်

နှင်းဆီ ဝတ်ရည်
__________
နှင်းဆီတွေငိုတဲ့ညက
မိုးမသဲ ခဲ့ပါဘူးကွယ်။

စပစ်ဝိုင်တွေသောက်ခဲ့တာ
လွန်ခဲ့တဲ့ ရက်သတ္တပတ်ကမဟုတ်ပါဘူးကွယ်။

သနပ်ခါးတွေခပ်ကျဲကျဲလေး
ပါးပေါ် ပုံချခဲ့တာဟာ
လွန်ခဲ့သောငါးနှစ်ခန့်ကထင်ပါရဲ့
အတိတ်ကအတိတ်ပေါ့နော်
တိတ်ဆိတ်သွားတဲ့ည
မှေးမှိန်သွားတဲ့အလင်းနဲ့
နံနက်ခင်းတွေဖန်ဆင်းဖို့
ရိုးသားခြင်းတွေ စားသုံးခဲ့ကြတယ်။

စံပယ်အော်သံထဲ သစ္စာတွေထည့်စိုက်ပျိုးခဲ့တာ
ပင်မသန် မပွင့်လန်းလေခြင်းက
တခန်းရပ်ပြဇာတ်ကို ဇာတ်နာစေသည်လား။

ခွဲခွါတာ အသဲနာလို့/မှ မဟုတ်တာ
ကွဲကွာနေခြင်းက အချိန်ကိုကု/စားသွားကြတယ်။

စောနေသွေး
june12-2017 11:44 pm

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment