۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

သတိရမိပါတယ်အမေ


သတိရမိပါတယ်အမေ
_______________စောနေသွေး

အပြန်လမ်းဖြောင့်တန်းဖို့ဆိုတာ
အသပြာလိုတော့ လိုရင်းနဲ့အချိန်တွေနောက်ပြန်နေရ

လှပတဲ့ခရီးစဖို့
လှပတဲ့ တောအုပ်တခုကိုမီးရှို့ပြီး
လှပတဲ့တောင်တန်းကိုလဲဖောက်ချိုးရမှာပဲထင်ပ
လောလောလတ်လတ်တော့
အန္တရာယ်သိပ်များတဲ့ ရပ်ခြားနေရာမှာ နေထိုင်စားသောက်နေရ
အမေရေ
နောက်၄၈နာရီအလွန် ပြန်လာပါမည်
အမေချက်တဲ့ဟင်းနဲ့
သားကြိုက်တဲ့ဟင်းကတထပ်ထဲဆိုတာ အဖေလဲသိရဲ့
အေးတဲ့ရာသီမှာ
အမေချုပ်လုပ်နေတဲ့ယက္ကန်းစင်ဘေးနားမှာ ချည်တွေရှုပ်နေတာ ရှင်းခဲ့တာ အမှတ်တရပဲ အမေ
ထမင်းစချက်ခိုင်းစဉ်က ပျော့တူးမနပ်နဲ့
အမေကောင်းလားဆိုတော့ ကောင်းပသားရယ်တဲ့
အဖေနဲ့အမေရန်ဖြစ်ကြတော့
အမေကိုပိုသနားတယ်
အများနဲ့အဖေနဲ့ရန်ဖြစ်တော့
အဖေ့ကိုသနားတယ်
လာပါညီ ကျောင်းသွားကြပါစို့
အပျင်းထူတဲ့ညီမှာ
စာအားနည်းလေတော့ အားပိုစိုက်ခဲ့ရတယ်
အမှတ်တရ အမှတ်မိဆုံးက
အမေကိုတိုင်ယက်လုပ်ခဲ့တဲ့ လွယ်အိပ်လေးမှာ
ကျုပ်နာမည်နဲ့ ချမ်းသာတဲ့သူငယ်ချင်းတွေရဲ့လှောင်ပြောင်မှုကစတယ်
ကျုပ်လဲ ကျောင်းစရိပ်အတွက် ဇီးသီးကို ထန်းညက်နဲ့ကျိုပြီး
ကျောင်းဝင်းထဲ ငါးကျပ်တထုပ်နဲ့ရောင်းတာပေါ့
သတိရပါတယ်အမေ
ငါ့ခြေလက်တွေအကောင်းကြီး သားကြီးအလိုမလုပ်ရဆိုပြီး
တညနေလုံး ဆူပူရိုက်နက်ခဲ့တာ
ဒါသားအတွက်ပါတဲ့
တနေ့က အဖေ အလုပ်ကပြန်လာတော့
အဖေလက်မှုပညာအတိုင်း အထဲမှာစုလို့ရတဲ့
စုဘူးလေးတခုသစ်သားနဲ့လုပ်လာတယ်
သားအတွက် ဒါကညီလေးအတွက်တဲ့
ညီအတွက် ပိုလှတယ်ထင်မိတာ
တကယ်တော့တူတူပဲ
မနာလိုခဲ့တာပေါ့
အမေကပိုကြင်နာတယ်ထင်ပေမယ့်
အဖေလဲကြမ်းတမ်းစွာ ချစ်တယ်ဆိုတာ သိခဲ့တယ်
အမေနဲ့အဖေအတွက် ထမီနဲ့ပုဆိုးလေး
သားဝယ်ထားတယ်
မိဘဂုဏ်ကို ဦးတင်ပါတယ် အမေအဖေ
သတိရမိပါတယ် အမေ။

December 25, 2016

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment